Connect with us

China

တရုတ်နိုင်ငံ ကျေးလက်လမ်းကွန်ရက် အရှည်မှာ ၂၀၂၄ ခုနှစ်အကုန်တွင် ကီလိုမီတာ ၄.၆၄ သန်းအထိ ရောက်ရှိ

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း၊ နင်းရှဟွေ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကူးယွမ်မြို့၊ ဖွန်ယန်းခရိုင်ရှိ လယ်ကွင်းများနှင့် ကျေးရွာများကို ဆက်သွယ်ထားသည့် ကျေးလက်လမ်းများကို ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၂၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ စုစုပေါင်း ကျေးလက်လမ်းကွန်ရက် အရှည်သည် ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းတွင် ကီလိုမီတာ ၄.၆၄ သန်းအထိ ရောက်ရှိခဲ့ကြောင်း သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာန ဝန်ကြီး လျိုဝေက ဇူလိုင် ၂၁ ရက်တွင် ပြောကြားခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံ၏ ၁၄ ကြိမ်မြောက် ငါးနှစ်စီမံကိန်းကာလ (၂၀၂၁-၂၀၂၅) အတွင်း နိုင်ငံ၏ သယ်ယူပို့ဆောင်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင်မြင်မှုများကို မီးမောင်းထိုးပြသသည့် သတင်းစာရှင်းလင်းပွဲတွင် လျိုက အဆိုပါ အချက်အလက်ကို တင်ပြခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့်နှစ်အကုန်အထိ နိုင်ငံတစ်ဝန်းရှိ အုပ်ချုပ်မှု ကျေးရွာပေါင်း ၅၀၀,၀၀၀ ကျော်တွင် လမ်းများ ဖောက်လုပ်ထားပြီးဖြစ်ကြောင်း လျိုက ပြောကြားခဲ့သည်။
၂၀၂၄ ခုနှစ်အကုန်အထိ တစ်နိုင်ငံလုံးရှိ ကျေးလက်လမ်းများ၏ ၉၄.၈ ရာခိုင်နှုန်းသည် အရည်အသွေး ကောင်းမွန်သော သို့မဟုတ် အသင့်အတင့် အရည်အသွေးရှိသော လမ်းများအဖြစ် သတ်မှတ်ခံထားရကြောင်း ၎င်းဝန်ကြီးက ပြောကြားခဲ့သည်။
ကျေးလက်လမ်း ဖွံ့ဖြိုးတိုးတက်မှုသည် မြို့ပြနှင့် ကျေးလက်ဒေသများအကြား လူ၊ ကုန်စည်နှင့် သတင်းအချက်အလက် စီးဆင်းမှုကို ထိရောက်စွာ လွယ်ကူချောမွေ့စေခဲ့ကြောင်း ၎င်းဝန်ကြီးက မှတ်ချက်ပြုခဲ့သည်။ ထို့အပြင် ကျေးလက်လမ်း ဖွံ့ဖြိုးတိုးတက်မှုသည် နေထိုင်ရန်နှင့် စီးပွားရေးလုပ်ရန် သင့်လျော်သော ကျေးလက်ပတ်ဝန်းကျင် ဖန်တီးရာတွင် သိသာထင်ရှားသော ပံ့ပိုးမှုများလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျေးလက်လမ်းများသည် ဒေသတွင်း စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုသည့်အပြင် လမ်းပြုပြင်ထိန်းသိမ်းရေးကဲ့သို့သော အလုပ်အကိုင် အခွင့်အလမ်းသစ်များကိုလည်း ဖန်တီးပေးခဲ့ပြီး ဒေသခံပြည်သူများ အနေဖြင့် ၎င်းတို့၏နေအိမ်နှင့် နီးစပ်ရာတွင် အလုပ်အကိုင်ရှာဖွေကာ ဝင်ငွေတိုးမြှင့်နိုင်ခဲ့ကြောင်း လျိုက ထပ်လောင်းပြောကြားခဲ့သည်။
ရှေ့ဆက်လက်မည့် အစီအစဉ်အဖြစ် သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနသည် ကျေးလက်လမ်း ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်သစ်ကို စတင်မည်ဖြစ်ပြီး တရုတ်နိုင်ငံ၏ ကျေးလက်လမ်းကွန်ရက်၏ အရည်အသွေး၊ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ဝန်ဆောင်မှုများကို စဉ်ဆက်မပြတ် မြှင့်တင်သွားမည်ဖြစ်ကြောင်း လျိုက ပြောကြားခဲ့သည်။ (Xinhua)
————————-
(English Version)
China’s rural road length reaches 4.64 million km by 2024

BEIJING, July 21 (Xinhua) — China’s total rural road length reached 4.64 million km by the end of 2024, according to Minister of Transport Liu Wei on Monday.
Liu presented the data at a press conference showcasing the country’s achievements in transport development during the 14th Five-Year Plan period (2021-2025).
By the end of last year, more than 500,000 administrative villages across the country had access to paved roads, according to Liu.
Among all rural roads nationwide, 94.8 percent of them were classified as good or medium quality as of the end of 2024, the minister said.
The minister noted that rural road development has effectively facilitated the flow of people, goods and information between urban and rural areas. Additionally, it has made significant contributions to fostering a livable and business-friendly rural environment.
In addition to helping local industries thrive, rural roads have also generated new job opportunities such as road maintenance, which allow local residents to find jobs and increase their income while being close to home, Liu added.
Looking ahead, Liu said the transport ministry will launch a new round of rural road development, vowing to continuously improve the quality, safety and services of China’s rural road network.

English Caption
An aerial drone photo taken on July 25, 2024 shows rural roads connecting fields and villages in Pengyang County, Guyuan City, northwest China’s Ningxia Hui Autonomous Region. (Xinhua/Feng Kaihua)