Connect with us

Media

ပါကစ္စတန်နိုင်ငံက CPEC ၏ ကာရော့ ရေအားလျှပ်စစ်စီမံကိန်းဖြင့် စိမ်းလန်းသောဖွံ့ဖြိုးတိုးတက်မှုဖော်ဆောင်

အစ္စလာမ်မာဘတ်၊ ဇွန် ၂၉ ရက် (ဆင်ဟွာ)
တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ အောက်တွင်ဖော်ဆောင်လျက်ရှိသည့် ကာရော့ရေအားလျှပ်စစ်စီမံကိန်း စတင်လည်ပတ်ပါက ပါကစ္စတန်နိုင်ငံသား ၅ သန်းအတွက် သန့်စင်ပြီး လက်လှမ်းမီသည့် လျှပ်စစ်စွမ်းအင်ထောက်ပံ့ပေးနိုင်မည်ဖြစ်ပြီး နိုင်ငံ၏ စိမ်းလန်းသောဖွံ့ဖြိုးတိုးတက်မှုကိုဖော်ဆောင်ရာတွင် အထောက်အပံ့ဖြစ်စေမည်ဟုသိရသည်။
ပါကစ္စတန်နိုင်ငံတွင် ယခုလအတွင်း မုတ်သုန်အကြိုမိုးရွာသွန်းမှုများ၊ ဆီးနှင်းများရုတ်တရက်ကျဆင်းခြင်းနှင့် ရေခဲမြစ်များအရည်ပျော်ခြင်း စသည်တို့အပါအဝင် အလွန် ပြင်းထန်သည့်ရာသီဥတုအခြေအနေများက ပြည်သူများ၏ အသက်ဘေးအန္တရာယ်ကိုစတင်ခြိမ်းခြောက်နေပြီဖြစ်သည်။
ကမ္ဘာပေါ်တွင် ရာသီဥတုပြောင်းလဲမှုကြောင့် အဆိုးဝါးဆုံးထိခိုက်မှုရှိသည့်နိုင်ငံပေါင်း ၁၀ နိုင်ငံထဲတွင် တစ်နိုင်ငံအပါအဝင် ဖြစ်သည့် ပါကစ္စတန်နိုင်ငံတွင် ပြောင်းလဲလာသည့်ရာသီဥတုအခြေအနေအပေါ် ဆိုးကျိုးသက်ရောက်မှုများ လျော့ပါးစေရန် ပါကစ္စတန်နိုင်ငံအစိုးရက အစီအမံများကို စတင်ဆောင်ရွက်လျက်ရှိသည်။
ထိုအစီအမံများထဲတွင် သစ်ပင်အများအပြား စိုက်ပျိုးခြင်း၊ လျှပ်စစ်မော်တော်ယာဉ်များ စတင်ပြေးဆွဲမည့် မူဝါဒတစ်ရပ် ဖော်ဆောင်ခြင်းနှင့် ရုပ်ကြွင်းလောင်စာများမှ ရေအားလျှပ်စစ်နှင့် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်များအဖြစ် ပြောင်းလဲထုတ်လုပ်ခြင်း တို့ ပါဝင်သည်။
တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ CPEC အောက်တွင်ဖော်ဆောင်သည့် ကာရော့ရေအားလျှပ်စစ် စီမံကိန်းကို တပ်ဆင်စွမ်းအင် ကီလိုဝပ်ပေါင်း ၇၂၀,၀၀၀ ဖြင့် တရုတ်နိုင်ငံ China Three Gorges Corporation မှ တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ရေလှောင်တမံသိုလှောင်မှုစွမ်းအင်မှာ ကုဗမီတာစုစုပေါင်း သန်း ၁၅၀ ခန့်ရှိပြီး ရေအားလျှပ်စစ်စီမံကိန်းစတင်လည်ပတ်ပါက ပျမ်းမျှအားဖြင့် နှစ်စဉ် လျှပ်စစ်ဓါတ်အားထုတ်လုပ်မှုစွမ်းအင် ကီလိုဝပ်နာရီပေါင်း ၃.၂ ဘီလီယံခန့်ရှိမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါ ရေအားလျှပ်စစ်စက်ရုံမှ ကာဘွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှု တန်ချိန်ပေါင်း ၃.၅ သန်း နှင့် ညီမျှသည့်ထုတ်လွှတ်မှုများကို နှစ်စဉ်လျှော့ချပေးနိုင်မည်ဖြစ်ပြီး ဒေသခံ လူဦးရေ ၅ သန်းအတွက် လိုအပ်သည့်စွမ်းအင်များကိုထောက်ပံ့ပေးနိုင်သည်။
ပါကစ္စတန်နိုင်ငံ အရှေ့ပိုင်း ပန်ဂျပ်ပြည်နယ်တစ်ခုတည်းတွင်ပင် အဓိကမြစ်ကြီးငါးစင်း တည်ရှိသဖြင့် ရေအားလျှပ်စစ် စွမ်းအင်ထုတ်လုပ်ရန် ကြီးမားသည့်အလားအလာရှိသည်။ သို့သော် ရှုပ်ထွေးသည့် တောတောင်ထူထပ်သောအနေအထားများကြောင့် များပြားသည့် ရင်းနှီးမြှုပ်နှံမှုများလိုအပ်သည့်အပြင် ရေအားလျှပ်စစ်ထုတ်လုပ်ရေးစက်ရုံ တည်ဆောက်ရန်နှင့် လည်ပတ်ရန် ကျွမ်းကျင်သူများလည်း လိုအပ်ခဲ့သောကြောင့် အဆိုပါ အလားအလာကို ဆုပ်ကိုင်နိုင်ခဲ့ခြင်းမရှိခဲ့ချေ။
ကာရော့ရေအားလျှပ်စစ်စက်ရုံမှ လက်ထောက်မန်နေဂျာ မိုဟာမက် အလီမာမွတ် က “နောက်ဆုံးပေါ်နည်းစနစ်တွေ၊ စက်ယန္တရားတွေ ကိရိယာတွေနဲ့နည်းပညာတွေအားလုံးကို တရုတ်နိုင်ငံက တင်သွင်းပြီးလုပ်ဆောင်တဲ့ ဒီလိုစီမံကိန်းဟာ နိုင်ငံအတွက် သိပ်ကိုကောင်းမွန်ပါတယ်၊ ဒါဟာ အကျိုးကျေးဇူးတွေရှိစေတဲ့အပြင် လည်ပတ်ရာမှာလည်းကုန်ကျစရိတ်နည်းပါးပြီးကျစ်လစ်မှုရှိတဲ့အပြင် အလွန်ဘေးကင်းပါတယ်၊ ဒါကြောင့် ကာရော့စွမ်းအင်စီမံကိန်းမှာ ကျွန်တော်တို့ အသုံးပြုခဲ့တဲ့ နောက်ဆုံးပေါ်နည်းပညာ ဖြစ်တယ်လို့ဆိုသင့်တာပါ”
စီမံကိန်းတွင်တရုတ်နိုင်ငံ၏ အလွန်ကောင်းမွန်သည့်နည်းပညာဆိုင်ရာပြယုဂ်ကို ဖော်ဆောင်ရင်း ကျန်းမာရေး၊ဘေးကင်းလုံခြုံရေးနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးစီမံကိန်းဖော်ဆောင်မည့် ကတိကဝတ်ဖြင့် လုပ်သားအင်အားဖြင့် တည်ဆောက်သည့်စီမံကိန်းကာလ၌ပင် ဆောက်လုပ်ရေးအဖွဲ့က လူသားများနှင့် ရေနေသတ္တဝါများအပေါ်ထိခိုက်မှုမရှိစေရန်ဂရုစိုက်ဆောင်ရွက်ခဲ့ကြောင်း အလီ က ဆိုသည်။
ကာရော့ရေအားလျှပ်စစ်စက်ရုံမှ လက်ထောက်မန်နေဂျာ မိုဟာမက် အလီမာမွတ် က “ ကျွန်တော်ဟာ လျှပ်စစ်ပို့လွှတ်ရေးအဖွဲ့ ရဲ့ စောင့်ကြပ်ကြည့်ရှုရေး၊ ကြီးကြပ်ရေးနဲ့ ပံ့ပိုးကူညီမှုတွေကိုလုပ်ဆောင်ရာမှာပါဝင်ခဲ့ဖူးပါတယ်၊ ဒါကြောင့် ဒီလျှပ်စစ်စွမ်းအင်တွေဟာ အမျိုးသားဓါတ်အားပေးလိုင်းထဲကို တိုက်ရိုက်ပို့လွှတ်မှာဖြစ်တယ်ဆိုတာကို ပြောနိုင်ပါတယ်၊ ဒါမှလည်း ကျွန်တော်တို့ထုတ်လွှတ်တဲ့ လျှပ်စစ်တွေကို ဒေသခံဓါတ်အားပေးလိုင်းတွေထဲကိုတစ်ဆင့် ပြန်လွှဲပြီးတော့ အနည်းဆုံး ဓါတ်အားသုံးစွဲသူပြည်သူ ၅သန်း အတွက် လျှပ်စစ်အသုံးပြုနိုင်အောင် အကျိုးကျေးဇူးရှိစေမှာ ဖြစ်ပါတယ်၊ နောက်ပြီး အဲဒီလျှပ်စစ်တွေဟာ ဒေသခံတွေအတွက် ဘယ်လိုအကျိုးကျေးဇူးဖြစ်စေမလဲဆိုတော့ လျှပ်စစ်ရရှိတာကြောင့် သူတို့ရဲ့ဘဝအနေအထား တိုးတက်လာမှာဖြစ်ပါတယ်၊ ဘာလို့လဲဆိုတော့ လက်ရှိမှာကျွန်တော်တို့စွမ်းအင်ပြတ်လတ်မှုတွေကြုံတွေ့နေရလို့ပါပဲ” ဟု ဆိုသည်။ (Xinhua)
…………………..
(English Version)
GLOBALink | Pakistan accelerates green development with CPEC’s Karot hydropower project
ISLAMABAD, June 28 (Xinhua) — Once put into operation, the Karot hydropower project under the China-Pakistan Economic Corridor will bring clean and affordable electricity to 5 million Pakistanis and help the country accelerate its green development.

The extreme weather conditions in Pakistan including this month’s pre-monsoon rains, abrupt snowfall and melting of glaciers have already started taking a toll on the lives of the people.

To mitigate the adverse effects of the changing weather patterns in Pakistan, one of the 10 most vulnerable countries affected by climate change in the world, the Pakistani government is taking action.

The measures include massive tree plantations, a policy to start operations of electric vehicles, and shifting the energy load from fossil fuels to hydro and renewable energy.

Karot Hydropower Plant, under the China-Pakistan Economic Corridor (CPEC), is constructed by China Three Gorges Corporation, with an installed capacity of 720,000 kilowatts, a total reservoir capacity of about 150 million cubic meters, and an average annual power generation of about 3.2 billion kilowatt-hours once put into operation.

The plant will reduce an equivalent of 3.5 million tons of carbon dioxide emissions per year, and meet the power demand of about 5 million local population.

Pakistan has great potential for hydro energy, as the east Punjab province alone has five major rivers, but the potential was not tapped due to complicated mountainous terrain that needed a lot of investment and expertise to construct and operate a hydropower plant.

SOUNDBITE 1 (English): MUHAMMAD ALI MAHMOOD, Assistant manager, Karot Hydropower Plant
“This kind of the project with the latest technology, imports all the machinery and equipment and the technology imported from China is like, is very good for this country. It is beneficial in terms of a low operational cost, and also it is compact, very much safe. So, this is the latest technology that I should mention that we have used here at the Karot power project.”

Calling the project an embodiment of China’s technological excellence and its commitment to giving preference to health, safety and environmental project, Ali said that even during the labor-intensive construction phase of the project, the construction team ensured that neither human nor aquatic life was affected.

SOUNDBITE 2 (English): MUHAMMAD ALI MAHMOOD, Assistant manager, Karot Hydropower Plant
“I will tell you that I have been involved in monitoring and supervising and just facilitating the transmission line team. So I can tell you better that the power that will be generated will go into the national grid. So, the power that we will be producing, it will evacuate in the local grid, and it will be of course, beneficial for at least like 5 million people’s electricity use. And so how it will be beneficial for the local people, of course, it will improve the lifestyle, because we have that power shortage currently we are facing.”
Produced by Xinhua Global Service