Connect with us

North America

ထရမ့်၏ “ကြီးမြတ်၍ တင့်တယ်လှပမှု (One Big Beautiful Bill)” ဥပဒေကြမ်းအား အမေရိကန်အောက်လွှတ်တော် အတည်ပြု

အမေရိကန်နိုင်ငံ မြို့တော်ဝါရှင်တန်ရှိ အမေရိကန် ကွန်ဂရက်လွှတ်တော် အဆောက်အအုံအား ၂၀၂၅ ခုနှစ် ဇူလိုင် ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နယူးယောက်၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ)
အမေရိကန် အောက်လွှတ်တော်က သမ္မတ ဒေါ်နယ်ထရမ့်၏ “ကြီးမြတ်၍ တင့်တယ်လှပမှု (One Big Beautiful Bill)” အခွန်နှင့် အသုံးစရိတ် ဥပဒေကြမ်းကို ၂၁၈-၂၁၄ မဲဖြင့် ဇူလိုင် ၃ ရက်က အတည်ပြုလိုက်ပြီဖြစ်သည်။
ထိုဥပဒေကြမ်းအား နောက်ဆုံးသတ်မှတ်ရက်ဖြစ်သော ဇူလိုင် ၄ ရက်အမီ ဥပဒေအဖြစ် အတည်ပြုပြဋ္ဌာန်းရန်အတွက် သမ္မတရုံးခန်းသို့ ပေးပို့မည်ဖြစ်ကာ ထရမ့်က လက်မှတ်ရေးထိုးသွားမည်ဖြစ်သည်။
ရီပက်ဘလစ်ကန် အောက်လွှတ်တော်အမတ် နှစ်ဦးဖြစ်သော ကန်တက်ကီပြည်နယ် လွှတ်တော်အမတ် သောမတ်စ် မက်ဆီနှင့် ပန်ဆီဗေးနီးယားပြည်နယ် လွှတ်တော်အမတ် ဘရိုင်ယန် ဖစ်ဇ်ပက်ထရစ်တို့က အဆိုပါဥပဒေကြမ်းအား ကန့်ကွက်မဲပေးခဲ့သည်။
အောက်လွှတ်တော်အနေဖြင့် ကနဦး ဥပဒေကြမ်းကို မေလအတွင်း အတည်ပြုခဲ့ပြီး ဆီးနိတ်လွှတ်တော်ထံ ဆက်လက်တင်သွင်းခဲ့ရာ ဆီးနိတ်၌ ယင်းဥပဒေကြမ်းအား ကြီးကြီးမားမား ပြင်ဆင်မှုများ ပြုလုပ်ခဲ့ပြီး ထောက်ခံမဲ၊ ကန့်ကွက်မဲအရေအတွက်ချင်း တူညီနေသော်လည်း ဒုတိယသမ္မတ ဂျေဒီဗန့်စ်၏ ထောက်ခံမဲကြောင့်သာ ဇူလိုင် ၁ ရက်၌ ပွတ်ကာသီကာ အတည်ပြုနိုင်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ အခွန်နှင့် အသုံးစရိတ် ဥပဒေကြမ်း၌ အခွန်အကောက်လျှော့ချခြင်း၊ စစ်အသုံးစရိတ်နှင့် နယ်စပ်လုံခြုံရေးအတွက် ရန်ပုံငွေတိုးမြှင့်ခြင်းတို့ ပါဝင်ကြောင်း သိရသည်။ ထိုဥပဒေကြမ်းနှင့် စပ်လျဉ်း၍ အငြင်းပွားနေသည့်အချက်မှာ လက်ရှိမြင့်မားနေသော နိုင်ငံ့ကြွေးမြီပမာဏအား ဒေါ်လာ ၃.၃ ထရီလီယံ ထပ်တိုးစေဖွယ်ရှိကာ လူသန်းနှင့်ချီ၍ ကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ် (Medicaid) နှင့် အာဟာရထောက်ပံ့မှု ခံစားခွင့်များ ရုပ်သိမ်းခံရဖွယ် ရှိခြင်းကြောင့်ဖြစ်သည်။
ယင်းသည် ထရမ့်၏ ဒုတိယ ရာထူးသက်တမ်းအတွင်း ပထမဆုံးသော ဥပဒေပြုရေးဆိုင်ရာ ကြီးကြီးမားမား အောင်မြင်မှုတစ်ခုဖြစ်သည်။ ကွန်ဂရက်လွှတ်တော်၌ ရီပက်ဘလစ်ကန် အမတ်များကြား ထိုဥပဒေကြမ်းနှင့် ပတ်သက်၍ အကြီးအကျယ် သဘောထားကွဲလွဲခဲ့သော်လည်း ထရမ့်နှင့် ကွန်ဂရက်ရှိ ၎င်း၏မဟာမိတ်များက သဘောထားကွဲလွဲနေသော ရီပက်ဘလစ်ကန် အမတ်များအား ၎င်းတို့နှင့် တစ်သားတည်းရပ်တည်ရန် ဖိအားပေးခဲ့ပြီးမှသာ ထိုဥပဒေကြမ်းကို ဆီးနိတ်လွှတ်တော်နှင့် အောက်လွှတ်တော်တို့တွင် အတည်ပြုနိုင်ခဲ့ခြင်းဖြစ်သည်။
ထိုဥပဒေကြမ်းအား လက်မှတ်ရေးထိုး အတည်ပြုမည့် အခမ်းအနားအား အမေရိကန်၏ လွတ်လပ်ရေးနေ့ အားလပ်ရက်ဖြစ်သော ဇူလိုင် ၄ ရက် အရှေ့ပိုင်းစံတော်ချိန် ညနေ ၅ နာရီတွင် အိမ်ဖြူတော်၌ ပြုလုပ်သွားမည်ဟု အိမ်ဖြူတော် ပြန်ကြားရေးတာဝန်ခံ ကာရိုလိုင်း လဲဗစ်ထ်က ပြောကြားခဲ့သည်။ (Xinhua)
………………………..
(English Version)
U.S. House passes Trump’s One Big Beautiful Bill
NEW YORK, July 3 (Xinhua) — The U.S. House of Representatives passed President Donald Trump’s One Big Beautiful Bill with a vote of 218 to 214 on Thursday.
The bill will be sent to the president’s desk for signing by the deadline of July 4, which was set by Trump.
Two Republican representatives, Thomas Massie of Kentucky and Brian Fitzpatrick of Pennsylvania, voted against the bill.
The House passed an earlier draft of the bill in May and sent it to the Senate, but the draft was broadly revised there and narrowly passed senators’ vote with Vice President JD Vance breaking the tie on Tuesday.
The tax and spending bill includes tax cuts and funding boosts for military expenditure and border security. What’s contentious is that the bill is forecast to add 3.3 trillion U.S. dollars to the national debt currently at a high level while stripping millions of people of Medicaid and food stamps.
This is Trump’s first major legislative achievement in his second term. Republican Congress members were widely divided on the bill, which passed the Senate and House voting only after the president and his Capitol Hill allies pressured those Republicans with different ideas to stand in line.
White House Press Secretary Karoline Leavitt said that the bill-signing ceremony is planned in the White House at 5 p.m. Friday Eastern Time (2100 GMT), which happens to be the Independence Day holiday.
English Caption
Photo taken on July 3, 2025 shows the U.S. Capitol building in Washington, D.C., the United States. (Xinhua/Hu Yousong)