Latin America
တရုတ်နိုင်ငံ၏ တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်မှုက ဘရာဇီးနိုင်ငံနှင့် ကမ္ဘာကြီးအတွက် အခွင့်အလမ်းများ ဖန်တီးပေးဟု ဘရာဇီး ကျွမ်းကျင်ပညာရှင် ဆို

ရီယိုဒီဂျနေးရိုး၊ ဇူလိုင် ၂၁ ရက် (ဆင်ဟွာ)
ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး မရေမရာရှိနေစဉ် တရုတ်နိုင်ငံအနေဖြင့် အလွန်ကြီးမားသော ဈေးကွက်အဖြစ်လည်းကောင်း၊ ကမ္ဘာလုံးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု၏ အဓိကအရင်းအမြစ် အဖြစ်လည်းကောင်း ဆက်လက်တည်ရှိနေကာ တရုတ်နိုင်ငံ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုက ဘရာဇီးနှင့် အခြားနိုင်ငံများအတွက် ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းများကို ဖန်တီးပေးလျက်ရှိသည်ဟု ဘရာဇီး ကျွမ်းကျင်ပညာရှင်တစ်ဦးက ပြောကြားခဲ့သည်။
အမေရိကန်က ပထဝီနိုင်ငံရေး တင်းမာမှုများ အရှိန်မြင့်တက်လာအောင် ဆက်လက်လုပ်ဆောင်နေကာ စီးပွားရေးအရ တစ်ဖက်သတ် ဖိအားပေးမှုများ လုပ်ဆောင်နေခြင်းကြောင့် ကမ္ဘာလုံးဆိုင်ရာ စက်မှုလုပ်ငန်းနှင့် ထောက်ပံ့ရေးကွင်းဆက်များအပေါ် ထိခိုက်မှုများ ဖြစ်စေသော်လည်း တရုတ်နိုင်ငံ၏ တည်ငြိမ်သော စီးပွားရေးဆိုင်ရာ စွမ်းဆောင်မှုက ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု တည်ငြိမ်ရေးအတွက် မှီခိုအားထားစရာ ဖြစ်သည်ဟု မကြာမီက ဆင်ဟွာသတင်းဌာနနှင့် အင်တာဗျူးတစ်ခု၌ ဆော်ပေါ်လိုပြည်နယ် တက္ကသိုလ် နိုင်ငံရေးနှင့် စီးပွားရေး ပါမောက္ခဖြစ်သူ မားကို့စ် ပီရက်စ်က ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် ဘရာဇီး အပါအဝင် ကမ္ဘာ့တောင်ဘက်ခြမ်း နိုင်ငံများအတွက် အခွင့်အလမ်းများကိုလည်း ဖန်တီးပေးခဲ့သည်ဟု ၎င်းက အလေးအနက်ပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် ဘရာဇီးနိုင်ငံ၏ ထိပ်တန်း ကုန်သွယ်ဖက်နိုင်ငံအဖြစ် နှစ်ပေါင်းများစွာ တောက်လျှောက် ရပ်တည်လာခဲ့သည်။ တရုတ်နိုင်ငံမှာ ၂၀၂၄ ခုနှစ်က ဘရာဇီးနိုင်ငံ၏ အဓိက ပို့ကုန်တင်ပို့ရာ နေရာအဖြစ် ရပ်တည်နေဆဲဖြစ်ကာ စုစုပေါင်း ပို့ကုန်ပမာဏ၏ ၂၈ ရာခိုင်နှုန်းရှိကြောင်း ဘရာဇီး ဖွံ့ဖြိုးတိုးတက်ရေး၊ စက်မှုလုပ်ငန်း၊ ကုန်သွယ်ရေးနှင့် ဝန်ဆောင်မှုဝန်ကြီးဌာန၏ အဆိုအရ သိရသည်။
တရုတ်နိုင်ငံ၏ အဆင့်ဆင့် တိုးတက်ပြောင်းလဲလာသော စားသုံးမှုပုံစံများနှင့် မြန်ဆန်သည့် အစိမ်းရောင် အသွင်ကူးပြောင်းမှုတို့က စားသောက်ကုန် ထုတ်လုပ်ရေးလုပ်ငန်း၊ ပြန်ပြည့်ဖြိုးမြဲစွမ်းအင်နှင့် ဒစ်ဂျစ်တယ် ဝန်ဆောင်မှု စသည်တို့တွင် ဘရာဇီး စီးပွားရေးလုပ်ငန်းများအတွက် အခွင့်အလမ်းသစ်များကို ဖန်တီးပေးနေသည်ဟု ၎င်းပါမောက္ခက ဆိုသည်။
“အထူးအရည်အသွေးကောင်းမွန်တဲ့ ကော်ဖီ၊ ဒေသထွက်သီးနှံနဲ့ ဒေသထွက် စားသောက်ကုန်တွေလို အရည်အသွေးမြင့်မားပြီး ပြိုင်ဘက်ကင်းတဲ့ ဘရာဇီးထွက်ကုန်တွေဟာ တရုတ်နိုင်ငံဈေးကွက်ထဲမှာ တဖြည်းဖြည်း နေရာအခိုင်အမာ ရရှိနေပါပြီ” ဟု ၎င်းက ပြောကြားခဲ့သည်။
ထို့အတူ တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုက ငွေပေးချေမှုများ တည်တည်ငြိမ်ငြိမ်ရှိရေးကို ဟန်ချက်ထိန်းညှိပေးခြင်း၊ နိုင်ငံတကာ အရန်ငွေကြေးများကို မြင့်မားသော ပမာဏ၌ ထိန်းထားခြင်းတို့အတွက် အထောက်အကူပြုကြောင်း၊ ဘရာဇီးနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် ခိုင်မာအားကောင်းသော ကုန်သွယ်မှုကြောင့် ၂၀၀၈ ခုနှစ် ကမ္ဘာ့ဘဏ္ဍာရေး အကျပ်အတည်း၏ ရိုက်ခတ်မှုဒဏ်မှ သိသိသာသာ လွတ်မြောက်ခဲ့ကြောင်း ပီရက်စ်က ဆိုသည်။
ဘရာဇီးအနေဖြင့် ကမ္ဘာလုံးဆိုင်ရာ စက်မှုကွင်းဆက်များနှင့် ပိုမိုကောင်းမွန်ထိရောက်စွာ ပေါင်းစည်းနိုင်ရေး၊ သန့်စင်စွမ်းအင်၊ လျှပ်စစ်သုံးယာဉ်၊ လစ်သီယမ်ဘက်ထရီ ထုတ်လုပ်ရေးလုပ်ငန်းများတွင် အကျိုးတူစီမံကိန်းများ အဆင့်မြှင့်တင်ရေးအတွက် တရုတ်နိုင်ငံနှင့် တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်သင့်သည်ဟု ယုံကြည်ကြောင်း နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု အနာဂတ် အလားအလာနှင့် စပ်လျဉ်း၍ ပီရက်စ်က ပြောကြားခဲ့သည်။
ဘရာဇီး အပါအဝင် ကမ္ဘာ့တောင်ဘက်ခြမ်း နိုင်ငံများနှင့် တရုတ်နိုင်ငံအကြား စီးပွားရေးဆိုင်ရာ ဆက်ဆံရေးမှာ ပိုမိုနီးနီးကပ်ကပ် ရှိလာသည်ဟု ပီရက်စ်က အလေးထားပြောကြားခဲ့သည်။ “တည်တည်ငြိမ်ငြိမ်ရှိတဲ့ တရုတ်နိုင်ငံရဲ့ စီးပွားရေးဟာ ကမ္ဘာ့ဈေးကွက်တွေအတွက် အရေးတကြီး လိုအပ်နေတဲ့ ယုံကြည်မှုတွေကို ဖြည့်တင်းပေးပြီး အလုံးစုံ သာယာဝပြောရေးကိုလည်း အထောက်အကူပြုပါတယ်” ဟု ၎င်းက ဆိုသည်။ (Xinhua)
………………….
(English Version)
China’s steady growth creates opportunities for Brazil, world, says Brazilian expert
RIO DE JANEIRO, July 21 (Xinhua) — China remains a massive market and a key global source of investment amid global economic uncertainties, and its sustained growth is creating development opportunities for Brazil and beyond, a Brazilian expert has said.
In a recent interview with Xinhua, Marcos Pires, a professor of Political Economy at Sao Paulo State University, said that while the United States has continued to fuel geopolitical tensions and impose unilateral economic pressures — disrupting global industrial and supply chains — China’s steady economic performance has served as an “anchor of stability” for global development.
China has also created opportunities for countries of the Global South, including Brazil, he noted. China has been Brazil’s top trading partner for several consecutive years. According to Brazil’s Ministry of Development, Industry, Trade and Services, China remains Brazil’s main export destination in 2024, accounting for 28 percent of total exports.
The professor said China’s evolving consumption patterns and rapid green transition are creating new opportunities for Brazilian industries such as food processing, renewable energy and digital services.
“Some high-quality, uniquely Brazilian products, such as specialty coffee, native fruits and regional food products, are gradually gaining a foothold in the Chinese market,” he noted.
Trade with China helps Brazil maintain balance of payments stability and sustain a high level of international reserves, Pires said, adding that Brazil was relatively unaffected by the 2008 global financial crisis largely because of the strength of its trade with China.
On the future direction of bilateral cooperation, Pires believes Brazil should actively work with China to better integrate into global industrial chains and to advance joint projects in clean energy, electric mobility and lithium battery industries. He also called for accelerating mechanisms such as local currency settlement and digital connectivity.
Pires emphasized that China’s economic ties with Brazil and the Global South are growing increasingly close. “A stable Chinese economy injects much-needed confidence into global markets and supports overall prosperity,” he said.
English Caption
Visitors learn about Brazilian coffee at the third China International Consumer Products Expo (CICPE) in Haikou, capital city of south China’s Hainan Province, on April 14, 2023. (Xinhua/Yang Guanyu)