China
တရုတ်နိုင်ငံ၏ အခြေခံ သက်ကြီးအာမခံ အစီအစဉ်တွင် လူဦးရေ ၁.၀၇ ဘီလီယံကျော် အကျုံးဝင်

ပေကျင်း၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ)
၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းတွင် တရုတ်နိုင်ငံ၏ အခြေခံ သက်ကြီးအာမခံ အစီအစဉ်အောက်တွင် လူဦးရေ ၁.၀၇ ဘီလီယံကျော် အကျုံးဝင်ခဲ့ပြီး ယမန်နှစ်ထက် ၆.၃၉ သန်း တိုးလာကြောင်း နောက်ဆုံးရ စာရင်းအင်းများက ဖော်ပြနေသည်။
မြို့ပြဝန်ထမ်းများနှင့် လုပ်ငန်းခွင်ဝန်ထမ်းများဆိုင်ရာ တရုတ်နိုင်ငံ၏ အခြေခံ သက်ကြီးအာမခံ အစီအစဉ်များတွင် ပါဝင်သူအရေအတွက်သည် ယမန်နှစ်ကုန်ပိုင်းနှင့် နှိုင်းယှဉ်ပါက မြင့်တက်လာခဲ့ကြောင်း ပြည်သူ့ရေးရာဝန်ကြီးဌာနနှင့် တရုတ်နိုင်ငံ သက်ကြီးပိုင်းဆိုင်ရာ အမျိုးသားကော်မတီရုံးတို့က ပူးတွဲထုတ်ပြန်သည့် အစီရင်ခံစာအရ သိရသည်။
၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းတွင် တရုတ်နိုင်ငံ၌ အသက် ၆၀ နှစ်နှင့်အထက် လူဦးရေသည် ၃၁၀.၃ သန်း အထိ ရှိခဲ့ပြီး လူဦးရေ စုစုပေါင်း၏ ၂၂ ရာခိုင်နှုန်း ရှိကြောင်း အဆိုပါအစီရင်ခံစာတွင် ဖော်ပြထားသည်။ အသက် ၆၅ နှစ်နှင့်အထက် လူဦးရေမှာ ၂၂၀.၂ သန်း ကျော်လွန်ခဲ့ပြီး စုစုပေါင်းလူဦးရေ၏ ၁၅.၆ ရာခိုင်နှုန်း ရှိသည်။
တစ်ချိန်တည်းမှာပင် တရုတ်နိုင်ငံ ပြည်သူများ၏ ပျမ်းမျှသက်တမ်းသည် ယမန်နှစ်ကုန်ပိုင်းတွင် ၇၉ နှစ်အထိ ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း သိရသည်။
တရုတ်နိုင်ငံ၏ သက်ကြီးရွယ်အိုစောင့်ရှောက်ရေး ဝန်ဆောင်မှုများအနေဖြင့်လည်း တိုးတက်လျက်ရှိကြောင်း ယင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။ ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းတွင် နိုင်ငံတစ်ဝန်း၌ အမျိုးမျိုးသော သက်ကြီးရွယ်အိုစောင့်ရှောက်မှု အဖွဲ့အစည်းများနှင့် အဆောက်အအုံပေါင်း ၄၀၆,၀၀၀ ခန့် ရှိခဲ့ပြီး ပြုစုစောင့်ရှောက်ကုသရေး ကုတင် အလုံးရေပေါင်း ၇.၉၉ သန်းကျော် ရှိကြောင်း သိရသည်။ (Xinhua)
——————
(English Version)
China’s basic old-age insurance covers over 1.07 billion people: report
BEIJING, July 25 (Xinhua) — By the end of 2024, more than 1.07 billion people enjoyed coverage under China’s basic old-age insurance, an increase of 6.39 million from the previous year, latest statistics have shown.
According to a report jointly released by the Ministry of Civil Affairs and the Office of the China National Committee on Ageing, the numbers of participants in China’s basic old-age insurance schemes in terms of urban employees and enterprise employees, respectively, also rose compared to the end of the previous year.
The report said that by the end of 2024, the population aged 60 and above had reached 310.3 million in China — accounting for 22 percent of the country’s total population. Those aged 65 and older had exceeded 220.2 million, representing 15.6 percent of the total population.
Average life expectancy in China, meanwhile, had reached 79 years at the end of last year.
China’s elderly care services are also improving, the report said. By the conclusion of 2024, there were about 406,000 elderly care institutions and facilities of various types across the country, offering more than 7.99 million nursing beds.
English Caption
Senior residents chat at a social welfare center in Hanshou County of Changde City, central China’s Hunan Province, June 20, 2023. (Xinhua/Chen Sihan)