Connect with us

International Organizations

ရှက်ဇ်စနီ ဘာစီလိုနာအသင်းနှင့် ၂ နှစ် စာချုပ်သက်တမ်းတိုး

ကာတာနိုင်ငံ၊ ဒိုဟာမြို့ရှိ အမှတ် ၉၇၄ အားကစားကွင်းတွင် ကျင်းပသော ၂၀၂၂ ဖီဖာ ကမ္ဘာ့ဖလား၊ အုပ်စု (ဂ) ပွဲစဉ်အတွင်း အာဂျင်တီးနားမှ လီယွန်နယ် မက်ဆီ (ညာ) နှင့် ပိုလန်ဂိုးသမား ဝေါ့ချီယက်ရှ် ရှက်ဇ်စနီတို့အား နိုဝင်ဘာ ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မက်ဒရစ်၊ ဇူလိုင် ၈ ရက် (ဆင်ဟွာ)
ဝေါ့ချီယက်ရှ် ရှက်ဇ်စနီ (Wojciech Szczesny) သည် စပိန်နိုင်ငံ ဘာစီလိုနာ ဘောလုံးအသင်းနှင့် ၂၀၂၇ ခုနှစ် ဇွန်လကုန်အထိ ဆက်နေရန် ၂ နှစ် သက်တမ်းတိုး စာချုပ် ချုပ်ဆိုခဲ့ကြောင်း အဆိုပါကလပ်က ဇူလိုင် ၇ ရက်တွင် ကြေညာခဲ့ကြောင်း သိရသည်။
ဤစာချုပ်အသစ်အရ ဇွန်လကုန်တွင် စာချုပ်သက်တမ်း ကုန်ဆုံးခဲ့ပြီဖြစ်သော အသက် ၃၅ နှစ်အရွယ် ၎င်းကစားသမားသည် ဘာစီလိုနာအသင်း၌ နောက်ထပ် ၂ နှစ် ဆက်ရှိနေမည် ဖြစ်သည်။
အာဆင်နယ်၊ ဂျူဗင်တပ်စ်နှင့် ရိုးမားအသင်း ဂိုးသမားဟောင်း ရှက်ဇ်စနီသည် မာ့ခ်-အန်ဒရေး တာစတီဂန် (Marc-Andre ter Stegen) ဒူးအရွတ်ပြဲဒဏ်ရာ ရပြီးနောက် ဘာစီလိုနာအသင်းတွင် အရည်အချင်းပြည့်မီသော ဂိုးသမား အီနာကီ ပီနာ (Inaki Pena) တစ်ဦးတည်းသာ ကျန်ရှိနေချိန် ပြီးခဲ့သည့်ရာသီအစောပိုင်းတွင် အနားယူနေရာမှ ဘာစီလိုနာအသင်းသို့ ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။
ရှက်ဇ်စနီသည် ကြံ့ခိုင်မှု ပြည့်ဝရန် အချိန်ယူခဲ့ရသော်လည်း ဇန်နဝါရီ ၄ ရက်က ကိုပါဒယ်ရေး (Copa del Rey) ဖလား တတိယအဆင့်တွင် ဘာဘာစထရို (Barbastro) အသင်းနှင့် အဝေးကွင်းတွင် ပွဲဦးထွက် ကစားခဲ့ပြီး မကြာမီပင် ဘာစီလိုနာအသင်း၏ ပထမဦးစားပေး ဂိုးသမားအဖြစ်လာသည်။ ၎င်းသည် ရာသီကုန်အထိ ပွဲစဉ် ၃၀ ပွဲ၌ စုစုပေါင်း ၂,၇၂၆ မိနစ် ကစားခဲ့ပြီး ဘာစီလိုနာအသင်း၏ လာလီဂါနှင့် ကိုပါဒယ်ရေး ဖလား ၂ လုံး ဆွတ်ခူးရရှိရာတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။
ဘာစီလိုနာအသင်းသည် ယခုနှစ် နွေရာသီအစောပိုင်းတွင် အက်စပန်ညို (Espanyol) မှ နာမည်ကြီးဂိုးသမား ဂျိုအန် ဂါစီယာ (Joan Garcia) ၏ လျော်ကြေးငွေကို ပေးချေခဲ့ရပြီး တာစတီဂန်လည်း ပြီးခဲ့သည့်ရာသီကုန်တွင် ဒဏ်ရာမှ ပြန်လည်သက်သာလာခဲ့သော်လည်း ရှက်ဇ်စနီနှင့် စာချုပ်သစ် ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။ (Xinhua)
…………………….
(English Version)
Szczseny signs new 2-year contract with FC Barcelona
MADRID, July 7 (Xinhua) — Wojciech Szczesny has signed a two-year contract extension to keep him at FC Barcelona until the end of June 2027, the club announced on Monday.
The news means the 35-year-old remains part of the Barcelona squad after his previous deal expired at the end of June.
The former Arsenal, Juventus and Roma goalkeeper came out of retirement to join Barcelona early last season after Marc-Andre ter Stegen tore his cruciate knee ligament, leaving Inaki Pena as the only fit goalkeeper in the Barca squad.
Although he needed time to get fully match fit, Szczesny made his debut in the Copa del Rey third round tie away to lower league Barbastro on January 4 and quickly established himself as first choice, finishing the season with 2,726 minutes in 30 games, playing a key role in Barca’s La Liga and Copa del Rey double.
Szczesny has signed his new contract despite Barcelona paying the release clause of Espanyol’s highly rated goalkeeper Joan Garcia early this summer and Ter Stegen completing his recovery at the end of last season.

English Caption
Argentina’s Lionel Messi (R) lies on the pitch after he is fouled by Poland’s goalkeeper Wojciech Szczesny which results in a penalty to Argentina during their Group C match at the 2022 FIFA World Cup at Stadium 974 in Doha, Qatar, Nov. 30, 2022. (Xinhua/Han Yan)