Connect with us

Videos

တရုတ်နိုင်ငံ၏ MG4 လျှပ်စစ်မော်တော်ယာဉ်များကို ဥရောပသို့ တင်ပို့

ရှန်ဟိုင်း၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ အကြီးဆုံးမော်တော်ယာဉ်ထုတ်လုပ်ရေးလုပ်ငန်း SAIC Motor မှ ထုတ်လုပ်ခဲ့သည့် လျှပ်စစ်မော်တော်ယာဉ်အစင်းရေပေါင်း ၁,၀၀၀ ကျော်ကို ဥရောပတိုက်သို့သင်္ဘောတင်ပို့ခဲ့သည်။

MG4 အမျိုးအစား မော်တော်ယာဉ်များကို ဇူလိုင် ၂၁ ရက်တွင် ရှန်ဟိုင်းမြို့ရှိ Haitong ဆိပ်ကမ်း မှတစ်ဆင့် တင်ပို့ခြင်း ဖြစ်သည်။
Haitong ဆိပ်ကမ်း အမှုဆောင်ညွှန်ကြားရေးမှူး Xi Jialin က “ သင်္ဘောတင်ပို့မှုဟာ ရက်ပေါင်း ၂၅ ရက် ကြာမြင့်နိုင်ချေရှိတာကြောင့် ဒီမော်တော်ယာဉ်တွေဟာ ဥရောပတိုက်ရဲ့ အဓိက ဆိပ်ကမ်းတွေ ဆီကို ဩဂုတ်လလယ်ပိုင်းမှာရောက်ရှိသွားမှာပါ” ဟုဆိုသည်။

SAIC International မှ ဒုတိယအထွေထွေမန်နေဂျာဖြစ်သူ Zhao Aimin က “ကျွန်တော်တို့ဟာ ဈေးကွက်အသီးသီးရဲ့လိုအပ်ချက်ကိုအလေးထားပါတယ်။ တကယ်လို့ အဲဒီမှာ တရုတ်နိုင်ငံက ထုတ်ကုန် တွေကို လက်ခံတယ်ဆိုရင် ဒါဟာ တရုတ်နိုင်ငံ က မော်တော်ယာဉ်ထုတ်လုပ်ရေးလုပ်ငန်းရှင်တွေအတွက် ကြီးမားတဲ့ တွန်းအားတစ်ခုဖြစ်လာစေမှာပါ” ဟုဆိုသည်။

ယခုနှစ် ပထမ နှစ်ဝက်ကာလတွင် MG မော်တော်ယာဉ် အစင်းရေပေါင်း ၄၅,၀၀၀ ကျော်အား ဥရောပ ဈေးကွက် အတွင်းသို့ ရောင်းချခဲ့ပြီးဖြစ်သည်။ MG မော်တော်ယာဉ်များအား ယခုနှစ် စတုတ္ထသုံးလပတ်ကာလအတွင်း ဥရောပတိုက်ဈေးကွက်များတွင် လူကြိုက်များလာနိုင်ချေရှိသည်ဟု ယူဆထားကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.