Connect with us

Videos

Airshow China တွင် အဆင့်မြင့်နည်းပညာများထည့်သွင်းပြသ ၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို အားပေး

ကျူးဟိုင် ၊ နိုဝင်ဘာ ၁၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ် ကျူးဟိုင်မြို့တွင် ပြုလုပ်သော ၁၄ ကြိမ်မြောက် တရုတ် နိုင်ငံတကာ လေကြောင်းနှင့် အာကာသပြပွဲ သို့မဟုတ် Airshow China သည် နိုဝင်ဘာ ၁၃ ရက်တွင် ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။ယင်းပြပွဲအတွင်း တရုတ်နိုင်ငံက လေယာဉ်သစ် ခင်းကျင်းပြသမှု နှင့် မောင်းသူမဲ့ပစ္စည်းကိရိယာအမျိုးမျိုးတို့အား ပြသခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံ၏ ပထမဆုံး ပြည်တွင်းဖြစ် ခရီးသည်တင်ဂျက်လေယာဉ်ကြီး C919 သည်လည်း ပျံသန်းပြသမှုတွင် ပါဝင်ခဲ့သည်။ စက်တင်ဘာလနှောင်းပိုင်းတွင် C919 သည် တရုတ်နိုင်ငံ လေကြောင်းပို့ဆောင်ရေးဦးစီးဌာနမှ ၎င်း၏လေယာဉ်အမျိုးအစား အသိအမှတ်ပြုလက်မှတ် ရရှိခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ၏ အမှီအခိုကင်းစွာ ထုတ်လုပ်ထားသော ကုန်း ၊ ရေ နှစ်သွယ်သွား မီးသတ်လေယာဉ်ကြီး ဖြစ်သည့် AG600 သည် ရေပက်ဖျန်းသည့် လုပ်ဆောင်ချက်အား လက်တွေ့သရုပ်ပြခဲ့ကြောင်း သိရသည်။

ပြပွဲသို့ လာရောက်သူများသည် တရုတ်နိုင်ငံ၏ ဂြိုဟ်ပတ်လမ်းအတိုင်း ပတ်နေသည့် ထျန်းကုန်း(Tiangong) အာကာသစခန်း၏ ပကတိအရွယ်ရှိသော ပုံတူအတွင်း ရင်သပ်ရှုမောဖွယ်အတွေ့အကြုံများကို ရရှိစေခဲ့ကြောင်းလည်း သိရသည်။

ပြပွဲစတင်ခဲ့သည့် ၁၉၉၆ ခုနှစ်မှစတင်ကာ တရုတ်နိုင်ငံလေကြောင်းပြပွဲသည် ပြည်တွင်း နှင့် ပြည်ပမှ အဆင့်မြင့်နည်းပညာများနှင့် ပစ္စည်းကိရိယာများအား ပြသရေးအတွက် အရေးပါသော ပြတင်းပေါက်တစ်ခု ဖြစ်လာခဲ့သည်။

Airshow China သည် စက်မှုလုပ်ငန်းအတွင်း စီးပွားရေးလုပ်ငန်းပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရေးအတွက် နိုင်ငံတကာစင်မြင့်တစ်ရပ်လည်း ဖြစ်လာခဲ့ကြောင်း သိရသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.