Connect with us

China

တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ်က စိုက်ပျိုးရေးထုတ်လုပ်မှု မြှင့်တင်ရန်နှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးလုပ်ငန်းများ အားဖြည့်လုပ်ဆောင်ရန် အားပေးတိုက်တွန်း

တရုတ်နိုင်ငံ မြို့တော် ပေကျင်းရှိ စိုက်ပျိုးရေးဝန်ဆောင်မှုစင်တာသို့ သွားရောက်လေ့လာနေသော တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ် လျိုကော်ကျုံးအား ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နန်နင်း၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် လျိုကော်ကျုံးက နိုင်ငံ၏ အဓိက စိုက်ပျိုးရေးထုတ်ကုန်များ ထုတ်လုပ်မှုကို အားဖြည့်လုပ်ဆောင်ရန်နှင့် နိုင်ငံ၏ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးလှုပ်ရှားမှုမှ ရရှိခဲ့သော အောင်မြင်မှုများကို စဉ်ဆက်မပြတ် ခိုင်မာအောင် ဆောင်ရွက်သွားရန် အားပေးတိုက်တွန်းခဲ့ကြောင်း သိရသည်။
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ် လျိုက တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီး (ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ၎င်း၏ ဇူလိုင် ၂၀ ရက်မှ ၂၂ ရက်အထိ စစ်ဆေးရေးခရီးစဉ်အတွင်း ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါခရီးစဉ်အတွင်း လျိုက ဆန်စပါးထုတ်လုပ်မှု၊ ကြံသီးနှံများစိုက်ပျိုးမှုနှင့် အရည်အသွေးမြင့် လယ်ယာမြေ ဖော်ဆောင်မှုအကြောင်းများကို လေ့လာခဲ့သည်။ ၎င်းက မိုးဦးစပါး အချိန်မီရိတ်သိမ်းရန်၊ မိုးနှောင်းစပါးအထွက်နှုန်း တိုးမြှင့်ရန်၊ ကြံသီးနှံ စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ တည်ငြိမ်စေရန်နှင့် အရည်အသွေးမြင့် လယ်ယာမြေ ဖော်ဆောင်မှုများအား ဆက်လက်လုပ်ဆောင်ရန် အရေးကြီးကြောင်း အလေးထားပြောကြားခဲ့သည်။
တိုင်ဖွန်းမုန်တိုင်းများနှင့် ရေကြီးမှုအန္တရာယ်များ ဆက်လက်ဖြစ်ပွားနေသောကြောင့် ပျက်စီးဆုံးရှုံးမှုအနည်းဆုံးဖြစ်ရန်အတွက် ရေကြီးနစ်မြုပ်မှုကို ချက်ချင်းကိုင်တွယ်ဖြေရှင်းရန်နှင့် သီးနှံများ ပြန်လည်စိုက်ပျိုးခြင်းကဲ့သို့သော အစီအမံများကို အကောင်အထည်ဖော်ရန်လည်း လျိုက တိုက်တွန်းခဲ့သည်။
၎င်းက ရွှေ့ပြောင်းအလုပ်သမားများနှင့် ဆင်းရဲနွမ်းပါးမှုမှ လွတ်မြောက်လာသူများအတွက် တည်ငြိမ်သော အလုပ်အကိုင်အခွင့်အလမ်းဖော်ဆောင်နိုင်ရေးအပေါ် အာရုံစိုက်ပြီး ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအတွက် ရည်မှန်းချက်ထားရှိသည့် အစီအမံများ လိုအပ်ကြောင်း အလေးပေးပြောကြားခဲ့သည်။ တောင်သူလယ်သမားများ၏ ဝင်ငွေတိုးတက်စေမည့် ကျေးလက်ဒေသဆိုင်ရာလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဒေသတွင်း အားသာချက်များကို အသုံးချခြင်း၏ အရေးကြီးပုံကိုလည်း ဒုတိယဝန်ကြီးချုပ် လျိုက မီးမောင်းထိုးပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံ မြို့တော် ပေကျင်း၌ ကျင်းပသော တရုတ်နိုင်ငံ၏ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး အောင်မြင်မှုများကို ခိုင်မာစေရေးနှင့် ချဲ့ထွင်ရေး၊ ကျေးလက်ဒေသပြန်လည်နိုးထရေးအတွက် အထောက်အကူဖြစ်စေရေးဆိုင်ရာ ဗီဒီယိုကွန်ဖရင့်တစ်ခုတွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ် လျိုကော်ကျုံးအား ၂၀၂၄ ခုနှစ်၊ မေ ၃၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

——————-
(English Version)
Chinese vice premier calls for strengthened agricultural production, poverty alleviation work
NANNING, July 22 (Xinhua) — Chinese Vice Premier Liu Guozhong has urged efforts to strengthen China’s production of key agricultural products, and to consolidate and expand the achievements of the country’s poverty alleviation campaign continuously.
Liu, who is also a member of the Political Bureau of the Communist Party of China Central Committee, made the remarks during an inspection tour in south China’s Guangxi Zhuang Autonomous Region which began on Sunday and ended on Tuesday.
During his tour, Liu learned about rice production, the cultivation of sugar plants and the construction of high-standard farmland. He stressed the importance of harvesting early-season rice in a timely manner, of boosting late-season rice yields, of stabilizing the production of sugar plants, and of continuing high-standard farmland development.
With the ongoing threat of typhoons and flooding, Liu urged immediate action to manage waterlogging and implement measures such as crop replanting to minimize damage.
He emphasized the need for targeted poverty alleviation measures focusing on stable employment for migrant workers and people who have emerged from poverty. He also highlighted the importance of tapping local strengths to develop rural industries that boost farmers’ incomes.
English Caption
Photo 1 – Chinese Vice Premier Liu Guozhong, also a member of the Political Bureau of the Communist Party of China Central Committee, visits an agricultural service center in Beijing, capital of China, July 9, 2025. (Xinhua/Ding Lin)
Photo 2 – Chinese Vice Premier Liu Guozhong, also a member of the Political Bureau of the Communist Party of China Central Committee, attends a teleconference related to consolidate and expand China’s poverty alleviation achievements, and ensure that those efforts contribute to rural revitalization in Beijing, capital of China, May 31, 2024. (Xinhua/Xie Huanchi)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.