Connect with us

China

တရုတ်လူငယ်အဖွဲ့ချုပ်နှင့် ကျောင်းသားအဖွဲ့ချုပ် အစည်းအဝေးများကျင်းပပြီးစီး၊ ခေါင်းဆောင်အသစ်များ ရွေးချယ်တင်မြှောက်

တရုတ်နိုင်ငံ မြို့တော် ပေကျင်းတွင် တရုတ်လူငယ်အဖွဲ့ချုပ် အစည်းအဝေး ကျင်းပပြီးစီးပုံကို ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ)
တရုတ်လူငယ်အဖွဲ့ချုပ်နှင့် ကျောင်းသားအဖွဲ့ချုပ် အစည်းအဝေးများသည် ဇူလိုင် ၃ ရက်က ကျင်းပပြီးစီးသွားပြီဖြစ်ရာ လာမည့် ၅ နှစ်တာကာလအတွက် လုပ်ငန်းစဉ်များ ချမှတ်ပြီး ခေါင်းဆောင်အသစ်များကို ရွေးချယ်တင်မြှောက်ခဲ့ကြောင်း သိရသည်။
ဇူလိုင် ၂ ရက်က စတင်ခဲ့သော ထိုအစည်းအဝေးများတွင် လွန်ခဲ့သည့် ၅ နှစ်တာကာလအတွင်း အဖွဲ့ချုပ်များ၏ လုပ်ငန်းဆောင်ရွက်ချက်များကို အကျဉ်းချုပ်တင်ပြခဲ့ပြီး လာမည့် ၅ နှစ်တာကာလအတွက် လုပ်ငန်းစဉ်များ ချမှတ်ခဲ့ပြီး အဖွဲ့ချုပ်များ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြုပြင်ပြောင်းလဲရေးအတွက် အစီအစဉ်များကိုလည်း ရေးဆွဲခဲ့သည်။
တရုတ်လူငယ်အဖွဲ့ချုပ်၏ အစည်းအဝေးတွင် တရုတ်နိုင်ငံကွန်မြူနစ်လူငယ်အဖွဲ့ချုပ်မှ အကြီးတန်းအရာရှိ ရွှီရှောင်ကို အဖွဲ့ချုပ်၏ ဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်ခဲ့သည်။
ထို့အတူ တရုတ်ကျောင်းသားအဖွဲ့ချုပ် အစည်းအဝေးတွင် အဖွဲ့ပေါင်း ၁၉၈ ဖွဲ့ပါဝင်သော ကော်မတီအသစ်တစ်ရပ်ကို ဖွဲ့စည်းပြီး ပေကျင်းတက္ကသိုလ် ကျောင်းသားသမဂ္ဂကို အဖွဲ့ချုပ်၏ သဘာပတိအဖွဲ့အဖြစ် ရွေးချယ်တင်မြှောက်ခဲ့သည်။
အဆိုပါ အစည်းအဝေးပွဲများက လူငယ်နှင့် ကျောင်းသားများအနေဖြင့် စံပြပုဂ္ဂိုလ်၊ စံနှုန်းများနှင့် ယုံကြည်ချက်များကို ခိုင်မာစွဲမြဲစွာ ထိန်းသိမ်းထားရန်၊ နိုင်ငံအပေါ် တာဝန်သိစိတ်ကို မွေးမြူရန်၊ သမိုင်းတာဝန်ကို ထမ်းပိုးရန်နှင့် တရုတ်နိုင်ငံ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးအတွက် ပံ့ပိုးမှုများ ပြုလုပ်နိုင်အောင် ကြိုးပမ်းကြရန် တိုက်တွန်းခဲ့ကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံ မြို့တော် ပေကျင်းတွင် တရုတ်ကျောင်းသားအဖွဲ့ချုပ် ညီလာခံ ကျင်းပပြီးစီးပုံကို ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

………………….
(English Version)
China’s youth, students’ federations conclude meetings, elect new leaderships
BEIJING, July 3 (Xinhua) — A session of the All-China Youth Federation and a congress of the All-China Students’ Federation concluded on Thursday, which outlined the work for the next five years and elected new leaderships.
During the meetings that opened on Wednesday, the work of the federations during the past five years were summarized, and arrangements for their work of the next five years as well as the federations’ development and reform were made.
During the session of the All-China Youth Federation, Xu Xiao, a senior official with the Communist Youth League of China, was elected as chairperson of the federation.
At the All-China Students’ Federation congress, a new committee was elected, consisting of 198 groups. The student union of Peking University was elected as the presiding group of the federation.
The gathering called on young people and students to maintain firm ideals and convictions, foster a sense of responsibility to the country, shoulder their historic mission, and strive to make their contributions to the Chinese modernization.
Photo 1 – A session of the All-China Youth Federation concludes in Beijing, capital of China, July 3, 2025. (Xinhua/Cai Yang)
Photo 2 – A congress of the All-China Students’ Federation concludes in Beijing, capital of China, July 3, 2025. (Photo by Tian Jiashuo/Xinhua)