China
တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံအကြား ခရီးသွားလာမှု လွယ်ကူချောမွေ့စေရေး ဆောင်ရွက်ရန် တရုတ်နိုင်ငံက ဆန္ဒရှိ

ပေကျင်း၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံအနေဖြင့် နှစ်နိုင်ငံအကြား ခရီးသွားလာမှုကို ပိုမိုလွယ်ကူချောမွေ့စေရန်အတွက် အိန္ဒိယနိုင်ငံနှင့် ဆက်သွယ်ညှိနှိုင်းမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကောကျားခွန်းက ဇူလိုင် ၂၃ ရက်တွင် ပေကျင်းမြို့၌ ပြောကြားခဲ့သည်။
အိန္ဒိယနိုင်ငံက ယခုနှစ် ဇူလိုင် ၂၄ ရက်မှစတင်၍ တရုတ်နိုင်ငံသားများအား ခရီးသွားဗီဇာ ပြန်လည်ထုတ်ပေးမည်ဖြစ်ပြီး ၎င်းသည် ငါးနှစ်အတွင်း ပထမဆုံးအကြိမ်ဖြစ်သည်။ အိန္ဒိယနိုင်ငံ၏ ထိုသို့လုပ်ဆောင်မှုအပေါ် မှတ်ချက်ပေးရန် နေ့စဉ် သတင်းစာရှင်းလင်းပွဲ၌ မေးမြန်းမှုကို ကောက အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
“ဒီလို ကောင်းမွန်တဲ့ လုပ်ဆောင်ချက်ကို ကျွန်တော်တို့ သတိပြုမိပါတယ်” ဟု ကောက ပြောကြားခဲ့ပြီး နယ်စပ်ဖြတ်ကျော် ခရီးသွားလာမှုကဏ္ဍ လွယ်ကူချောမွေ့စေခြင်းသည်လည်း ကျယ်ပြန့်စွာ အကျိုးရှိကြောင်း ထပ်လောင်းပြောကြားခဲ့သည်။ (Xinhua)
————————
(English Version)
China willing to facilitate travel between China and India: spokesperson
BEIJING, July 23 (Xinhua) — China will maintain communication and consultation with India to further facilitate travel between the two countries, Chinese foreign ministry spokesperson Guo Jiakun said in Beijing on Wednesday.
India said it will resume issuing tourist visas to Chinese citizens from July 24 this year, the first time in five years. Guo made the remarks at a daily press briefing when asked to comment on the move of India.
“We take note of this positive move,” Guo said, adding that easing cross-border travel is widely beneficial.
English Caption
Chinese President Xi Jinping waves to local people upon his arrival in Chennai, India, Oct. 11, 2019. (Xinhua/Xie Huanchi)