Connect with us

China

တရုတ်နိုင်ငံက အီသီယိုးပီးယားနိုင်ငံနှင့်အတူ အထင်ကရ ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းအား မြှင့်တင်ရန်၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရန် အသင့်ရှိဟု ဝန်ကြီးချုပ် လီ ပြော

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်နှင့် အီသီယိုးပီးယားနိုင်ငံ ဝန်ကြီးချုပ် အဘီ အာမတ်တို့ ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့တွင် ၁၇ ကြိမ်မြောက် BRICS ထိပ်သီးအစည်းအဝေးအတွင်း ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၆ ရက်က သီးခြားတွေ့ဆုံစဉ် (ဆင်ဟွာ)

ရီယိုဒီဂျနေးရိုး၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံသည် အီသီယိုးပီးယားနိုင်ငံနှင့်အတူ အဒစ်အဘာဘာ-ဂျီဘူတီရထားလမ်း စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု၊ ရပ်ဝန်းနှင့် ပိုးလမ်းမ အရည်အသွေးမြင့် ပူးပေါင်းဆောင်ရွက်မှု အထင်ကရစီမံကိန်း မြှင့်တင်ရေးနှင့် နှစ်နိုင်ငံ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု တိုးချဲ့ရေးအတွက် ဆောင်ရွက်ရန် အသင့်ရှိကြောင်း တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်က ဇူလိုင် ၆ ရက်၌ ပြောကြားခဲ့သည်။
လီသည် အီသီယိုးပီးယားနိုင်ငံ ဝန်ကြီးချုပ် အဘီ အာမတ်နှင့် တွေ့ဆုံစဉ် အထက်ပါအတိုင်း မှတ်ချက်ပြုပြောကြားခဲ့ခြင်းဖြစ်သည်။
လွန်ခဲ့သော ၅၅ နှစ်က တရုတ်နိုင်ငံနှင့် အီသီယိုးပီးယားနိုင်ငံကြား သံတမန်ဆက်ဆံရေး တည်ထောင်ချိန်မှစ၍ နှစ်နိုင်ငံတို့သည် အစဉ်အမြဲ အချင်းချင်း ရိုးသားပွင့်လင်းစွာ ပြုမူဆက်ဆံခဲ့ကြသလို နိုင်ငံတကာအခြေအနေ မည်သို့ပင်ပြောင်းလဲစေကာမူ အချင်းချင်း ထောက်ခံအားပေးခဲ့ကြကြောင်း လီက မှတ်ချက်ပြုခဲ့သည်။ နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုမှာလည်း တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေး၌ ရှေ့တန်းမှ ကာလကြာရှည် ရပ်တည်ခဲ့ကြကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
ထို့ပြင် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ဇွန်လတွင် ကျင်းပသော တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှု (FOCAC) ဖိုရမ် ရလဒ်များအကောင်အထည်ဖော်ရေး ဝန်ကြီးအဆင့်ညှိနှိုင်းမှုအစည်းအဝေးထံ ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့ပြီး တရုတ်နိုင်ငံနှင့် သံတမန်ဆက်ဆံရေးရှိသော အာဖရိကနိုင်ငံ ၅၃ နိုင်ငံအား စည်းကြပ်ခွန် ၁၀၀ ရာခိုင်နှုန်း ကင်းလွတ်ခွင့်ပေးမှု အကောင်အထည်ဖော်ခြင်း စသည့် အရေးပါသော အစီအမံအသစ်များကိုလည်း ကြေညာခဲ့ကြောင်း လီက ပြောခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် FOCAC ပေကျင်းထိပ်သီအစည်းအဝေး ရလဒ်များအား အပြည့်အဝဖော်ဆောင်နိုင်ရေးအတွက် အီသီယိုးပီးယားနိုင်ငံနှင့်အတူ ထိုအစီအမံသစ်များအား အခွင့်အရေးများအဖြစ် မှတ်ယူဆောင်ရွက်မည်ဟု လီက ဆိုသည်။
နှစ်နိုင်ငံ ဘက်စုံပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းမှုရှိစေရန်နှင့် နှစ်နိုင်ငံဆက်ဆံရေးအား ခေတ်သစ် အချိန်အခါမရွေး တရုတ်-အာဖရိက အေးအတူပူအမျှ အသိုက်အဝန်းတည်ဆောက်ရေး စံနမူနာအဖြစ် လုပ်ဆောင်ရန် တရုတ် ဝန်ကြီးချုပ် လီက ပြောကြားခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်နှင့် အီသီယိုးပီးယားနိုင်ငံ ဝန်ကြီးချုပ် အဘီ အာမတ်တို့ ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့တွင် ၁၇ ကြိမ်မြောက် BRICS ထိပ်သီးအစည်းအဝေးအတွင်း ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၆ ရက်က သီးခြားတွေ့ဆုံစဉ် (ဆင်ဟွာ)

……………………………………..
(English Version)
China ready to promote flagship Belt and Road project, boost trade, investment with Ethiopia — Premier Li
RIO DE JANEIRO, July 6 (Xinhua) — China stands ready to work with Ethiopia to promote the sustainable development of the Addis Ababa-Djibouti Railway, a flagship project of the high-quality Belt and Road cooperation, and expand bilateral trade and investment, Chinese Premier Li Qiang said here Sunday.
Li made the remarks during his meeting with Ethiopian Prime Minister Abiy Ahmed.
Since the establishment of diplomatic relations between China and Ethiopia 55 years ago, the two countries have always treated each other sincerely and supported each other no matter how the international situation has changed, Li noted. The cooperation between the two sides has long been at the forefront of China-Africa cooperation, he added.
Li said Chinese President Xi Jinping sent a congratulatory letter to the Ministerial Meeting of Coordinators on the Implementation of the Follow-up Actions of the Forum on China-Africa Cooperation (FOCAC) in June, announcing new important measures such as implementing the zero-tariff treatment for 100 percent tariff lines for 53 African countries which have diplomatic relations with China.
Li said China will take the new measures as opportunities to work with Ethiopia to fully deliver the outcomes of the Beijing Summit of the FOCAC.
The Chinese premier called for deepening bilateral all-around cooperation and making bilateral relations a model for building the all-weather China-Africa community with a shared future for the new era.
Photo 1, 2: Chinese Premier Li Qiang meets with Ethiopian Prime Minister Abiy Ahmed on the sidelines of the 17th BRICS Summit in Rio de Janeiro, Brazil, July 6, 2025. (Xinhua/Yao Dawei)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.