China
တရုတ်နိုင်ငံက ကမ္ဘာပေါ်တွင် ဘေးကင်းလုံခြုံမှုအရှိဆုံးနိုင်ငံများအနက် တစ်နိုင်ငံဖြစ်ဟု တာဝန်ရှိသူပြော

ပေကျင်း၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် ဘေးကင်းလုံခြုံမှုအရှိဆုံးနိုင်ငံများအနက် တစ်နိုင်ငံဖြစ်သည်ဟု ကျယ်ကျယ်ပြန့်ပြန့်အသိအမှတ်ပြုထားကြကြောင်း ၁၄ ကြိမ်မြောက် ငါးနှစ်စီမံကိန်းကာလ (၂၀၂၁-၂၀၂၅) အတွင်း ပြည်သူ့လုံခြုံရေးကဏ္ဍ အောင်မြင်မှုများနှင့်စပ်လျဉ်း၍ ဆွေးနွေးပြောဆိုစဉ် တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဌာန အဆင့်မြင့်တာဝန်ရှိသူတစ်ဦးက ဇူလိုင် ၂၃ ရက်၌ ထည့်သွင်းပြောကြားခဲ့သည်။
နိုင်ငံတော်ကောင်စီ ပြန်ကြားရေးရုံးမှ ကျင်းပသော သတင်းစာရှင်းလင်းပွဲ၌ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ချီယန်ကျွင်းက ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။
ပြည်သူ့လုံခြုံရေးအဖွဲ့အစည်းများအနေဖြင့် အများပြည်သူ ဘေးကင်းလုံခြုံမှုကို အပြည့်အဝ ထိန်းသိမ်းခြင်းအားဖြင့် တရုတ်နိုင်ငံ၏ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှု အဆင်ပြေချောမွေ့စေရေးအတွက် ပံ့ပိုးကူညီလျက်ရှိကြောင်း ချီက ဆိုသည်။ ၎င်းတို့၏ ကြိုးပမ်းဆောင်ရွက်မှုများဖြင့် တရုတ်နိုင်ငံသည် ပြစ်မှုဆိုင်ရာလူသေဆုံးမှုအနည်းဆုံး၊ ရာဇဝတ်မှုခင်းဖြစ်ပွားမှုနှုန်းအနိမ့်ဆုံး၊ သေနတ်ပစ်ခတ်မှုများနှင့် ပေါက်ကွဲမှုများ ဖြစ်ပွားမှု အနည်းဆုံး နိုင်ငံတစ်နိုင်ငံအဖြစ် ဆက်လက်ထိန်းထားလျက်ရှိကြောင်း သိရသည်။ (Xinhua)
……………………………………..
(English Version)
China is one of the safest countries in the world: official
BEIJING, July 23 (Xinhua) — China is widely recognized as one of the safest countries in the world, a senior Chinese public security official said Wednesday when talking about achievements in the public security sector during the 14th Five-Year Plan period (2021-2025).
Qi Yanjun, vice minister of public security, made the remarks at a press conference held by the State Council Information Office.
According to Qi, public security organs have helped facilitate China’s high-quality development by resolutely safeguarding public safety. With their efforts, China has maintained one of the lowest incidences of fatal criminal cases, the lowest rates of criminal offenses, and the fewest cases involving firearms and explosives.
Photo: This photo taken on May 31, 2024 shows a view around Qianmen Gate in Beijing, capital of China. (Xinhua/Chen Yehua)