Connect with us

China

တရုတ်နိုင်ငံအနေဖြင့် မိမိတို့၏ အကျိုးစီးပွားကို စတေးစေမည့် စည်းကြပ်ခွန် သဘောတူညီချက်မှန်သမျှကို ဆန့်ကျင်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြော

ပေကျင်း၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံအနေဖြင့် မည်သည့်နိုင်ငံမဆို တရုတ်နိုင်ငံ၏ အကျိုးစီးပွားကို စတေးစေမည့် ကုန်သွယ်မှုသဘောတူညီချက်များ ချုပ်ဆိုခြင်းကို ပြင်းထန်စွာ ကန့်ကွက်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဇူလိုင် ၃ ရက်တွင် ပြောကြားခဲ့သည်။
ပြောရေးဆိုခွင့်ရှိသူ ဟယ်ရုန်ချန်က အမေရိကန်နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့အကြား ကုန်သွယ်မှုသဘောတူညီချက်နှင့်ပတ်သက်၍ မီဒီယာ၏ မေးမြန်းမှုကို တုံ့ပြန်ရာတွင် တရုတ်နိုင်ငံအနေဖြင့် ဖြစ်ပေါ်တိုးတက်မှုများကို အကဲဖြတ်နေကြောင်း မှတ်ချက်ပြုခဲ့သည်။
အမေရိကန်နိုင်ငံက ၎င်း၏ ကုန်သွယ်ဖက်နိုင်ငံများအပေါ် “အပြန်အလှန် စည်းကြပ်ခွန်” ဟု ခေါ်ဆိုသည့် အခွန်များ ချမှတ်ခြင်းသည် စံတင်လောက်သော တစ်ဖက်သတ် အနိုင်ကျင့်သည့် လုပ်ရပ်ဖြစ်ပြီး တရုတ်နိုင်ငံက အစဉ်တစိုက် ဆန့်ကျင်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။
အခြားနိုင်ငံများက အမေရိကန်နိုင်ငံနှင့် ကုန်သွယ်မှုကွဲပြားမှုများကို တန်းတူ ဆွေးနွေးညှိနှိုင်းမှုများမှတစ်ဆင့် ဖြေရှင်းရန် ကြိုးပမ်းမှုများကို တရုတ်က ထောက်ခံသော်လည်း တရုတ်နိုင်ငံ၏ အကျိုးစီးပွားကို စတေးစေနိုင်သည့် ကုန်သွယ်မှုသဘောတူညီချက်များ ချုပ်ဆိုမည့် မည့်သည့်နိုင်ငံကိုမဆို ပြင်းထန်စွာ ကန့်ကွက်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ထပ်လောင်းပြောကြားခဲ့သည်။
“ဒီလိုအခြေအနေမျိုး ဖြစ်ပေါ်လာခဲ့ရင် တရုတ်နိုင်ငံက မိမိရဲ့ တရားဝင်အခွင့်အရေးနဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့အတွက် ပြတ်သားတဲ့ တန်ပြန်အစီအမံတွေကို လုပ်ဆောင်သွားပါမယ်” ဟု ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
………………………
(English Version)
China opposes any tariff deal that comes at its expense: commerce ministry
BEIJING, July 3 (Xinhua) — China firmly opposes any country making trade deals at the expense of Chinese interests, a spokesperson for the Ministry of Commerce said on Thursday.
Spokesperson He Yongqian made the remarks in response to a media query regarding the trade deal between the United States and Vietnam, noting China is evaluating relevant development.
She said that the U.S. imposition of so-called “reciprocal tariffs” on its trade partners is a typical act of unilateral bullying, a practice China has consistently opposed.
The spokesperson added that China supports efforts by other countries to resolve trade differences with the United States through consultations on equal footing, but firmly opposes any country reaching a deal at the expense of China’s interests.
“If such a situation arises, China will take resolute countermeasures to safeguard its legitimate rights and interests,” she said.