International Organizations
မန်စီးတီးအသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးချိန်တွင် နှစ်နှင့်ချီ အနားယူရန် စီစဉ်ထားဟု ဂွါဒီယိုလာ ပြော

လန်ဒန်၊ ဇူလိုင် ၂၉ ရက် (ဆင်ဟွာ)
မန်ချက်စတာစီးတီးအသင်းနည်းပြ ပက်ပ် ဂွါဒီယိုလာက ၎င်းအနေဖြင့် အသင်းမှ ထွက်ခွာပြီးနောက် ဘောလုံးလောကမှ အချိန်ကာလတစ်ခုအထိ အနားယူမည်ဟု ဖွင့်ဟပြောဆိုခဲ့သည်။
GQ Hype မဂ္ဂဇင်းနှင့် အင်တာဗျူး၌ ဂွါဒီယိုလာက ပြီးခဲ့သည့်ရာသီတွင် မန်စီးတီးအသင်း ပရီးမီးယားလိဂ်တွင် အဆင့်-၃ ဖြင့်သာ ရာသီသိမ်းခဲ့ပြီး ချန်ပီယံလိဂ်တွင်လည်း နောက်ဆုံး ၁၆ သင်းအဆင့်သို့ တက်ရောက်နိုင်ခဲ့ခြင်းမရှိဘဲ ရုန်းကန်ခဲ့ရသည့် အခြေအနေများကို ပြန်ပြောင်းပြောဆိုခဲ့သလို ၎င်း၏အလုပ်မှာ ရုပ်ပိုင်းဆိုင်ရာအရသာမက စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုများကိုလည်း ဖြစ်ပေါ်စေကြောင်း သုံးသပ်ပြောဆိုခဲ့သည်။
“စီးတီးနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးချိန်မှာ ကျွန်တော် ကာလတစ်ခုအထိ အနားယူရမယ်ဆိုတာကို သိပါတယ်။ အဲဒါက ကျိန်းသေပါတယ်။ ကျွန်တော် ဆုံးဖြတ်ပြီးပါပြီ။ ဆုံးဖြတ်ထားတာထက်ကို ပိုပါတယ်” ဟု အသက် ၅၄ နှစ်အရွယ် ဂွါဒီယိုလာက ပြောကြားခဲ့သည်။ ၎င်း မန်စီးတီးအသင်းနှင့် ချုပ်ဆိုထားသော စာချုပ်မှာ ၂၀၂၇ ခုနှစ်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။
“ကျွန်တော် ဘယ်လောက်ကြာကြာ အနားယူမယ်ဆိုတာကိုတော့ မသိသေးပါဘူး။ တစ်နှစ်၊ နှစ်နှစ်၊ သုံးနှစ်၊ ငါးနှစ်၊ ဆယ်နှစ်၊ ဆယ့်ငါးနှစ် အတိအကျတော့ မပြောနိုင်သေးပါဘူး။ ဒါပေမဲ့ စီးတီးနဲ့ စာချုပ်သက်တမ်း ပြည့်သွားရင်တော့ ကျွန်တော် အနားယူမှာပါ။ အကြောင်းရင်းကတော့ ကျွန်တော် အနားယူပြီး ကိုယ့်ကိုယ်ကိုယ်အတွက်၊ ကျန်းမာရေးအတွက် အာရုံစိုက်ဖို့ လိုအပ်နေလို့ပါပဲ” ဟု ဂွါဒီယိုလာက အခိုင်အမာပြောဆိုခဲ့သည်။ ၎င်းအနေဖြင့် ၂၀၁၂ ခုနှစ်တွင် ဘာစီလိုနာအသင်းမှ ထွက်ခွာခဲ့စဉ်ကလည်း အလားတူ ဆုံးဖြတ်ချက်ချခဲ့ပြီး တစ်နှစ်ကြာ အနားယူခဲ့ကြောင်း သိရသည်။
အချိန်ကြာလာသည်နှင့်အမျှ အနည်းငယ် ထိုင်းမှိုင်းလေးလံလာသည်ကို သတိပြုမိကြောင်း၊ သို့သော် မိမိ၏ အလုပ်မှာ ကစားသမားများ၊ အသင်းဥက္ကဋ္ဌနှင့် အားကစားဒါရိုက်တာ စသည့် မိမိအပေါ် ယုံကြည်သူ၊ ချစ်ခင်သူများစွာက ယုံကြည်စွာအပ်နှင်းထားသည့် တာဝန်များရှိနေသည်ဟု ခံစားမိကြောင်း ဂွါဒီယိုလာက ထောက်ပြခဲ့သည်။
ဘောလုံးနည်းပြအလုပ် ဆိုသည်မှာ ပုံမှန်အားဖြင့် ပဋိပက္ခနှင့် မလွဲမသွေကြုံရမည့် အဓိပ္ပာယ်ပင် ဖြစ်သည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။
“ကျွန်တော့်မှာ ကစားသမား ၂၃ ယောက်ရှိပြီး သူတို့ထဲကနေ ၁၁ ယောက်ကို သုံးရက်တစ်ခါ ရွေးရတယ်။ တချို့က ကျွန်တော် သူတို့ကို သဘောမကျဘူးလို့ ထင်နေကြတယ်။ အဲဒီလို လုံးဝမဟုတ်ပါဘူး။ ပဋိပက္ခတွေမရှိဘဲ နေနိုင်ဖို့က ဘယ်ဖြစ်နိုင်ပါ့မလဲဗျာ။ မဖြစ်နိုင်ပါဘူး” ဟု ဂွါဒီယိုလာက ရှင်းပြခဲ့သည်။ (Xinhua)
……………………….
(English Version)
Guardiola plans sabbatical after Man City tenure ends
LONDON, July 28 (Xinhua) — Manchester City coach Pep Guardiola says he will take a break from football when he eventually leaves the Premier League side.
Speaking to GQ Hype Magazine, Guardiola looked back on his side’s struggles last season, as City finished a distant third in the Premier League and failed to reach the last 16 of the Champions League, and also discussed the strain his job takes both physically and mentally.
“I know that after this spell with City I’m going to stop, that’s for sure, it’s decided, more than decided,” said the 54-year-old, whose current contract expires in 2027.
“I don’t know how long I’ll stop for, one year, two years, three years, five, ten, fifteen, I don’t know. But I’m going to stop after this spell with City, because I need to stop and focus on myself, on my body,” insisted Guardiola, who took a similar decision to have a year out of football after leaving FC Barcelona in 2012.
Guardiola said that he had “learned to slow down a bit” with the passing of time, but pointed out that in his job he felt responsibility to “many people who trust you, who love you: the players, the president, the sporting director.”
He also pointed out that the job of football coach meant that conflict was bound to arise on a regular basis.
“I have 23 players and I choose 11 every three days. The others feel like I don’t love them, and it’s the opposite. How can there not be conflicts? Impossible,” he explained.
English Caption
Pep Guardiola (2nd R), head coach of Manchester City, communicates with Tijjani Reijnders (1st R) during the round of 16 match between Manchester City of England and Al Hilal of Saudi Arabia at the FIFA Club World Cup 2025 at the Camping World Stadium, Orlando, Florida, the United States, June 30, 2025. (Xinhua/Xu Chang)