Connect with us

China

တရုတ်နိုင်ငံခြားရေးဝန်ကြီးက ယူကရိန်းပဋိပက္ခအရေးအားအဖြေရှာရန် ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြုလုပ်ရန် တိုက်တွန်း

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၊ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်လည်းဖြစ်သူ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ဂျာမနီနိုင်ငံခြားရေးဝန်ကြီး Johann Wadephul တို့ ဂျာမနီနိုင်ငံ ဘာလင်မြို့တွင် ၂၀၂၅ ခုနှစ် ဇူလိုင် ၃ ရက်က ပူးတွဲသတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ် (ဆင်ဟွာ)

ဘာလင်၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံအနေဖြင့် ယူကရိန်းပဋိပက္ခအရေး အဖြေရှာရန် ငြိမ်းချမ်းရေးဆွေးနွေးမှုများကို တစ်သမတ်တည်း ထောက်ခံအားပေးခဲ့ပြီး ဘက်စုံ၊ ထာဝရ ငြိမ်းချမ်းရေးသဘောတူညီမှု ရရှိနိုင်ရန် သက်ဆိုင်ရာအသီးသီး၏ ကြိုးပမ်းအားထုတ်မှုများကို ကြိုဆိုကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ဇူလိုင် ၃ ရက်၌ ပြောကြားခဲ့သည်။
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၊ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်လည်းဖြစ်သူ ဝမ်က ဂျာမနီနိုင်ငံခြားရေးဝန်ကြီး Johann Wadephul နှင့် ဘာလင်မြို့တွင် ပူးတွဲသတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ် အထက်ပါအတိုင်း မှတ်ချက်ပြုခဲ့ခြင်း ဖြစ်သည်။
ယူကရိန်းပဋိပက္ခနှင့်စပ်လျဉ်း၍ တရုတ်နိုင်ငံ၏ ရပ်တည်ချက်မှာ ပွင့်လင်း၍ တစ်သမတ်တည်းဖြစ်ကာ ပဋိပက္ခတွင် ပါဝင်ပတ်သက်သူများအား လူသေစေနိုင်သောလက်နက်များ ပံ့ပိုးပေးခြင်းမရှိသလို ဒရုန်းများအား တင်းကြပ်ထားခြင်း အပါအဝင် (အရပ်ဘက်/စစ်ဘက်) နှစ်မျိုးသုံးပစ္စည်းကိရိယာများ တင်ပို့မှုကိုလည်း ထိန်းချုပ်ထားကြောင်း ဝမ်က ဆိုသည်။
တရုတ်နိုင်ငံသည် နိုင်ငံတကာ တာဝန်ဝတ္တရားများကို ထမ်းဆောင်သည်သာမက ကုလသမဂ္ဂတွင် ဘရာဇီးနိုင်ငံနှင့် အခြားကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ ပါဝင်သော “ငြိမ်းချမ်းရေး မိတ်ဆွေများ” အဖွဲ့ကိုလည်း အဆိုပြုထားကာ အပစ်အခတ်ရပ်စဲရေးနှင့် ပဋိပက္ခအဆုံးသတ်ရေးအတွက် ကြီးမားသော ကြိုးပမ်းအားထုတ်မှုများအား စုစည်းလျက်ရှိကြောင်း၊ ထို့ပြင် တရုတ်နိုင်ငံ၏ ဓမ္မဓိဋ္ဌာန်ကျ၍ မျှတသောရပ်တည်ချက်ကို နိုင်ငံတကာ အသိုင်းအဝိုင်းက ကျယ်ကျယ်ပြန့်ပြန့် အသိအမှတ်ပြုထားပြီးဖြစ်ကြောင်း ဝမ်က ပြောကြားခဲ့သည်။
မည်သို့ပင် ခက်ခဲရှုပ်ထွေးသော အခြေအနေ တွေ့ကြုံခဲ့ရစေကာမူ ငြိမ်းချမ်းရေးနှင့် ပြန်လည်ရင်ကြားစေ့ရေး တံခါးကို ပိတ်ထား၍မရကြောင်းကို လွန်ခဲ့သော ရာစုနှစ်များအတွင်း ဥရောပ၏ သမိုင်းကြောင်းက သက်သေပြခဲ့ကြောင်း ဝမ်က ထည့်သွင်းပြောကြားခဲ့သည်။ (Xinhua)
…………………….
(English Version)
Chinese FM calls for peace talks to solve Ukraine crisis
BERLIN, July 3 (Xinhua) — Chinese Foreign Minister Wang Yi said on Thursday that China has consistently advocated for peace talks to solve the Ukraine crisis and welcomes the efforts of all parties to reach a comprehensive, lasting, and binding peace agreement.
Wang, also a member of the Political Bureau of the Communist Party of China Central Committee, made the remarks at a joint press conference with German Foreign Minister Johann Wadephul in Berlin.
Wang said China’s position on the Ukraine crisis has been open and consistent, which includes to insist on peace talks, not to provide lethal weapons to the parties in the conflict, and to control the export of (civilian/military) dual-use items, including drones strictly.
China has not only fulfilled its international responsibilities, but also initiated the “Friends of Peace” group with Brazil and other Global South countries at the United Nations, mobilizing greater efforts for ceasefire and ending the conflict, Wang said, adding that China’s objective and fair position has been widely recognized by the international community. The history of Europe over the past centuries has proved that no matter how complex and difficult the situation is, the door to peace and reconciliation should not be closed, Wang said.
Photo: Chinese Foreign Minister Wang Yi, also a member of the Political Bureau of the Communist Party of China Central Committee, and German Foreign Minister Johann Wadephul jointly meet the press in Berlin, Germany, July 3, 2025. (Xinhua/Zhang Fan)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.