Connect with us

Videos

ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်းရှိ ရေဘေးသင့်ပြည်သူများအတွက် တရုတ်နိုင်ငံက အချိန်မီအကူအညီများပေး

အစ္စလာမ်မာဘတ်၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ)

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေဘေးသင့်နေသည့် ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း ဘာလူချီစတန်ပြည်နယ်သို့ တရုတ်နိုင်ငံမှ ကယ်ဆယ်ရေး ပစ္စည်း နောက်တစ်သုတ် မကြာသေးမီက ထပ်မံရောက်ရှိခဲ့သည်။

ပြည်နယ်ရှိ Qila Saifullah ခရိုင်တွင် ယာယီတဲများဖြင့်နေထိုင်သည့်မိသားစုများအတွက် အစားအသောက်ထုပ်ပိုးမှုပေါင်း ၈၀၀ မှ ၁၀၀၀ ခန့်အထိ ဖြန့်ဝေထားပြီးဖြစ်ကြောင်း ဘာလူချီစတန်အခြေစိုက်တရုတ် ဆွေသဟာများဖိုရမ် အကြီးအကဲဖြစ်သူ Bayazeed Kasi က ဆိုသည်။ ထို့အပြင် တရုတ်နိုင်ငံမှ ပြည်သူများကလည်း လတ်တလောမိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဒေသပေါင်းမြောက်မြားစွာတွင် လျှပ်စစ်ဓါတ်အားလိုင်းများ ပြတ်တောက်ပြီး ပြည်သူများရက်ပေါင်းများစွာတိုင် လျှပ်စစ်ထောက်ပံ့မှုမရှိဘဲ နေရသည့် ဒေသများသို့ ဆိုလာပြားပေါင်း ၃၀၀ ကျော် ထောက်ပံ့ပေးခဲ့သည်။

အမျိုးသားသဘာဝဘေးထိန်းချုပ်ရေးအာဏာပိုင် (NDMA) ၏ အဆိုအရ ပါကစ္စတန်နိုင်ငံအတွင်း ဇွန်လ ၁၄ ရက် ကတည်းက မိုးသည်းထန်စွာရွာသွန်းမှုနှင့်ဆက်စပ်၍ သေဆုံးသူစုစုပေါင်း ၃၁၀ ဦးရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူစုစုပေါင်း ၂၉၅ ဦးအထိ ရှိလာခဲ့ကြောင်းဆိုသည်။

ထိခိုက်ပျက်စီးမှုနှင့်သေဆုံးဒဏ်ရာရရှိသူအများစုမှာ နိုင်ငံ၏ အနောက်တောင်ပိုင်း ဘာလူချီစတန်ပြည်နယ်မှဖြစ်ပြီး မုတ်သုံမိုးကြောင့် ရေလွှမ်းမိုးမှုဖြစ်ပွားခဲ့ရာ လူ ၁၀၀ ဦးသေဆုံးခဲ့ကာ ၅၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။ (Xinhua)
—————————————

GLOBALink | China’s timely help brings ease to flood-hit people in SW Pakistan

ISLAMABAD, July 26 (Xinhua) — Pakistan’s southwest Balochistan province, which was hit hard by heavy monsoon rains, has recently received a new batch of relief packages from China.
Bayazeed Kasi, head of Balochistan-based Friends of China Forum, said that about 800 to 1,000 food packs were distributed among the families living in the makeshift camps in the province’s Qila Saifullah district. Not only this, but the Chinese people also provided around 300 pieces of solar panels as the current rains destroyed electricity lines in many areas, leaving people without electricity for days.
According to the National Disaster Management Authority (NDMA), around 310 people have been killed and 295 others injured so far in separate rain-related incidents in Pakistan since June 14 as heavy downpours continued to lash the country.
Most of the damages and casualties were reported from the country’s southwestern Balochistan province, where 100 people died and 57 others sustained injuries due to monsoon rains that triggered flash floods.
Produced by Xinhua Global Service

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.