Connect with us

China

ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကြား တရုတ်နိုင်ငံနှင့် အီးယူခေါင်းဆောင်များက အနာဂတ် ပူးပေါင်းဆောင်ရွက်မှုအတွက် လမ်းပြမြေပုံ ချမှတ်

၂၅ ကြိမ်မြောက် တရုတ်-အီးယူ ထိပ်သီးအစည်းအဝေး တက်ရောက်ရန် ပေကျင်းမြို့သို့ ရောက်ရှိနေသည့် ဥရောပကောင်စီ ဥက္ကဋ္ဌ အန်တိုနီယို ကော်စတာ၊ ဥရောပကော်မရှင် ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလေယန်တို့ကို တရုတ်နိုင်ငံ မြို့တော်ပေကျင်းရှိ ပြည်သူ့ခန်းမဆောင်၌ လက်ခံတွေ့ဆုံနေသည့် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်အား ၂၀၂၅ ခုနှစ် ဇူလိုင် ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံနှင့် ဥရောပသမဂ္ဂ (အီးယူ) တို့အကြား သံတမန်ဆက်ဆံရေး ထူထောင်မှု နှစ် ၅၀ ပြည့် အခါသမယတွင် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က နှစ်ဖက်အနေဖြင့် အပြောင်းအလဲမြန်၍ ရှုပ်ထွေးသော ကမ္ဘာကြီးအား မိတ်ဖက်ဆက်ဆံမှု၊ ပူးပေါင်းဆောင်ရွက်မှု၊ နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုစနစ်တို့ဖြင့် မည်သို့လမ်းညွှန်ထိန်းကျောင်းသွားမည် ဆိုသည့်အပေါ် အဆိုပြုချက်အသစ်များ ချမှတ်ခဲ့သည်။
တရုတ်-အီးယူ ဆက်ဆံရေးမှာ သမိုင်းတစ်လျှောက် အလွန်အရေးပါသည့် အဆင့်သို့ တဖန် ရောက်ရှိနေသည်ဟု ရှီက ဇူလိုင် ၂၄ ရက်၌ ပြောကြားခဲ့ပြီး တရုတ်နိုင်ငံနှင့် အီးယူခေါင်းဆောင်များအနေဖြင့် အမြော်အမြင်နှင့် ခေါင်းဆောင်မှုတို့ကို ထပ်မံပြသရန်၊ ခိုင်မာတည်ငြိမ်သော တရုတ်-အီးယူ ဆက်ဆံရေးဖြင့် ကမ္ဘာကြီးအတွက် တည်ငြိမ်မှုနှင့် သေချာရေရာမှုများ ပိုမိုဆောင်ကြဉ်ပေးရန်လည်း တိုက်တွန်းခဲ့သည်။
တရုတ်နိုင်ငံ ခေါင်းဆောင်က ၂၅ ကြိမ်မြောက် တရုတ်-အီးယူ ထိပ်သီးအစည်းအဝေး တက်ရောက်ရန် ပေကျင်းမြို့သို့ ရောက်ရှိနေသည့် ဥရောပကောင်စီ ဥက္ကဋ္ဌ အန်တိုနီယို ကော်စတာ၊ ဥရောပကော်မရှင် ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလေယန်တို့နှင့် တွေ့ဆုံစဉ် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ရှီက အနာဂတ်တွင် တရုတ်-အီးယူ ဆက်ဆံရေး တိုးတက်ကောင်းမွန်ရေးအတွက် အဆိုပြုချက်သုံးရပ်ကို ချမှတ်ခဲ့သည်။ ယင်းအဆိုပြုချက် သုံးရပ်မှာ နှစ်ဖက်အနေဖြင့် အပြန်အလှန်လေးစားမှုကို ထိန်းသိမ်းကာ တရုတ်-အီးယူ ဆက်ဆံရေးအား မိတ်ဖက်ဆက်ဆံရေးအဖြစ် ခိုင်ခိုင်မာမာ ဖော်ဆောင်ရန်၊ တံခါးဖွင့်လှစ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ကို ထိန်းသိမ်းကာ မတူကွဲပြားမှုများကို သင့်လျော်မှန်ကန်စွာ ကိုင်တွယ်စီမံရန်၊ နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးစနစ်ကို ကျင့်သုံးကာ နိုင်ငံတကာ စည်းမျဉ်းများနှင့် စည်းစနစ်များကို ထိန်းသိမ်းရန်တို့ဖြစ်ကြောင်း သိရသည်။
အဆိုပါနေ့တွင်ပင် တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်က ကော်စတာ၊ ဗွန်ဒါလေယန်တို့နှင့် ပြုလုပ်ခဲ့သည့် ထိပ်သီးအစည်းအဝေးအား ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်ခဲ့ကာ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုတို့တွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် နှစ်ဖက်စလုံးက ကတိပြုခဲ့ကြသည်။
ယင်းထိပ်သီးအစည်းအဝေးအပြီးတွင် လီနှင့် ဗွန်ဒါလေယန်တို့က တရုတ်-အီးယူ စီးပွားရေးခေါင်းဆောင်များ သီးသန့်ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပြီး အဆိုပါ ဆွေးနွေးပွဲသို့ စီးပွားရေးခေါင်းဆောင် ၆၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/5rn


………………..
(English Version)
China, EU leaders chart course for future cooperation amid global challenges
BEIJING, July 24 (Xinhua) — As China and the European Union mark the 50th anniversary of their diplomatic ties, Chinese President Xi Jinping has made new propositions on how the two sides can navigate a fast-changing and turbulent world through partnership, cooperation and multilateralism.
China-EU relations have come to another critical juncture in their history, Xi said on Thursday, calling on Chinese and European leaders to once again demonstrate vision and leadership, and to provide more stability and certainty for the world through sound, steady China-EU relations.
The Chinese leader made the remarks when meeting with President of the European Council Antonio Costa and President of the European Commission Ursula von der Leyen, both of whom are in Beijing to attend the 25th China-EU Summit.
For the future development of China-EU relations, Xi made three proposals: The two sides should uphold mutual respect and consolidate the positioning of China-EU relations as partnership; uphold openness and cooperation and properly manage differences; practice multilateralism and uphold international rules and order.
On the same day, Chinese Premier Li Qiang co-chaired the summit with Costa and von der Leyen, with both sides pledging to promote cooperation on the economy, trade and investment.
After the summit, Li and von der Leyen attended the China-EU Business Leaders Symposium, at which some 60 business leaders were present.
English Caption
Chinese President Xi Jinping meets with President of the European Council Antonio Costa and President of the European Commission Ursula von der Leyen, who are in China for the 25th China-EU Summit, at the Great Hall of the People in Beijing, capital of China, July 24, 2025. (Xinhua/Li Xiang)