Connect with us

Videos

ဂျပန်နိုင်ငံက ဂျပန်-တရုတ် ပုံမှန်ဆက်ဆံရေး ထူထောင်ခြင်း နှစ် ၅၀ ပြည့် အထိမ်းအမှတ် တံဆိပ်ခေါင်း ထုတ်ဝေ

တိုကျို၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံနှင့် တရုတ်နိုင်ငံကြား သံတမန်ဆက်ဆံရေး ပုံမှန်အခြေအနေပြန်လည်ရောက်ရှိခြင်း နှစ် ၅၀ ပြည့်မြောက်ခြင်း နှစ်ပတ်လည်အဖြစ် စက်တင်ဘာ ၂၉ ရက်က အထိမ်းအမှတ်တံဆိပ်ခေါင်းများကို ဂျပန်နိုင်ငံက စက်တင်ဘာ ၂၉ ရက်၌ ထုတ်ဝေခဲ့သည်။ဂျပန်နိုင်ငံ စာတိုက်လုပ်ငန်းမှ ထုတ်ဝေသော အဆိုပါ တံဆိပ်ခေါင်းနှစ်ခုအား ဆေးမင်ရည်ကျဲကျဲပုံစံ ရိုးရှင်းသောဒီဇိုင်းဖြင့် ထုတ်လုပ်ထားသည်။ တံဆိပ်ခေါင်းတစ်မျိုးမှာ အရွယ်ရောက်ပန်ဒါကြီးမျိုးနှစ်ကောင်၏ ရုပ်ပုံဖြစ်ပြီး နောက်ထပ်တံဆိပ်ခေါင်းမှာမူ အရွယ်ရောက်ပြီးပန်ဒါကြီးတစ်ကောင်နှင့် ချစ်စရာကောင်းသော ပန်ဒါသားပေါက်လေးနှစ်ကောင်တို့ကို သရုပ်ဖော်ရေးဆွဲထားခြင်းဖြစ်သည်။

အဆိုပါ တံဆိပ်ခေါင်းများ၏ ဒီဇိုင်နာလည်းဖြစ် ဂျပန် စာတိုက်လုပ်ငန်းကုမ္ပဏီလီမိတက်၏ တံဆိပ်ခေါင်း ဒီဇိုင်နာချုပ်လည်းဖြစ်သူ Akira Tamaki က ၎င်း၏ တံဆိပ်ခေါင်းဒီဇိုင်းအယူအဆကို မကြာသေးမီက ဆင်ဟွာသို့ မိတ်ဆက်ပြောကြားခဲ့သည်။

ဂျပန်နိုင်ငံနှင့် တရုတ်နိုင်ငံတို့၏ သံတမန်ဆက်ဆံရေးမှာ ၁၉၇၂ ခုနှစ် စက်တင်ဘာလတွင် ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး တစ်လခန့်အကြာတွင် Kang Kang နှင့် Lan Lan ဟူသော ပန်ဒါကြီးမျိုးနှစ်ကောင်မှာ တိုကျိုမြို့ရှိ Ueno တိရစ္ဆာန်ရုံသို့ ရောက်ရှိလာခဲ့သည်။
ထိုအချိန်မှစ၍ ဂျပန်နိုင်ငံနှင့် ပန်ဒါကြီးမျိုးများမှာ ခိုင်မြဲသော ချစ်ကြည်ရင်းနှီးမှု ဖြစ်ပေါ်လာခဲ့ကြောင်း Tamaki က ဆိုသည်။ “ဒါဟာ ဂျပန်-တရုတ် သံတမန်ဆက်ဆံရေး ပုံမှန်အခြေအနေပြန်လည်ရောက်ရှိခြင်းရဲ့ သင်္ကေတအဖြစ်ထည့်သွင်းစဉ်းစားခဲ့တယ်” (Xinhua)
…………………………………
Japan issues commemorative stamps marking 50th anniversary of normalization of Japan-China ties
Japan released a set of commemorative stamps on Thursday to mark the 50th anniversary of the normalization of diplomatic relations between Japan and China.
Issued by Japan Post, the two stamps share a similar design featuring the ink wash painting style. One stamp shows a picture of a pair of adult giant pandas and the other depicts an adult giant panda with a pair of adorable giant panda cubs.
Akira Tamaki, the designer of this set of stamps and chief stamp designer at Japan Post Co. Ltd., introduced his design concept to Xinhua recently.
Tamaki said that in September 1972, Japan and China normalized their diplomatic relations, and about a month later, two giant pandas Kang Kang and Lan Lan arrived at the Ueno Zoo in Tokyo, setting off an unprecedented “panda craze” in Japan.
Since then, Japan and giant pandas have formed an indissoluble bond, Tamaki said. “It is considered a symbol of the normalization of Japan-China diplomatic relations.”
Xinhua News Agency correspondents reporting from Tokyo.
(XHTV)