Connect with us

Asia

အင်ဒိုနီးရှားနိုင်ငံရှိ လီဝိုတိုဘီမီးတောင် ပေါက်ကွဲမှုကြောင့် လေကြောင်းခရီးစဉ်များ နှောင့်နှေးမှုဖြစ်၊ အများပြည်သူကျန်းမာရေးကို ခြိမ်းခြောက်လျက်ရှိ

အင်ဒိုနီးရှားနိုင်ငံ အရှေ့နူဆာတန်ဂါရာပြည်နယ်၊ အရှေ့ဖလော်ရက်စ်နယ်မြေရှိ လီဝိုတိုဘီ လာကီ-လာကီမီးတောင်မှ မီးတောင်စွန့်ထုတ်ပစ္စည်းများ မှုတ်ထုတ်နေပုံအား အင်ဒိုနီးရှား စွမ်းအင်နှင့် သတ္တုအရင်းအမြစ်များဝန်ကြီးဌာန၊ ဘူမိဗေဒလုပ်ငန်းမှ ထုတ်ပြန်သော ဓာတ်ပုံကို ၂၀၂၅ ခုနှစ် ဇူလိုင် ၇ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Geological Agency of Indonesia's Energy and Mineral Resources Ministry/Handout via Xinhua)

ဂျကာတာ၊ ဇူလိုင် ၈ ရက် (ဆင်ဟွာ)
အင်ဒိုနီးရှားနိုင်ငံ အရှေ့နူဆာတန်ဂါရာပြည်နယ်ရှိ လီဝိုတိုဘီ လာကီ-လာကီမီးတောင် အကြီးအကျယ်ပေါက်ကွဲမှုကြောင့် လေကြောင်းခရီးစဉ်များ နှောင့်နှေးမှုဖြစ်ပွားခဲ့သလို မီးတောင်မှ မှုတ်ထုတ်လိုက်သော ချော်ပြာများပျံ့နှံ့မှုကြောင့် ကျန်းမာရေးအန္တရာယ် ဆိုးဝါးစွာ ခြိမ်းခြောက်လျက်ရှိကြောင်း သိရသည်။
ဘာလီရှိ I Gusti Ngurah Rai အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ထွက်ခွာမည့် နိုင်ငံတကာလေကြောင်း ခရီးစဉ်များစွာ ပယ်ဖျက်ခဲ့ရသလို ပြည်တွင်းလေကြောင်းခရီးစဉ်များလည်း ဆိုင်းငံ့ခဲ့ရကြောင်း လေဆိပ် တရားဝင်ဝက်ဘ်ဆိုက်၌ ဖော်ပြထားသည်။
ယင်းဖြစ်စဉ် သက်ရောက်မှုရှိခဲ့သော နိုင်ငံတကာလေကြောင်းလိုင်းများအနက် Malindo Air နှင့် Jetstar လည်း အပါအဝင်ဖြစ်ခဲ့ကာ လေယာဉ်ဆိုက်ရောက်မှုများကို ပယ်ဖျက်ခဲ့ရပြီး AirAsia လေကြောင်းလိုင်းကမူ ခရီးစဉ်များအား အချိန်ပြန်လည်ရေးဆွဲခဲ့ကြောင်း သိရသည်။ ပြည်တွင်းလေကြောင်းလိုင်းများဖြစ်သော Wings Air ၊ Lion Air နှင့် Super Jet Air စသည်တို့ကလည်း ၎င်းတို့ခရီးစဉ်များအတွက် ထွက်ခွာဂိတ်များကို ပိတ်ထားခဲ့ကြောင်း သိရသည်။
လီဝိုတိုဘီ လာကီ-လာကီမီးတောင်သည် ကြိမ်ဖန်များစွာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း၊ မီးတောင်ပြာမှုတ်ထုတ်မှု အမြင့်ဆုံးမှာ ဝေဟင်အထက် မီတာ ၁၈,၀၀၀ အထိ ရောက်ရှိခဲ့ကြောင်း အင်ဒိုနီးရှားနိုင်ငံ မီးတောင်နှင့် ဘူမိဗေဒ သဘာဝဘေးလျော့ပါးရေးစင်တာက ဖော်ပြခဲ့သည်။ ယင်းဖြစ်ရပ်ကို မီးတောင်ဆိုင်ရာ သတိပေးချက်အမြင့်ဆုံးဖြစ်သော လေကြောင်းဆိုင်ရာ မီးတောင်စောင့်ကြည့်သတိပေးမှု အနီရောင်အဆင့် ထုတ်ပြန်ထားခြင်းဖြစ်ပြီး သက်ဆိုင်ရာလေပိုင်နက်အတွင်း မီတာ ၆,၀၀၀ အောက် လေယာဉ်ပျံသန်းခြင်းကိုလည်း တားမြစ်ကြောင်း သိရသည်။ လေယာဉ်မှူးများကိုလည်း လေယာဉ်အင်ဂျင်များနှင့် စနစ်များအား ထိခိုက်စေနိုင်သည့် မီးတောင်ပြာများ ထွက်ရှိမှု သတိပေးချက်ကို လိုက်နာရန် အကြံပြုထားသည်။
ပြည်နယ်ဆိုင်ရာ သဘာဝဘေးစီမံခန့်ခွဲမှုနှင့် သက်သာလျော့ပါးရေးအေဂျင်စီ အဆင့်မြင့်အရာရှိ ရစ်ချတ်ဖက်လ်တ်က အေဂျင်စီအနေဖြင့် အသက်ရှူလမ်းကြောင်းဆိုင်ရာကိစ္စရပ်များအား ကာကွယ်ရန် ဒေသခံများအား နှာခေါင်းစည်းမျာ ဖြန့်ဝေပေးခြင်းဖြင့် ဖြစ်ပေါ်လာနိုင်သောအန္တရာယ်များမှ ကြိုတင်ပြင်ဆင်ထားကြောင်း ပြောကြားခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/40u
……………………………………..
(English Version)
Volcanic eruption of Indonesia’s Mt. Lewotobi disrupts flights, threatens public health
JAKARTA, July 8 (Xinhua) — Large eruptions of Mount Lewotobi Laki-laki in Indonesia’s East Nusa Tenggara province on Monday disrupted air travel and posed serious health risks due to the spread of volcanic ash.
Several international flights bound for I Gusti Ngurah Rai International Airport in Bali were canceled, while multiple domestic flights were suspended, according to the airport’s official website.
Among the international carriers affected were Malindo Air and Jetstar, which canceled arrivals, while AirAsia rescheduled its flights. Domestically, Wings Air, Lion Air, and Super Jet Air closed boarding gates for their operations.
Indonesia’s Volcanology and Geology Disaster Mitigation Center reported that Mount Lewotobi Laki-laki erupted several times, with the tallest ash column reaching up to 18,000 meters into the sky. This triggered the issuance of a red-level Volcano Observatory Notice for Aviation, the highest alert, which prohibits aircraft from flying below 6,000 meters in the affected airspace. Pilots were also advised to exercise caution due to the presence of volcanic ash, which can damage aircraft engines and systems.
Richard Felt, a senior official at the provincial Disaster Management and Mitigation Agency, said the agency had prepared for such risks by distributing face masks to residents to prevent respiratory issues. xhtxs.cn/40u
Photo: This photo provided by the Geological Agency of Indonesia’s Energy and Mineral Resources Ministry shows volcanic materials spewing from Mount Lewotobi Laki-Laki at East Flores regency in East Nusa Tenggara, Indonesia, on July 7, 2025. (Geological Agency of Indonesia’s Energy and Mineral Resources Ministry/Handout via Xinhua)