Connect with us

China

မြောက်ကိုရီးယားနိုင်ငံ တည်ထောင်ခြင်း ၇၅ နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားသို့ တရုတ်နိုင်ငံဒုတိယဝန်ကြီးချုပ် တက်ရောက်မည်

ပေကျင်း၊ စက်တင်ဘာ ၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် လျိုကော်ကျုံးက မြောက်ကိုရီးယားနိုင်ငံ တည်ထောင်ခြင်း ၇၅ နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ် အခမ်းအနားတက်ရောက်ရန် ပါတီနှင့် အစိုးရ ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်မည်ဖြစ်ကာ အလည်အပတ်ခရီးစဉ် သွားရောက်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ မော်နင် က စက်တင်ဘာ ၇ ရက်တွင် ပြောကြားသည်။

လျိုသည် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်လည်းဖြစ်ပြီး မြောက်ကိုရီးယားအစိုးရ နှင့် ကိုရီးယားအလုပ်သမားပါတီ တို့၏ ဖိတ်ကြားချက်အရ မြောက်ကိုရီးယားနိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း မော်က ပြောကြားခဲ့သည်။ (Xinhua)

……………………………
(English Version)
Chinese vice premier to attend commemorative events for DPRK’s 75th founding anniversary
BEIJING, Sept. 7 (Xinhua) — Chinese Vice Premier Liu Guozhong will lead a party and government delegation to the Democratic People’s Republic of Korea (DPRK) to attend the commemorative events for its 75th founding anniversary and visit the country, foreign ministry spokesperson Mao Ning announced on Thursday.
Liu, also a member of the Political Bureau of the Communist Party of China Central Committee, will visit the country at the invitation of the Workers’ Party of Korea and the government of the DPRK, Mao said. Enditem