Connect with us

Videos

တရုတ်နိုင်ငံထုတ် C70E ရထား ပထမအသုတ် လာအိုနိုင်ငံသို့ ပို့ဆောင်

မေဆန်း ၊ ဒီဇင်ဘာ ၁၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ် မေဆန်းမြို့၌ တရုတ်-လာအို ရထားလမ်းအတွက် တရုတ်နိုင်ငံ CRRC Meishan က ထုတ်လုပ်သည့် C70E ကုန်တင်ရထား ပထမအသုတ်အား ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ယင်းရထားများအား ချိန်တူး-ကူမင်း ရထားလမ်းမှတစ်ဆင့် ဒီဇင်ဘာ ၁၆ ရက်တွင် တရုတ်-လာအို နယ်စပ်ရှိ မိုဟန်ဆိပ်ကမ်းသို့ ပို့ဆောင်ခဲ့ပြီး တရုတ်-လာအို ရထားလမ်းမှတစ်ဆင့် သတ်မှတ်ထားသည့်နေရာသို့ သယ်ယူပို့ဆောင်သွားမည် ဖြစ်သည်။

၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် စတင်လည်ပတ်အသုံးပြုခဲ့သည့် တရုတ်-လာအို ရထားလမ်းသည် ကီလိုမီတာ ၁,၀၀၀ ကျော် ရှည်လျားကာ တရုတ်နိုင်ငံ ယူနန်ပြည်နယ်၏ မြို့တော် ကူမင်းနှင့် လာအိုနိုင်ငံ ဗီယင်ကျန်းမြို့တို့အား ချိတ်ဆက်ထားကြောင်း သိရသည်။ (Xinhua)

————————————————————
1st batch of Chinese-made C70E trains delivered to Laos
The first batch of C70E freight trains, manufactured by China’s CRRC Meishan for the China-Laos Railway, have been delivered in Meishan, southwest China’s Sichuan Province.
These trains were shipped to the Mohan Port on the China-Laos border on Friday via the Chengdu-Kunming Railway, and will be transported to the designated location via the China-Laos Railway.
The China-Laos Railway, which began operations in December 2021, stretches over 1,000 kilometers, linking Kunming, the capital of China’s Yunnan Province, with Vientiane in Laos.
Xinhua News Agency