Connect with us

Asia

ထိုင်းစီးပွားရေးလုပ်ငန်းက တရုတ်နိုင်ငံထုတ် ဒေါင်လိုက်အတက်အဆင်းပြုလုပ်နိုင်သော လျှပ်စစ်ယာဉ်ပျံ eVTOLs အစင်းရေ ၅၀၀ စံချိန်တင်ဝယ်ယူမှုဖြင့် အော်ဒါမှာယူ

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်းဆူးပြည်နယ် Kunshan မြို့ရှိ လေယာဉ်စမ်းသပ်ပျံသန်းမှု အခြေစိုက်စခန်းတွင် သရုပ်ပြပျံသန်းနေသော ဒေါင်လိုက်အတက်အဆင်းပြုလုပ်နိုင်သည့် လျှပ်စစ်ယာဉ်ပျံ (eVTOL) V2000CG CarryAll ကို ၂၀၂၅ ခုနှစ် ဇူလိုင် ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရှန်ဟိုင်း၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ)
ထိုင်းကုမ္ပဏီတစ်ခုက တရုတ်ကုမ္ပဏီက တီထွင်ထုတ်လုပ်ထားသော ဒေါင်လိုက်အတက်အဆင်းပြုလုပ်နိုင်သည့် လျှပ်စစ်ယာဉ်ပျံ (eVTOL) အစင်းရေ ၅၀၀ ဝယ်ယူမည့် တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁.၇၅ ဘီလီယံတန်ကြေးရှိ သဘောတူစာချုပ်အား ဇူလိုင် ၂၃ ရက်၌ လက်မှတ်ရေးထိုးလိုက်ကြောင်း သိရသည်။
ထိုင်းနိုင်ငံ အိမ်ခြံမြေနှင့် အခြေခံအဆောက်အအုံကဏ္ဍ ဦးဆောင်ကုမ္ပဏီ၊ Pan Pacific ကုမ္ပဏီလီမိတက်နှင့် Shanghai Volant Aerotech ကုမ္ပဏီလီမိတက်တို့ ချုပ်ဆိုခဲ့ကြသော အဆိုပါ သဘောတူစာချုပ်သည် တရုတ်နိုင်ငံ၏ ထွန်းသစ်စ eVTOL ကဏ္ဍတွင် လက်ရှိအချိန်အထိ အမှာစာတစ်ခုတည်းဖြင့် ပမာဏအများဆုံး မှာယူမှုလည်း ဖြစ်သည်။
တရုတ်နိုင်ငံ အမျိုးသား လေကြောင်း-နည်းပညာ နိုင်ငံတကာ အင်ဂျင်နီယားရင်းကော်ပိုရေးရှင်း (CAIEC) နှင့်အတူတကွ နှစ်ဖက်ကုမ္ပဏီများသည် ရှန်ဟိုင်းမြို့တွင် ဇူလိုင် ၂၃ ရက်၌ ကျင်းပသော နိုင်ငံတကာ အဆင့်မြင့်လေကြောင်းသွားလာရေးကုန်စည်ပြပွဲ၌ သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်သည်။ CAIEC သည် ထိုပူးပေါင်းဆောင်ရွက်ရေး ကြိုးပမ်းမှုအတွက် ဝေဟင်နိမ့် အခြေခံအဆောက်အအုံ ထောက်ပံ့မှုကို ပံ့ပိုးကူညီပေးမည် ဖြစ်သည်။
eVTOLs အစင်းရေ ၅၀၀ မှာယူထားသည်မှာ VE25-100 မော်ဒယ်အမျိုးအစားများ ဖြစ်ကာ စီးပွားရေးလုပ်ငန်းသုံးအရ Skylar ဟု ခေါ်ဆိုကြောင်း သိရသည်။ ယင်းယာဉ်ပျံတွင် တောင်ပံပေါင်းစပ်ပုံစနစ် ပါဝင်ပြီး လေယာဉ်တစ်စင်းစီတိုင်းတွင် ခရီးသည်ခြောက်ဦးအထိ တင်ဆောင်နိုင်စွမ်းရှိကာ အကွာအဝေး ကီလိုမီတာ ၂၀၀ မှ ၄၀၀ အထိ ပျံသန်းနိုင်သလို တစ်နာရီလျှင် ၂၃၅ ကီလိုမီတာ အရှိန်နှုန်းဖြင့် ပျံသန်းနိုင်ကြောင်း ယင်းယာဉ်ပျံ တီထွင်ထုတ်လုပ်သူအဆိုအရ သိရသည်။
အဆိုပါယာဉ်ပျံများအား တရုတ်နိုင်ငံ မြို့ပြလေကြောင်းစီမံခန့်ခွဲမှုဦးစီးဌာနထံမှ လေကြောင်းပျံသန်းရေး အသိအမှတ်ပြုလက်မှတ် ရရှိပြီးနောက် အသုတ်အလိုက် လွှဲပြောင်းပို့ဆောင်ရန်စီစဉ်ထားခြင်းဖြစ်ပြီး မော်လ်ဒိုက်နိုင်ငံအပြင် ထိုင်းနိုင်ငံကဲ့သို့ အရှေ့တောင်အာရှနိုင်ငံများ၊ အာဖရိတိုက် စသည်တို့၌ ဝေဟင်နိမ့်ခရီးသည်ပို့ဆောင်ရေး၊ ဝေဟင်ခရီးသွားလုပ်ငန်းနှင့် အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများအတွက် အဆင့်ဆင့်ဖြန့်ကြက်အသုံးပြုမည် ဖြစ်ကြောင်း သိရသည်။
ယခင်သီတင်းပတ်ကလည်း အာရပ်စော်ဘွားများပြည်ထောင်စုမှ Autocraft က ရှန်ဟိုင်းရှိ တရုတ် eVTOL ထုတ်လုပ်ရေးလုပ်ငန်းဖြစ်သော Shanghai TCab Technology ကုမ္ပဏီလီမိတက်ထံမှ E20 eVTOL ယာဉ်ပျံ အစင်းရေ ၃၅၀ ၊ အမေရိကန်ဒေါ်လာ တစ်ဘီလီယံ တန်ဖိုးရှိ အရောင်းအဝယ်စာချုပ် နားလည်မှုစာချွန်လွှာအား လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။ (Xinhua)
……………………………………..
(English Version)
Thai firm orders 500 Chinese eVTOLs in record intent deal
SHANGHAI, July 23 (Xinhua) — A Thai company on Wednesday signed a 1.75-billion-U.S. dollar intent deal to purchase 500 electric vertical takeoff and landing (eVTOL) aircraft from a Chinese developer.
This deal between Thailand’s leading property developer and infrastructure investor, Pan Pacific Company Limited, and Shanghai Volant Aerotech Co., Ltd. represents the largest single intent order to date in China’s emerging eVTOL sector.
The two sides, together with China National Aero-technology International Engineering Corporation (CAIEC), signed a tripartite cooperation agreement at the International Advanced Air Mobility Expo, which kicked off on Wednesday in Shanghai. CAIEC will provide low-altitude infrastructure support for this collaboration effort.
The 500 ordered eVTOLs are VE25-100 models, commercially branded as Skylar. Featuring a compound wing configuration, each aircraft has a six-passenger capacity with an operational range of 200 to 400 km and a cruising speed of 235 km/h, according to the developer.
They are scheduled for delivery in batches after obtaining airworthiness certification from the Civil Aviation Administration of China — with phased deployment across the Maldives, Southeast Asian countries, such as Thailand, and Africa for low-altitude passenger transport, aerial tourism and emergency rescue operations.
Just one week prior, Autocraft from the United Arab Emirates signed a memorandum of understanding with Chinese eVTOL maker Shanghai TCab Technology Co., Ltd. in Shanghai for purchasing 350 E20 eVTOL aircraft worth 1 billion U.S. dollars.
Photo: The V2000CG CarryAll, a tonne-class electric vertical takeoff and landing (eVTOL) aircraft, conducts a flight demonstration at a flight test base in Kunshan, east China’s Jiangsu Province, on July 22, 2025. (Xinhua/Fang Zhe)