Connect with us

China

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က တရုတ်ကွန်မြူနစ်ပါတီဝင်ဖြစ်လာသည့် အသက် ၉၂ နှစ်အရွယ်ရှိ နာမည်ကျော် သရုပ်ဆောင်အား အားပေးနှုတ်ခွန်းဆက်စကားပါး

ပေကျင်း၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်က တရုတ်ကွန်မြူနစ်ပါတီဝင် ဖြစ်လာသည့် နာမည်ကျော် သရုပ်ဆောင် ယိုပန်ချန်းအား ၎င်း၏ အားပေးနှုတ်ခွန်းဆက်စကားပါးရန်အတွက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ စည်းရုံးရေးဌာနမှ ဦးဆောင်အရာရှိများကို တာဝန်ပေးအပ်ခဲ့ကြောင်း သိရသည်။ အသက် ၉၂ နှစ်အရွယ်ရှိ ယိုပန်ချန်းသည် မကြာသေးမီကမှ တရုတ်ကွန်မြူနစ်ပါတီသို့ ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံတော်သမ္မတ၊ ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်က ယိုပန်ချန်း ပါတီဝင်ဖြစ်လာခဲ့သည့် သတင်းကြားသိရသည့်အတွက် ဝမ်းမြောက်မိကြောင်းနှင့် ပါတီအပေါ် ယိုပန်ချန်း၏ သစ္စာရှိမှုသည် အမှန်တကယ် စိတ်နှလုံး ချမ်းမြေ့ဖွယ်ကောင်းကြောင်း ပြောကြားခဲ့သည်။
၁၉၃၃ ခုနှစ်တွင် မွေးဖွားခဲ့သော ယိုပန်ချန်းသည် တရုတ်အမျိုးသားပြဇာတ်ရုံမှ ထိပ်တန်း သရုပ်ဆောင်တစ်ဦးဖြစ်ပြီး ဆယ်စုနှစ်များစွာကြာအောင် ချစ်ခင်နှစ်သက်ဖွယ် ဇာတ်ရုပ်များကို စင်မြင့်ထက်နှင့် ရုပ်ရှင်များတွင် ပုံဖော်ဖန်တီးခဲ့သူ ဖြစ်ကြောင်းသိရသည်။ (Xinhua)
……………………
(English Version)
Xi sends regards to renowned actor who joins CPC at 92
BEIJING, July 4 (Xinhua) — Xi Jinping, general secretary of the Communist Party of China (CPC) Central Committee, entrusted leading officials of the CPC Central Committee’s Organization Department to convey his encouragement and regards to renowned actor You Benchang, who recently joined the Party at the age of 92.
Xi, also Chinese president and chairman of the Central Military Commission, said he was pleased to hear the news and described You’s faith in the Party as truly heartwarming.
You, born in 1933, is a first-class actor with the National Theatre of China who has spent decades bringing beloved characters to life on stage and screen.

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.