International Organizations
ချဲလ်ဆီးနှင့် ပွဲစဉ်၌ သမိုင်းသစ်ရေးထိုးမည်ဟု ဖလူမင်နိစ်နည်းပြ ဆို

နယူးယောက်၊ ဇူလိုင် ၈ ရက် (ဆင်ဟွာ)
ဇူလိုင် ၈ ရက်တွင် ချဲလ်ဆီးအသင်းနှင့် ယှဉ်ပြိုင်ကစားမည့် ဖီဖာကလပ်ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်အတွက် ပြင်ဆင်နေသည့် ဖလူမင်နိစ်အသင်း နည်းပြဖြစ်သူ ရီနာတို ဂါအူချိုက ၎င်း၏အသင်းအနေဖြင့် သမိုင်းသစ်ရေးထိုးရန် အမေရိကန်သို့ လာရောက်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
ဇူလိုင် ၇ ရက်က ပြုလုပ်သည့် ပွဲကြိုသတင်းစာရှင်းလင်းပွဲ၌ ရီနာတိုက ဖလူမင်နိစ်နှင့် ပြိုင်ဘက် ဥရောပကလပ်အသင်းများအကြား ဘဏ္ဍာရေးအင်အား ကွာဟမှုရှိကြောင်း ဝန်ခံခဲ့သော်လည်း ယုံကြည်မှု၊ အာရုံစူးစိုက်မှုနှင့် စည်းကမ်းသေဝပ်မှုတို့ကြောင့် ၎င်း၏အသင်းမှာ ယခုအဆင့်အထိ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
“ဘဏ္ဍာရေးအင်အား မတောင့်တင်းတဲ့ ဖလူမင်နိစ်ဟာ အားနည်းချက်တွေရှိပေမဲ့ ဒီအဆင့်အထိ ရောက်လာခဲ့တာပါ။ အဲဒီလိုဆိုပေမဲ့ ဖလူမင်နိစ် ဗိုလ်လုပွဲအထိ တက်လှမ်းပြီး ကလပ်ကမ္ဘာ့ဖလားကို အရမယူနိုင်ဘူးလို့ မပြောနိုင်ပါဘူး” ဟု ၎င်းက ပြောကြားခဲ့သည်။
ရီယိုဒီဂျနေးရိုးအခြေစိုက် ကလပ်အသင်းမှာ ချဲလ်ဆီး၊ ရီးရဲလ်မက်ဒရစ်၊ ပီအက်စ်ဂျီ စသော ကလပ်အသင်းများ၏ ဘဏ္ဍာရေးအင်အားနှင့် နှိုင်းယှဉ်ပါက ၁၀ ရာခိုင်နှုန်းအောက်တွင်ရှိကြောင်း ရီနာတိုက ဆိုသည်။
“အဲဒီကလပ်အသင်းကြီးတွေ အားလုံးဟာ အကောင်းဆုံးကစားသမားတွေကို ခေါ်ယူနိုင်တဲ့ အခြေအနေတွေကို ပိုင်ဆိုင်ထားပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ကတော့ အပြင်းအထန်ကြိုးစားမှု၊ နှိမ့်ချမှု၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေနဲ့ပဲ အခုလိုမျိုး စွမ်းဆောင်နိုင်ခဲ့တာပါ” ဟု ၎င်းက ပြောကြားသည်။
ဖလူမင်နိစ်အသင်းမှာ အုပ်စု-F တွင် ဒုတိယရရှိခဲ့ပြီး ရှုံးထွက်အဆင့်တွင် အင်တာမီလန်နှင့် အယ်လ်ဟီလာတို့ကို အနိုင်ယူပြီးနောက် ဆီမီးဖိုင်နယ်သို့ တက်လှမ်းနိုင်ခဲ့ခြင်းဖြစ်သည်။
ချဲလ်ဆီးအသင်းမှာမူ အုပ်စု-D တွင် ဒုတိယရရှိခဲ့ကာ ပြီးခဲ့သည့် ပွဲစဉ်နှစ်ပွဲတွင်လည်း ဘင်ဖီကာ၊ ပါလ်မီးရက်စ်တို့ကို ကျော်ဖြတ်ခဲ့ခြင်းဖြစ်သည်။
ရီနာတိုက ချဲလ်ဆီးတိုက်စစ်ကစားသမားများ၏ လျင်မြန်မှု၊ နည်းစနစ်ပိုင်း အရည်အသွေးတို့အပေါ် ချီးကျူးခဲ့သော်လည်း ၎င်း၏အသင်းအနေဖြင့် အနိုင်ရလဒ်ကို ဖော်ဆောင်သည့် နည်းဗျူဟာကို ပြောင်းလဲမည်မဟုတ်ဟု ပြောကြားခဲ့သည်။ (Xinhua)
………………
(English Version)
Fluminense out ‘to make history’ against Chelsea, says manager
NEW YORK, July 7 (Xinhua) — Fluminense manager Renato Gaucho said his team had come to the United States to “make history” as it prepared to face Chelsea in the semifinals of the FIFA Club World Cup on Tuesday.
Speaking at a press conference on Monday, Renato acknowledged the financial disparity between Fluminense and its European rivals but said that belief, focus and discipline had brought his side this far.
“Fluminense being the ugly duckling has made it this far despite the financial disadvantages, but that doesn’t mean Fluminense can’t reach the final and win the Club World Cup,” he said.
According to Renato, the Rio de Janeiro outfit has less than 10% of the financial capacity of clubs such as Chelsea, Real Madrid or Paris Saint-Germain.
“These big clubs have all the conditions to sign the best players,” he said. “But we’ve made it here with a lot of hard work, humility and above all, by believing in ourselves.”
Fluminense reached the last four by finishing second in Group F before beating Inter Milan and Al Hilal in the first two knockout rounds.
Chelsea, meanwhile, overcame Benfica and Palmeiras in its last two games after finishing second in Group D.
Renato praised the speed and technical quality of Chelsea’s forwards but said his team would not change its winning formula.