China
တရုတ်နိုင်ငံက ယူနက်စကို၏ ဆောင်ရွက်ချက်များကို ခိုင်မာစွာ ထောက်ခံကြောင်း ပြောကြား

ပေကျင်း၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံသည် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့အစည်း (UNESCO) ၏ ဆောင်ရွက်ချက်များကို ခိုင်မာစွာ ထောက်ခံကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကောကျားခွန်းက ဇူလိုင် ၂၃ ရက်တွင် ပြောကြားခဲ့ကြောင်း သိရသည်။
ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် ကောက အမေရိကန်နိုင်ငံအနေဖြင့် ယူနက်စကို (UNESCO) မှ နောက်တစ်ကြိမ် နုတ်ထွက်ရန် ဆုံးဖြတ်ခဲ့ခြင်းအပေါ် ယူနက်စကိုနှင့် နိုင်ငံအများအပြားက ဝမ်းနည်းကြောင်း ပြောကြားခဲ့သည်ကို တရုတ်နိုင်ငံက သတိပြုမိကြောင်း ပြောကြားခဲ့သည်။ “ဒါဟာ အမေရိကန်နိုင်ငံက ယူနက်စကိုကနေ တတိယအကြိမ်မြောက် နုတ်ထွက်တာဖြစ်ပြီး ကြွေးကျန်တွေ မပေးတာလဲ အတော်ကြာနေပါပြီ။ ဒါဟာ နိုင်ငံကြီးတစ်နိုင်ငံ လုပ်သင့်တဲ့ အရာ မဟုတ်ပါဘူး” ဟု ၎င်းက ပြောကြားခဲ့သည်။
ယူနက်စကို (UNESCO) ၏ ရည်ရွယ်ချက်မှာ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုနယ်ပယ်များတွင် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်၊ အချင်းချင်း နားလည်မှုနှင့် ယဉ်ကျေးမှုများ ပေါင်းစည်းမှုကို မြှင့်တင်ရန်၊ ကမ္ဘာ့ငြိမ်းချမ်းရေးကို ထိန်းသိမ်းရန်နှင့် ဘုံဖွံ့ဖြိုးတိုးတက်မှုများ ရရှိရန်ဖြစ်ကြောင်း ကောက ပြောကြားခဲ့ပြီး တရုတ်နိုင်ငံအနေဖြင့် ယူနက်စကို (UNESCO) ၏ လုပ်ငန်းဆောင်ရွက်များကို ခိုင်မာစွာ ထောက်ခံကြောင်း ထပ်လောင်းပြောကြားခဲ့သည်။
ကုလသမဂ္ဂ တည်ထောင်ခြင်း နှစ် ၈၀ ပြည့် အထိမ်းအမှတ် အခမ်းအနားတွင် တရုတ်နိုင်ငံက နိုင်ငံအားလုံးကို နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုဝါဒအပေါ် ၎င်းတို့၏ ကတိကဝတ်များကို ပြန်လည်အတည်ပြုရန်နှင့် ကုလသမဂ္ဂကို ဗဟိုပြုသော နိုင်ငံတကာစနစ်၊ နိုင်ငံတကာဥပဒေဖြင့် ထောက်ကူထားသော နိုင်ငံတကာစည်းစနစ်၊ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း၏ ရည်ရွယ်ချက်များနှင့် အခြေခံမူများအပေါ် အခြေခံထားသော နိုင်ငံတကာဆက်ဆံရေးကို အုပ်ချုပ်သည့် အခြေခံစံနှုန်းများကို ထောက်ခံရန်အတွက် တိကျသည့် လုပ်ဆောင်ချက်များ လုပ်ဆောင်ရန် တောင်းဆိုကြောင်း အဆိုပါ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ကြောင်းသိရသည်။ (Xinhua)
———————-
(English Version)
China says it firmly supports UNESCO’s work
BEIJING, July 23 (Xinhua) — China firmly supports the work of the United Nations Educational, Scientific and Cultural Organization (UNESCO), Chinese Foreign Ministry spokesperson Guo Jiakun said on Wednesday.
Speaking at a regular news briefing, Guo said China noted that UNESCO and multiple countries expressed their regrets over the U.S.’s decision to withdraw from the organization again. “It’s the third U.S. withdrawal from UNESCO and the country hasn’t paid arrears for a long time. This is not what a major country should do.”
The purpose of UNESCO is to advance international cooperation in education, science and culture, promote the mutual understanding and integration of civilizations, uphold world peace, and achieve common development, he said, adding that China firmly supports UNESCO’s work.
On the occasion of the 80th anniversary of the founding of the UN, China calls on all countries to reaffirm their commitment to multilateralism, and take concrete action to support the UN-centered international system, the international order underpinned by international law, and the basic norms governing international relations based on the purposes and principles of the UN Charter, the spokesperson said.
English Caption
Chinese President Xi Jinping meets with Director-General of the United Nations Educational, Scientific and Cultural Organization (UNESCO) Audrey Azoulay at the Great Hall of the People in Beijing, capital of China, Sept. 28, 2023. (Xinhua/Yue Yuewei)