Connect with us

China

တရုတ်နိုင်ငံက ဆန်းသစ်သော ဆေးဝါးများအတွက် ဆေးဘက်ဆိုင်ရာ အာမခံအသုံးစရိတ် တိုးမြှင့်

တရုတ်နိုင်ငံ၊ မြို့တော် ပေကျင်း၌ နိုင်ငံတော်ကောင်စီ သတင်းရုံးခန်း (SCIO) က ကျင်းပပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ၁၄ ကြိမ်မြောက် ငါးနှစ်တာစီမံကိန်း (၂၀၂၁-၂၀၂၅) ကာလအတွင်း တရုတ်နိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှု လုံခြုံရေး အောင်မြင်မှုများနှင့် စီးပွားရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ရာတွင် နိုင်ငံတော် ကျန်းမာရေးစောင့်ရှောက်မှု လုံခြုံရေး စီမံအုပ်ချုပ်မှုဌာန (NHSA) ၏ အခန်းကဏ္ဍကို ဌာန အကြီးအကဲ ကျန်းခဲ့က ရှင်းလင်းပြောကြားနေပုံကို ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ)
၁၄ ကြိမ်မြောက် ငါးနှစ်တာစီမံကိန်း (၂၀၂၁-၂၀၂၅) ကာလအတွင်း တရုတ်နိုင်ငံ၏ ဆန်းသစ်တီထွင်ထားသော ဆေးဝါးများအတွက် ဆေးဘက်ဆိုင်ရာ အာမခံအသုံးစရိတ်သည် နှစ်စဉ် ၄၀ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း နိုင်ငံတော် ကျန်းမာရေးစောင့်ရှောက်မှု လုံခြုံရေး စီမံအုပ်ချုပ်မှုဌာန (NHSA) မှ တာဝန်ရှိသူတစ်ဦးက ဇူလိုင် ၂၄ ရက်တွင် ပြောကြားခဲ့သည်။
၂၀၂၄ ခုနှစ်အတွင်း သက်ဆိုင်ရာ အာမခံအသုံးစရိတ်သည် ၂၀၂၀ ပြည့်နှစ်က မှတ်တမ်းတင်ခဲ့သည့် ပမာဏထက် ၃.၉ ဆ များခဲ့ကြောင်း အဆိုပါစီမံအုပ်ချုပ်မှုဌာန အကြီးအကဲ ကျန်းခဲ့က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ငါးနှစ်တာကာလအတွင်း ဆေးဘက်ဆိုင်ရာအာမခံရန်ပုံငွေ အသုံးစရိတ်စုစုပေါင်းမှာ ယွမ် ၁၂.၁၃ ထရီလီယံ (အမေရိကန်ဒေါ်လာ ၁.၇ ထရီလီယံခန့်) ရှိခဲ့ပြီး ပျမ်းမျှနှစ်စဉ် ၉.၁ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း ကျန်းက ပြောကြားခဲ့သည်။
ယင်းစီမံအုပ်ချုပ်မှုဌာန ဒုတိယအကြီးအကဲ လီထောင်း၏ ပြောကြားချက်အရ ၂၀၂၄ ခုနှစ်အတွင်း အခြေခံဆေးဘက်ဆိုင်ရာအာမခံရန်ပုံငွေ သုံးစွဲမှုမှာ ယွမ် ၂.၉၈ ထရီလီယံ ရှိခဲ့ပြီး လူနာများ၏ ငွေကြေးဝန်ထုပ်ဝန်ပိုးသည် ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ၅ ရာခိုင်နှုန်းခန့် လျော့ကျခဲ့ကြောင်း သိရသည်။
သက်ဆိုင်ရာဌာနများကလည်း ဆေးဘက်ဆိုင်ရာအာမခံရန်ပုံငွေ သုံးစွဲမှုနှင့် လုပ်ငန်းဆောင်ရွက်မှုများအပေါ် ကြီးကြပ်ခဲ့ပြီး ရန်ပုံငွေများနှင့်ပတ်သက်သည့် လိမ်လည်မှုနှင့် အလွဲသုံးစားမှုများအပေါ် လုံးဝလက်သင့်မခံသည့် ချဉ်းကပ်မှုမျိုးဖြင့် ဆောင်ရွက်ခဲ့ပြီး ရလဒ်အနေဖြင့် ယွမ် ၁၀၄.၅ ဘီလီယံ ပြန်လည်ရရှိခဲ့ကြောင်း အဆိုပါစီမံအုပ်ချုပ်မှုဌာန အကြီးအကဲ ကျန်းက ပြောကြားခဲ့သည်။
၂၀၂၄ ခုနှစ်အကုန်တွင် ဆေးဘက်ဆိုင်ရာအာမခံရန်ပုံငွေ လက်ကျန် စုစုပေါင်းမှာ ယွမ် ၃.၈၆ ထရီလီယံ ရှိခဲ့ကြောင်း ကျန်းက ထုတ်ဖော်ပြောကြားခဲ့သည်။ (Xinhua)
—————
(English Version)
China boosts medical insurance spending on innovative drugs
BEIJING, July 24 (Xinhua) — During the 14th Five-Year Plan period (2021-2025), China’s medical insurance spending on innovative drugs grew significantly with it increasing by 40 percent annually, an official from the National Healthcare Security Administration said on Thursday.
In 2024, related spending reached 3.9 times the amount recorded in 2020, Zhang Ke, head of the administration, told a press conference.
During this five-year period, medical insurance fund expenditure totaled 12.13 trillion yuan (about 1.7 trillion U.S. dollars), growing at an average annual rate of 9.1 percent, Zhang said.
According to Li Tao, the administration’s deputy head, the basic medical insurance fund spent 2.98 trillion yuan in 2024, with the financial burden of patients reduced by around 5 percent compared to the previous year.
Also, relevant departments have strengthened supervision of the spending and operation of medical insurance funds, adopting a zero-tolerance approach to all types of fraud and abuse related to these funds — retrieving 104.5 billion yuan as a result, Zhang said.
By the end of 2024, the cumulative balance of medical insurance funds was 3.86 trillion yuan, Zhang revealed.

English Caption
Zhang Ke, head of the National Healthcare Security Administration, attends a press conference held by the State Council Information Office (SCIO) on China’s healthcare security achievements and its role in advancing economic and social development during the 14th Five-Year Plan period (2021-2025) in Beijing, capital of China, July 24, 2025. (Xinhua/Chen Yehua)