Connect with us

China

တရုတ်နိုင်ငံတွင် ၂၀၂၅ ခုနှစ် ပထမနှစ်ဝက်၌ မြို့ပြ အလုပ်အကိုင်အသစ်ပေါင်း ၆.၉၅ သန်း တိုးလာပြီး နှစ်စဉ်ပန်းတိုင်၏ ၅၈ ရာခိုင်နှုန်းကို ပြည့်မီ

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ်၊ ကျင်းဟွာမြို့၌ ကောလိပ်ကျောင်းဆင်းများအတွက် ပြုလုပ်သော အလုပ်အကိုင်ပြပွဲတစ်ခုတွင် အလုပ်အကိုင်ရှာဖွေသူများအား ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံက ၂၀၂၅ ခုနှစ် ပထမနှစ်ဝက်အတွင်း မြို့ပြ အလုပ်အကိုင်အသစ် စုစုပေါင်း ၆.၉၅ သန်း ဖန်တီးပေးနိုင်ခဲ့ပြီး နှစ်စဉ်ပန်းတိုင်၏ ၅၈ ရာခိုင်နှုန်းကို ပြည့်မီခဲ့ကြောင်း တရားဝင်အချက်အလက်များက ဇူလိုင် ၂၂ ရက်တွင် ဖော်ပြခဲ့သည်။
ဇွန်လတွင် ကောက်ယူထားသော စစ်တမ်းအရ မြို့ပြ အလုပ်လက်မဲ့နှုန်းသည် ၅ ရာခိုင်နှုန်း ရှိခဲ့ပြီး ယမန်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ပြောင်းလဲမှုမရှိကြောင်း တရုတ်နိုင်ငံ လူ့စွမ်းအားအရင်းအမြစ်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ထွေဖန်ချိန်က သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် ၂၀၂၅ ခုနှစ် မြို့ပြ အလုပ်လက်မဲ့နှုန်းကို ၅.၅ ရာခိုင်နှုန်း ဝန်းကျင်ရှိမည်ဟု သတ်မှတ်ထားပြီး မြို့ပြ အလုပ်အကိုင်အသစ်ပေါင်း ၁၂ သန်းကျော် ဖန်တီးသွားရန် ရည်မှန်းထားကြောင်း သိရသည်။ (Xinhua)
—————–
(English Version)
China adds 6.95 mln new urban jobs in H1, achieving 58 pct of annual target
BEIJING, July 22 (Xinhua) — China created a total of 6.95 million new urban jobs in the first half of 2025, achieving 58 percent of its annual target, official data showed on Tuesday.
In June, the surveyed urban unemployment rate stood at 5 percent, remaining flat compared with one year earlier, Cui Pengcheng, spokesperson of the Ministry of Human Resources and Social Security, told a press conference.
The country has set a target for a surveyed urban unemployment rate of around 5.5 percent in 2025 and aims to create over 12 million new urban jobs.
English Caption
Job seekers inquire about job opportunities at a job fair for college graduates in Jinhua City, east China’s Zhejiang Province, July 21, 2023. (Photo by Shi Kuanbing/Xinhua)