China
တရုတ်နိုင်ငံက စွမ်းအားမြင့်အားသွင်းအဆောက်အအုံများ တည်ဆောက်ရေး အရှိန်မြှင့်တင်မည်

ပေကျင်း၊ ဇူလိုင် ၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံသည် တစ်နိုင်ငံလုံးဆိုင်ရာ အားသွင်းအဆောက်အအုံများကွန်ရက် တည်ဆောက်မှုကို ထပ်မံကောင်းမွန်အောင် ဆောင်ရွက်သွားမည်ဖြစ်ပြီး ကျိုးကြောင်းဆီလျော်သော တည်ဆောက်ပုံ၊ မြှင့်တင်ထားသော အရည်အသွေးနှင့် အဆင့်မြင့်နည်းပညာများ ပါဝင်သည့် စွမ်းအားမြင့်အားသွင်း အခြေခံအဆောက်အအုံစနစ်ကို တည်ငြိမ်စွာ တည်ဆောက်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မတီက ဇူလိုင် ၇ ရက်တွင် ပြောကြားခဲ့ကြောင်းသိရသည်။
၎င်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မတီနှင့် အခြားအစိုးရအဖွဲ့အစည်းသုံးခုတို့ ပူးပေါင်း ထုတ်ပြန်ခဲ့သည့် ကြော်ငြာစာတွင် လျှပ်စစ်ကား အားသွင်းအခြေခံအဆောက်အအုံသည် စွမ်းအင်သစ်မော်တော်ယာဉ် (New Energy Vehicle) လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးနှင့် ဓာတ်အားပုံစံသစ် တည်ဆောက်ရေးအတွက် အရေးပါကြောင်း၊ ထို့ပြင် သယ်ယူပို့ဆောင်ရေးနှင့် စွမ်းအင်ကဏ္ဍများတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ကာဗွန်ထုတ်လွှတ်မှုလျှော့ချရေးဆိုင်ရာ အစိမ်းရောင်အသွင်ကူးပြောင်းမှုကို မြှင့်တင်ပေးကြောင်း ဖော်ပြထားသည်။
ဒေသတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ စွမ်းအင်သစ်မော်တော်ယာဉ်(New Energy Vehicle) ကဏ္ဍ ပြန့်ပွားနိုင်မှုအားနှင့် ဓာတ်အားအရင်းအမြစ် ဖြန့်ဖြူးမှုများအပေါ် အခြေခံ၍ စွမ်းအားမြင့်အားသွင်းအဆောက်အအုံများကို ဒေသအလိုက်၊ အသင့်အတင့် အဆင့်မြင့်ပြီး သိပ္ပံနည်းကျ ဆီလျော်သည့် တည်ဆောက်ပုံဖြင့် တည်ဆောက်သင့်ကြောင်း၊ “ချက်ချင်းအားသွင်း-ချက်ချင်းထွက်ခွာ (Charge-and-Go)” အခြေအနေဖြစ်အောင် အာရုံစိုက်သင့်ကြောင်း ၎င်းကြော်ငြာစာတွင် ဖော်ပြထားသည်။
တရုတ်နိုင်ငံက ၂၀၂၇ ခုနှစ်အကုန်၌ နိုင်ငံတစ်ဝန်းတွင် စွမ်းအားမြင့်အားသွင်း အဆောက်အအုံပေါင်း ၁၀၀,၀၀၀ ကျော် တည်ဆောက်ထားရှိရန် ရည်ရွယ်ထားပြီး ဝန်ဆောင်မှုအရည်အသွေးနှင့် နည်းပညာအသုံးချမှု အဆင့်မြှင့်တင်မှုများလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
တရုတ်နိုင်ငံသည် စွမ်းအားမြင့်အားသွင်းနည်းပညာ ဆန်းသစ်တီထွင်အသုံးချမှုကိုလည်း တွန်းအားပေးနှင့် အားသွင်းပစ္စည်းကိရိယာများ၏ နည်းပညာမြှင့်တင်မှုကို ပိုမိုလုပ်ဆောင်သင့်သည်ဖြစ်ရန်အတွက် ၎င်း အဆောက်အအုံများ၏ လည်ပတ်မှုစွမ်းရည်နှင့် အသုံးချမှုသက်တမ်းတိုးများသည်ဟု ၎င်းကြော်ငြာစာက ဖော်ပြခဲ့ကြောင်း သိရသည်။ (Xinhua)
#China #Construction #High_PowerChargingFacilities #တရုတ် #တည်ဆောက်ရေး #စွမ်းအားမြင့်အားသွင်းအဆောက်အအုံ
…………………………….
(English Version)
China to promote construction of high-power charging facilities
BEIJING, July 7 (Xinhua) — China will further optimize the national network layout of charging facilities and steadily build a high-power charging infrastructure system featuring a rational layout, upgraded quality and ad-vanced technology, the National Development and Reform Commission (NDRC) said on Monday.
The NDRC and three other government organs jointly released a circular on the sector, noting that electric vehicle charging infrastructure is crucial for supporting new energy vehicle (NEV) industry development and new power system construction, as well as promoting green low-carbon transformation in the transportation and energy sec-tors.
Based on local economic development, NEV promotion intensity and power resource distribution, high-power charging facilities should be developed with a localized, moderately advanced and scientifically reasonable layout, focusing on the “charge-and-go” scenario, the circular said.
By the end of 2027, China aims to have more than 100,000 high-power charging facilities nationwide, along with upgrades in service quality and technological application.
China will also promote the innovative application of high-power charging technology, it said, noting that techno-logical upgrading of charging equipment should be enhanced to improve the operational efficiency and service life of such facilities.
English Caption
An aerial drone photo taken on Jan. 8, 2024 shows new energy vehicles charging at a charging station in Changsha County, central China’s Hunan Province. (Xinhua/Chen Zhenhai)