Connect with us

Asia

နိုင်ငံတကာ စည်းစနစ်နှင့် နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးစနစ်တို့ကို ထိန်းသိမ်းရာတွင် တရုတ်နိုင်ငံက အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေဟု ကာဂျစ္စတန် ကျွမ်းကျင်ပညာရှင် ပြော

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ် Wolong အမျိုးသား သဘာဝဘေးမဲ့တော Shenshuping ပန်ဒါဝက်ဝံကြီးများ စားကျက်ရှိ သစ်ပင်တစ်ပင်ပေါ်၌ ပန်ဒါဝက်ဝံ သားပေါက်တစ်ကောင် အနားယူနေပုံကို ၂၀၂၅ ခုနှစ် မတ် ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘစ်ရှ်ကက်၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံအနေဖြင့် နိုင်ငံတကာ စည်းစနစ်နှင့် နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးစနစ်တို့ကို ထိန်းသိမ်းရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသကဲ့သို့ နိုင်ငံတကာဆက်ဆံရေး နယ်ပယ်တွင်လည်း တရားမျှတမှု၊ အပြန်အလှန်အကျိုးဖြစ်ထွန်းမှုတို့အပေါ် အစဉ်အမြဲ အလေးထားလျက်ရှိသည်ဟု ကာဂျစ္စတန် ကျွမ်းကျင်ပညာရှင်တစ်ဦးက ပြောကြားခဲ့သည်။
သမိုင်းကြောင်းအရ ကြည့်မည်ဆိုလျှင် တရုတ်နိုင်ငံအနေဖြင့် ကမ္ဘာ့ရေးရာများတွင် အမြင်ကျယ်၍ ရေရှည်မျှော်တွေးသော ရှုထောင့်မှ ချဉ်းကပ်ခဲ့သည်ဟု Ala-Too နိင်ငံတကာတက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံပညာရှင်နှင့် ပါမောက္ခဖြစ်သူ ကူဘန်နစ်ချ်ဘက် တာဘာလ်ဒီယက်ဗ်က မကြာမီက ဆင်ဟွာသတင်းဌာနနှင့် အင်တာဗျူး၌ ပြောကြားခဲ့သည်။
“နိုင်ငံတကာ မျက်နှာစာမှာ တရုတ်နိုင်ငံရဲ့ ပုံရိပ် ကြီးမားလာတာဟာ ခေတ်မီဆန်းသစ်မှု သွင်ပြင်လက္ခဏာ အားလုံးနဲ့ အထူးသဖြင့် ကမ္ဘာ့တည်နေရာပြစနစ်တို့အတွက် အလွှာအသီးသီးပါဝင်တဲ့ မဟာဗျူဟာမြောက် ချဉ်းကပ်မှုပုံစံကြောင့်ပဲဖြစ်တယ်” ဟု ၎င်းက ပြောကြားခဲ့ပြီး ကမ္ဘာ့ရေးရာများတွင် တရုတ်နိုင်ငံ၏ ဩဇာကြီးထွားလာမှုကို မီးမောင်းထိုးပြခဲ့သည်။
တရုတ်နိုင်ငံမှာ ကမ္ဘာ့ထိပ်တန်း စီးပွားရေးဗဟိုချက်တစ်ခု၊ နိုင်ငံအများအပြားအတွက် အဓိကကျသော ကုန်သွယ်ဖက်နှင့် ရပ်ဝန်းနှင့် ပိုးလမ်းမ အဆိုပြုချက်မူဘောင်အရ အရေးပါသော ရင်းနှီးမြှုပ်နှံသူအဖြစ် ရပ်တည်နေကာ ယင်း၏ တိုးတက်အောင်မြင်မှုများကလည်း ကမ္ဘာ့တောင်ဘက်ခြမ်း၌ တရုတ်နိုင်ငံ၏ အပြုသဘောဆောင်သော ပုံရိပ်ကို ခိုင်မာအားကောင်းစေခဲ့သည်ဟု အဆိုပါ ကျွမ်းကျင်ပညာရှင်က ယုံကြည်လျက်ရှိသည်။
“ဦးဆောင် နိုင်ငံရေးပလေယာတွေ (political players) က သူတို့ရဲ့ ဩဇာလွှမ်းမိုးမှုကို ထိန်းထားနိုင်ဖို့ အပြင်းအထန် ကြိုးပမ်းနေပြီး အခြေခံကျတဲ့ အပြောင်းအလဲတွေနဲ့အတူ ပိုမိုရှုပ်ထွေးလာတဲ့ ကမ္ဘာကြီးမှာ လက်တွေ့ကျတဲ့ နိုင်ငံခြားရေးမူဝါဒကို ကိုင်စွဲထားတဲ့ တရုတ်နိုင်ငံဟာ နိုင်ငံတကာစည်းစနစ်ကို ထိန်းသိမ်းပြီး နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရာမှာ ပိုမိုအရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေတယ်” ဟု ၎င်းက အလေးအနက်ပြောကြားခဲ့သည်။
ယခုနှစ်မှာ ကုလသမဂ္ဂ တည်ထောင်မှု နှစ် ၈၀ ပြည့်မြောက်သည့် အခါသမယပင်ဖြစ်သည်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်ဖြစ်သော တရုတ်နိုင်ငံအနေဖြင့် ငြိမ်းချမ်းရေးထိန်းသိမ်းမှု မစ်ရှင်များ၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ အဆိုပြုချက်ဖိုရမ်များ၊ ကမ္ဘာလုံးဆိုင်ရာ သဘောတူညီချက်များတွင် တက်တက်ကြွကြွ ပါဝင်လျက်ရှိသည်ဟု တာဘာလ်ဒီယက်ဗ်က ဆိုသည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/4UG

အင်ဒိုနီးရှားနိုင်ငံ ပါဒါလာရန်ခရိုင်ရှိ ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်း (HSR) တစ်လျှောက်မှ ပါဒါလာရန်ဘူတာ စင်္ကြံ၌ မြန်နှုန်းမြင့် လျှပ်စစ်ရထားတစ်စင်းပေါ်သို့ ခရီးသည်များ တက်ရောက်နေပုံကို ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

…………………..
(English Version)
China plays significant role in maintaining international order, multilateralism — Kyrgyz expert
BISHKEK, July 4 (Xinhua) — China plays an important role in maintaining international order and multilateralism, and it always emphasizes justice and mutual benefit in international relations, a Kyrgyz expert said.
Historically, China has approached global issues from a broad, long-term perspective, said Kubanychbek Taabaldiev, a political scientist and professor of international relations at Ala-Too International University, in a recent interview with Xinhua.
“China’s growing image in the international arena is the result of the country’s strategic, multi-layered approach to all aspects of modernity, and especially to global positioning,” he said, highlighting China’s rising influence in world affairs.
The expert believes that China has become one of the world’s leading economic centers, a major trading partner for many countries and an important investor, especially within the framework of the Belt and Road Initiative, which, along with its achievements, has bolstered China’s positive image in the Global South.
“In an increasingly complex world undergoing fundamental changes, where leading political players strive to maintain their dominance, China, with its pragmatic foreign policy, plays an increasingly significant role in maintaining international order and fostering multilateral cooperation,” he emphasized.
This year marks the 80th anniversary of the United Nations. Taabaldiev noted that China, as a permanent member of the UN Security Council, actively participates in peacekeeping missions, initiative forums and global agreements on sustainable development, climate conservation and security. xhtxs.cn/4UG
English Caption 1
A giant panda cub rests on a tree at the Shenshuping giant panda base of Wolong National Nature Reserve in southwest China’s Sichuan Province, March 27, 2025. (Xinhua/Meng Tao)
English Caption 2
Passengers board a high-speed electrical multiple unit (EMU) train on a platform of Padalarang Station along the Jakarta-Bandung High-Speed Railway (HSR) in Padalarang, Indonesia, Oct. 17, 2024. (Xinhua/Xu Qin)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.