Connect with us

China

(တရုတ်စီးပွားရေး စကားဝိုင်းဆွေးနွေးပွဲ) တရုတ်နိုင်ငံက ဆန်းသစ်တီထွင်မှုဖြင့် ဖွံ့ဖြိုးတိုးတက်မှုအား မြှင့်တင်ရာတွင် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်း အခန်းကဏ္ဍ ပိုမိုအားကောင်းအောင်လုပ်ဆောင်

ဆင်ဟွာသတင်းဌာနက စီစဉ်ကျင်းပသော တရုတ်စီးပွားရေး စကားဝိုင်းဆွေးနွေးပွဲ All Media တွေ့ဆုံဆွေးနွေးပွဲ အစီအစဉ်ကြီး၏ လတ်တလော ထုတ်လွှင့်ခဲ့သည့် အပိုင်းတွင် National Innovation Center par Excellence (NICE) မှ ညွှန်ကြားရေးမှူး လျိုချင့် ဆွေးနွေးပြောကြားနေစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၂၉ ရက် (ဆင်ဟွာ)
အရည်အသွေးကောင်းမွန်သည့် ကုန်ထုတ်စွမ်းအားသစ်များကို မြှင့်တင်ရန်အတွက် သိပ္ပံနှင့် စက်မှုလုပ်ငန်းဆိုင်ရာ ဆန်းသစ်တီထွင်မှုအကြား ပိုမိုခိုင်မာသော ပူးပေါင်းဆောင်ရွက်မှု အကျိုးရလဒ်ကို ဖော်ဆောင်ရန် တာဝန်ရှိသူများနှင့် ကျွမ်းကျင်ပညာရှင်များက တိုက်တွန်းလျက်ရှိစဉ် တရုတ်နိုင်ငံအနေဖြင့် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများ၏ အခန်းကဏ္ဍအား ဆန်းသစ်တီထွင်မှု၏ အဓိကမောင်းနှင်အားအဖြစ် ခိုင်ခိုင်မာမာရှိစေရန် အရှိန်မြှင့်ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။
ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများအနေဖြင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ လိုအပ်ချက်များကို ရှာဖွေဖော်ထုတ်ရာတွင်လည်းကောင်း၊ သုတေသနနှင့် ဖွံ့ဖြိုးမှုကဏ္ဍ၌ ရင်းနှီးမြှုပ်နှံရာတွင်လည်းကောင်း၊ အကျိုးရလဒ်များကို လက်တွေ့အသုံးချရာတွင်လည်းကောင်း ဦးဆောင်သင့်သည်ဟု ဆင်ဟွာသတင်းဌာနက စီစဉ်ကျင်းပသော တရုတ်စီးပွားရေး စကားဝိုင်းဆွေးနွေးပွဲ All Media တွေ့ဆုံဆွေးနွေးပွဲ အစီအစဉ်ကြီး၏ လတ်တလော ထုတ်လွှင့်ခဲ့သည့် အပိုင်းတွင် National Innovation Center par Excellence ဌာနမှ ညွှန်ကြားရေးမှူး လျိုချင့်က ပြောကြားခဲ့သည်။
“အကြီးမားဆုံး စိန်ခေါ်မှုကတော့ ပကတိ ဝယ်လိုအားကို ရှာဖွေဖော်ထုတ်တဲ့နေရာမှာ ရှိနေတာပါ” ဟု လျိုက အလေးအနက်ပြောကြားခဲ့သည်။ ယင်းစိန်ခေါ်မှုအား ကိုင်တွယ်ဖြေရှင်းရန်အတွက် ဌာနအနေဖြင့် ဦးဆောင်ကုမ္ပဏီများအား သုတေသန ရန်ပုံငွေ၊ ပူးပေါင်းတီထွင်ထားသော နည်းပညာဆိုင်ရာ လမ်းပြမြေပုံများဖြင့် ပံ့ပိုးကူညီခဲ့ပြီး ယင်းကုမ္ပဏီများ၏ အသေးစိတ် လိုအပ်ချက်ကိုသာမက ယင်းတို့၏ ကုန်ကြမ်းပေးသွင်းသူ မိတ်ဖက်များနှင့် ကုန်ချောဝယ်ယူသူ မိတ်ဖက်များ၏ လိုအပ်ချက်များကိုလည်း အလေးထားလျက်ရှိသည်။
ဆုံးဖြတ်ချက်ချမှတ်ခြင်း၊ သုတေသနနှင့် ဖွံ့ဖြိုးမှုဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု၊ သုတေသန အဖွဲ့အစည်းနှင့် စီးပွားဖြစ်လုပ်ဆောင်ခြင်း စသည်တို့တွင် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများ၏ အခန်းကဏ္ဍကို အားပေးမြှင့်တင်ခြင်းဖြင့် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများ ဦးဆောင်သည့် ဆန်းသစ်တီထွင်မှုအား လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်ကြောင်း တရုတ်နိုင်ငံ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးဖြစ်သူ ချင်ဟောက်ယွမ်က ဆိုသည်။
အရေးပါသော နိုင်ငံတော်အဆင့် သုတေသန စီမံကိန်းများတွင် ပါဝင်လာရန်အလို့ငှာ အခြား ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများကိုလည်း သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှုကဏ္ဍတွင် ငွေကြေးပိုမိုသုံးစွဲလာအောင် တွန်းအားပေးရန် ရည်ရွယ်လျက် ပိုမိုကောင်းမွန်သည့် အခွန်မူဝါဒများဖြင့် ပံ့ပိုးပေးလျက်ရှိသည်ဟု ချင်က အလေးအနက်ပြောကြားခဲ့သည်။
သုတေသန အဖွဲ့အစည်းအနေဖြင့်လည်း အဆင့်မြင့် ဆန်းသစ်တီထွင်မှု ပလက်ဖောင်းများ ထူထောင်ရန်အတွက် တက္ကသိုလ်များ၊ သုတေသန အဖွဲ့အစည်းများ၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများနှင့်အတူ ဆန်းသစ်တီထွင်မှုဆိုင်ရာ အကျိုးတူပူးပေါင်းသည့် အဖွဲ့အစည်းများ ဖွဲ့စည်းရာတွင် ဦးဆောင်ရန် ထိပ်တန်း ပုဂ္ဂလိက နည်းပညာကုမ္ပဏီများအား တိုက်တွန်းထားကြောင်း ချင်က ဖြည့်စွက်ပြောကြားခဲ့သည်။
စက်မှုနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးဖြစ်သူ ကန်းရှောင်ပင်းကလည်း ယင်းအား ထောက်ခံပြောဆိုကာ သက်ဆိုင်ရာ လမ်းညွှန်ချက်များ မူကြမ်းရေးဆွဲခြင်းနှင့် စီမံကိန်း အကဲဖြတ်ခြင်းတို့ လုပ်ဆောင်ရာတွင် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများ ပါဝင်မှုအား ချဲ့ထွင်ရန် လိုအပ်သည်ဟု အလေးအနက်ပြောကြားခဲ့သည်။ (Xinhua)
……………………………………………………………………….
(English Version)
(China Economic Roundtable) China strengthens enterprise role in innovation-driven development
BEIJING, July 28 (Xinhua) — China is stepping up efforts to solidify the role of enterprises as a core driver of innovation, as officials and experts urge a stronger synergy between scientific and industrial innovation to foster new quality productive forces.
Enterprises should lead in identifying innovation needs, investing in R&D, and applying results, said Liu Qing, director of the National Innovation Center par Excellence, at the latest episode of the China Economic Roundtable, an all-media talk show hosted by Xinhua News Agency.
“The biggest challenge lies in uncovering real demand,” Liu noted. To address this, the center has supported leading firms with research funding and co-developed technology roadmaps focusing on their specific needs, as well as those of their upstream and downstream partners.
Qin Haoyuan, an official with the Ministry of Science and Technology, said efforts are underway to institutionalize enterprise-led innovation by reinforcing their role in decision-making, R&D investment, research organization, and commercialization.
More enterprises are being supported to participate in key national research projects, with improved tax policies aimed at encouraging greater R&D spending, Qin noted.
In terms of research organization, leading tech enterprises are encouraged to take the lead in forming innovation consortia with universities, research institutes, and small and medium-sized enterprises, to build high-level innovation platforms, Qin added.
Echoing this, Gan Xiaobin, an official with the Ministry of Industry and Information Technology, emphasized the need to expand enterprise participation in the drafting of relevant guidelines and project evaluations.
English Caption
Liu Qing, director of the National Innovation Center par Excellence (NICE), speaks at the recording site of the latest episode of China Economic Roundtable, an all-media talk show hosted by Xinhua News Agency. (Xinhua/Chen Yehua)