International Organizations
ယာဉ်တိုက်မှုကြောင့် ကွယ်လွန်သွားသည့် လီဗာပူးလ်ကစားသမား ဒီယိုဂို ဂျိုတာနှင့် ညီဖြစ်သူအတွက် ကလပ်အသင်းများနှင့် ကစားသမားများက အောက်မေ့ဂုဏ်ပြု

လန်ဒန်၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ)
စပိန်နိုင်ငံ အနောက်မြောက်ပိုင်းတွင် ဇူလိုင် ၃ ရက် နံနက်အစောပိုင်းက ဖြစ်ပွားခဲ့သည့် ယာဉ်တိုက်မှုအတွင်း လီဗာပူးလ်အသင်းနှင့် ပေါ်တူဂီလက်ရွေးစင် ကစားသမား ဒီယိုဂို ဂျိုတာနှင့် ၎င်း၏ညီဖြစ်သူ အန်ဒရေတို့ ကွယ်လွန်သွားပြီးနောက် လီဗာပူးလ်အသင်းနှင့် နာမည်ကျော်ဘောလုံးသမား ခရစ္စတီယာနို ရော်နယ်ဒိုတို့က ဂျိုတာအား အောက်မေ့ဂုဏ်ပြုမှုများကို ဦးဆောင်ခဲ့သည်။
ဂျိုတာတို့ ညီအစ်ကိုနှစ်ဦး မောင်းနှင်လာသော Lamborghini ပြိုင်ကားမှာ စပိန်နိုင်ငံ ပလာစီယို့စ် ဒီဆာနာဘရီယာမြို့ရှိ A52 အဝေးပြေးလမ်းမ၌ တာယာပွင့်၍ တိမ်းမှောက်ကာ မီးလောင်ကျွမ်းခဲ့ပုံရပြီးနောက် ၎င်းတို့နှစ်ဦးလုံး ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။
ဂျိုတာ၏ မိခင်ကလပ်ဖြစ်သော လီဗာပူးလ်အသင်းက ယခုဖြစ်ရပ်ဆိုးကြောင့် ကွယ်လွန်သွားခဲ့သည့် ဂျိုတာအတွက် အလွန်အမင်း ပူဆွေးဝမ်းနည်းမိကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီး ဒီယိုဂိုနှင့် အန်ဒရေတို့၏ မိသားစု၊ မိတ်ဆွေများ၊ အသင်းဖော်များနှင့် အသင်းမှဝန်ထမ်းအားလုံး အေးအေးချမ်းချမ်း ရှိစေရန်လည်း မေတ္တာရပ်ခံခဲ့သည်။ အသက် ၂၈ နှစ်အရွယ် ဂျိုတာမှာ လီဗာပူးလ်အသင်းတွင် ငါးနှစ်ကြာ ကစားခဲ့သူဖြစ်သည်။
“ကျွန်တော်တို့အနေနဲ့ သူတို့အတွက် အပြည့်အဝ ပံ့ပိုးမှုတွေ ဆက်လုပ်သွားမှာပါ” ဟု လီဗာပူးလ်အသင်းက ပြောကြားခဲ့သည်။ လီဗာပူးလ်နည်းပြဟောင်း ယာဂန် ကလော့ပ်ကလည်း ၎င်းအနေဖြင့် များစွာစိတ်ထိခိုက်ခံစားရပြီး ၎င်းတို့၏ ကွယ်လွန်မှုအတွက် နားမလည်နိုင်လောက်အောင်ပင်ဖြစ်မိကြောင်း ဝန်ခံခဲ့သည်။
“ဒါက ကျွန်တော့်အတွက် ဖြတ်သန်းဖို့ခက်ခဲတဲ့ အခိုက်အတန့်တစ်ခုပါ။ ပိုကြီးမားတဲ့ အကြောင်းတစ်ခုခုရှိနိုင်ပေမဲ့ ကျွန်တော်လည်း မသိပါဘူး။ ဒီယိုဂိုက ကစားသမားကောင်းတစ်ယောက် ဖြစ်ရုံတင်မကဘဲ မိတ်ဆွေကောင်းတစ်ယောက်၊ ချစ်ခင်ကြင်နာတတ်တဲ့ ခင်ပွန်းတစ်ယောက်၊ ဖခင်တစ်ယောက်လည်းဖြစ်ပါတယ်။ ကျွန်တော်တို့ သူ့ကို အကြီးအကျယ် လွမ်းဆွတ်သတိရနေမှာပါ” ဟု ကလော့ပ်က ဆိုရှယ်မီဒီယာပေါ်တွင် ပို့စ်တင်ခဲ့သည်။
လက်ရွေးစင်အသင်း ကစားဖော်ဖြစ်သူ ခရစ္စတီယာနို ရော်နယ်ဒိုကလည်း ဂျိုတာအား အောက်မေ့ဂုဏ်ပြုခဲ့ပြီး မကြာမီက ပေါ်တူဂီအသင်းနှင့်အတူ ယူအီးအက်ဖ်အေ နေးရှင်းလိဂ်ဆုဖလား ဆွတ်ခူးနိုင်ခဲ့သည့် အောင်မြင်မှုကိုလည်း အမှတ်တရပြောဆိုခဲ့သည်။
ထို့အတူ ကလပ်အသင်းများစွာကလည်း ဂျိုတာ ကွယ်လွန်သွားသည့်အတွက် ဝမ်းနည်းပူဆွေးကြောင်း၊ ၎င်း၏မိသားစုအား အားပေးကြောင်း ကြေညာချက်များ အသီးသီးထုတ်ပြန်ခဲ့သည်။ နာမည်ကြီး အသင်းတစ်သင်းဖြစ်သော ရီးရဲလ်မက်ဒရစ်ကလည်း ကွယ်လွန်သူများ၏ မိသားစု၊ ချစ်ခင်သူများနှင့် သက်ဆိုင်ရာ ကလပ်အသင်းများမှ အသင်းဖော်များအတွက် ဝမ်းနည်းပူဆွေးမိပြီး ၎င်းတို့အား အားပေးသလို ဘောလုံးလောကတစ်ခုလုံးနှင့်အတူ ထပ်တူထပ်မျှ နက်နက်ရှိုင်းရှိုင်း ပူဆွေးဝမ်းနည်းမိကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ (Xinhua)
……………
(English Version)
Tributes pour in after Liverpool’s Diogo Jota and brother die in car crash
LONDON, July 3 (Xinhua) — Liverpool FC and Cristiano Ronaldo have led tributes to Portugal international Diogo Jota, after he and his brother Andre died in a car crash in northwestern Spain in the early hours of Thursday morning.
The brothers died when their Lamborghini went off the A52 road, possibly due to a tire exploding, and burst into flames, shortly after midnight in Spain.
28-year-old Jota had been with Liverpool for five years and his club said it was “devastated by [his] tragic passing,” while also requesting privacy for Diogo and Andre’s family, friends, teammates and club staff.
“We will continue to provide them with our full support,” said the club, while former Liverpool coach Jurgen Klopp admitted he was “heartbroken” and struggling to understand the deaths.
“This is a moment where I struggle. There must be a bigger purpose. But I can’t see it, Diogo was a not only a fantastic player, but also a great friend, a loving and caring husband and father. We will miss you so much,” Klopp posted on social media.
In his tribute to Jota, Cristiano Ronaldo also looked back to Portugal’s recent triumph in the UEFA Nations League.
Many football clubs also expressed messages of support and condolence, with Real Madrid posting: “Real Madrid expresses its condolences and support to their family, loved ones and teammates at their respective clubs,” while adding the club “shares in the deep sorrow felt by the footballing world.”