China
အီးယူအနေဖြင့် တရုတ်စီးပွားရေးလုပ်ငန်းများ၏ တရားဝင် အကျိုးစီးပွားများကို ထိခိုက်အောင် လုပ်ဆောင်ခြင်းအား ရပ်တန့်ရန် တရုတ်နိုင်ငံ တိုက်တွန်း

ပေကျင်း၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ)
ဥရောပသမဂ္ဂ (အီးယူ) အနေဖြင့် မှန်ကန်သော အကြောင်းရင်းမရှိဘဲ တရုတ်စီးပွားရေးလုပ်ငန်းများ၏ တရားဝင် အကျိုးစီးပွားများကို ထိခိုက်အောင် လုပ်ဆောင်ခြင်းအား ရပ်တန့်ရန် တရုတ်နိုင်ငံက ဇူလိုင် ၂၁ ရက်၌ တိုက်တွန်းခဲ့ပြီး ယင်းတို့၏ တရားဝင် အခွင့်အရေးများနှင့် အကျိုးစီးပွားများကို ကာကွယ်ရန် လိုအပ်သော အစီအမံများကို လုပ်ဆောင်သွားမည်ဟုလည်း ပြောကြားခဲ့သည်။
တရုတ်စီးပွားရေးလုပ်ငန်းများ၊ ဘဏ်များနှင့် အကျုံးဝင်သော ရုရှားနိုင်ငံအပေါ် အီးယူ၏ လတ်တလော ဒဏ်ခတ်အရေးယူမှုများနှင့် စပ်လျဉ်း၍ မည်သို့မှတ်ချက်ပေးလိုသနည်းဟု ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ မေးမြန်းရာတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကောကျားခွန်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
“နိုင်ငံတကာဥပဒေတွေကို အခြေခံခြင်းမရှိသလို ကုလသမဂ္ဂ လုံခြုံရေးကောင်စီကလည်း ခွင့်ပြုထားခြင်းမရှိတဲ့ တစ်ဖက်သတ် ဒဏ်ခတ်ပိတ်ဆို့မှုတွေကို တရုတ်နိုင်ငံအနေနဲ့ အစဉ်တစိုက် ဆန့်ကျင်ကန့်ကွက်ကြောင်း အလေးအနက်ပြောကြားလိုပါတယ်” ဟု ကောက ဆိုသည်။
ယူကရိန်း အကျပ်အတည်းနှင့် စပ်လျဉ်း၍ ပြောကြားရာတွင် ကောက တရုတ်နိုင်ငံအနေဖြင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို အထောက်အကူပေးရန် ကတိကဝတ်ပြုကြောင်း၊ ပဋိပက္ခဖြစ်ပွားနေသည့် ဘက်များအား လူသေဆုံးစေနိုင်သော လက်နက်များကို ဘယ်သောအခါမှ ထောက်ပံ့ခဲ့ခြင်းမရှိကြောင်း၊ အရပ်ဘက်-စစ်ဘက် နှစ်မျိုးသုံး ပစ္စည်းကိရိယာများ တင်ပို့မှုအပေါ် တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့မှ စီးပွားရေးလုပ်ငန်းများအကြား ပုံမှန်ကူးလူးဆက်ဆံမှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ကြားဝင်စွက်ဖက်ခြင်း သို့မဟုတ် ထိခိုက်အောင်လုပ်ဆောင်ခြင်း မပြုသင့်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။ (Xinhua)
……………….
(English Version)
China urges EU to stop harming legitimate interests of Chinese enterprises
BEIJING, July 21 (Xinhua) — China on Monday called on the European Union (EU) to stop damaging the legitimate interests of Chinese enterprises without any factual ground, and said it will take necessary measures to protect their lawful rights and interests.
Chinese foreign ministry spokesperson Guo Jiakun made the remarks at the daily press briefing when asked to comment on the EU’s latest sanctions against Russia, which involve multiple Chinese enterprises and banks.
“I would like to emphasize that China has always opposed unilateral sanctions that have no basis in international laws and are not authorized by the UN Security Council,” Guo said.
Regarding the Ukraine crisis, he said China has been committed to promoting peace talks, has never provided lethal weapons to the conflicting parties, and has exercised strict control over the export of dual-use items.
The normal exchanges and cooperation between Chinese and Russian enterprises should not be interfered with or affected, he added.