China
တရုတ်နိုင်ငံ၏ မီးရထားကုန်စည်ပို့ဆောင်မှု ပထမနှစ်ဝက်အတွင်း တည်ငြိမ်သောတိုးတက်မှုရှိ

ပေကျင်း၊ ဇူလိုင် ၂၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ မီးရထားကုန်စည်ပို့ဆောင်မှုပမာဏသည် ၂၀၂၅ ခုနှစ် ပထမနှစ်ဝက်အတွင်း တည်ငြိမ်သောတိုးတက်မှု ရှိခဲ့ကြောင်းနှင့် ကုန်စည်ပို့ဆောင်ရေးကွန်ရက် လည်ပတ်မှု ပိုမိုထိရောက်လာပြီး ဝန်ဆောင်မှုများလည်း ပိုမိုကောင်းမွန်လာကြောင်း အမျိုးသား မီးရထားလုပ်ငန်းက ဇူလိုင် ၂၀ ရက်တွင် ပြောကြားခဲ့သည်။
နိုင်ငံ၏ အမျိုးသား မီးရထားစနစ်သည် အဆိုပါကာလအတွင်း စုစုပေါင်း ကုန်စည်တန်ချိန် ၁.၉၈ ဘီလီယံ သယ်ယူပို့ဆောင်ပေးခဲ့ပြီး ယမန်နှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက ၃ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း China State Railway Group Co., Ltd. ၏ ထုတ်ပြန်ချက်အရ သိရသည်။ နေ့စဉ်ပျမ်းမျှ ကုန်တင်တွဲ တင်ဆောင်မှုအရေအတွက်မှာ ၁၈၂,၄၀၀ အတွဲ ရှိခဲ့ပြီး ယခင်နှစ် အလားတူကာလထက် ၄ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။
ဘက်စုံပေါင်းစပ်ထားသော မီးရထားကွန်ရက်ကို အပြည့်အဝ အသုံးပြုခဲ့ပြီး ထောက်ပံ့ပို့ဆောင်ရေး စွမ်းဆောင်ရည်၊ ထိရောက်မှုနှင့် ဝန်ဆောင်မှုအရည်အသွေးများကို မြှင့်တင်ရန်အတွက် မီးရထားကုန်စည်ပို့ဆောင်ရေးတွင် ဈေးကွက်ကို ဦးတည်သော ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်ခဲ့ကြောင်း ယင်းကုမ္ပဏီက ပြောကြားခဲ့သည်။
ကုန်စည်ပို့ဆောင်မှုအနေဖြင့် ဇန်နဝါရီလမှ ဇွန်လအထိ ကာလအတွင်း ကျောက်မီးသွေး သယ်ယူပို့ဆောင်မှုမှာ စုစုပေါင်း တန်ချိန် ၁.၀၂ ဘီလီယံ ရှိခဲ့ပြီး သတ္တုထုတ်ကုန်ဆိုင်ရာ ကုန်ပစ္စည်းနှင့် သီးနှံကုန်စည်များ သယ်ယူပို့ဆောင်မှု ပမာဏမှာ ၈.၆ ရာခိုင်နှုန်းနှင့် ၉.၈ ရာခိုင်နှုန်း အသီးသီး မြင့်တက်ခဲ့သည်။
နိုင်ငံတကာ ကုန်စည်ပို့ဆောင်မှုမှာလည်း တည်ငြိမ်သော စွမ်းဆောင်ရည်ကို ပြသခဲ့သည်။ ဗဟိုအာရှ ကုန်တင်ရထားဝန်ဆောင်မှုတွင် ရထား ၇,၃၄၉ စင်း ပြေးဆွဲခဲ့ပြီး ယခင်နှစ် အလားတူကာလထက် ၂၅ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။ တရုတ်-လာအို မီးရထားခရီးစဉ်သည် နိုင်ငံဖြတ်ကျော် ကုန်စည်တန်ချိန် ၃.၀၃ သန်းနီးပါး သယ်ယူပို့ဆောင်ပေးခဲ့ပြီး ၉ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း သိရသည်။ (Xinhua)
———————–
(English Version)
China’s railway freight volume reports stable growth in H1
BEIJING, July 20 (Xinhua) — China’s railway freight volume reported stable growth in the first half of 2025, with more efficient network operation and improved services, the national railway operator said Sunday.
The national railway system transported a total of 1.98 billion tonnes of cargo in the period, marking a year-on-year increase of 3 percent, according to China State Railway Group Co., Ltd. The daily average number of loaded freight cars reached 182,400, up 4 percent from the same period last year.
The company said it made full use of the integrated rail network and pushed forward market-oriented reforms in railway freight transport to boost logistics capacity, efficiency and service quality.
During the January-June period, coal transport totaled 1.02 billion tonnes, and the freight volume for metallurgical goods and grain rose 8.6 percent and 9.8 percent, respectively.
International freight also posted stable performance. The Central Asia freight train service operated 7,349 trains, a 25 percent increase from a year ago. The China-Laos Railway transported nearly 3.03 million tonnes of cross-border cargo, up 9 percent.
English Caption
This photo taken on July 28, 2023 shows the first direct China-Central Asia freight train from Dulaying international land-sea logistics port in Guiyang, southwest China’s Guizhou Province. (Xinhua/Yang Wenbin)