Connect with us

Videos

ဆယ်စုနှစ်တစ်ခုကြာ ပြောင်းလဲမှုက တရုတ်နိုင်ငံ၏ ငွေကြေးဈေးကွက်အား ပိုမိုကျယ်ပြန့်သော ကမ္ဘာ့ဈေးကွက်အဖြစ်သို့ပြောင်းလဲပေး

ပေကျင်း၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ)

သစ်လွင်ပြီး အလျင်အမြန်တိုးတက်နေသည့် တရုတ်နိုင်ငံ၏ ငွေကြေးဈေးကွက်သည် လွန်ခဲ့သော ဆယ်စုနှစ်အတွင်း ပြုပြင်ပြောင်းလဲရေးခြေလှမ်းသစ်များအပေါ် တည်ဆောက်လျက် ကမ္ဘာ့ဈေးကွက်များတွင် တံခါးဖွင့်ဝါဒ ထပ်မံဆောင်ရွက်ရန် ခြေလှမ်းသစ်များစတင်လျက်ရှိကြောင်း သိရသည်။

တရုတ်နိုင်ငံ၏ စတော့ခ်ရှယ်ယာဈေးကွက်နှင့် ချေးငွေ စာချုပ်ဈေးကွက်သည် လွန်ခဲ့သည့် ၁၀ နှစ်ကျော်ကာလအတွင်း ၂၃၈.၉ ရာခိုင်နှုန်းနှင့် ၄၄၄.၃ ရာခိုင်နှုန်းအထိ ကျယ်ပြန့်လာခဲ့ပြီး ယင်းနှစ်ခုစလုံးသည် လက်ရှိတွင် ကမ္ဘာ့ဒုတိယအကြီးဆုံးဈေးကွက်ဖြစ်လာခဲ့သည်။
ငွေကြေးဈေးကွက်သည် ဈေးကွက်အခြေပြုစနစ်နှင့် ဥပဒေများအပေါ် ပိုမိုအခြေခံသည့်ပတ်ဝန်းကျင်တစ်ရပ်ကို ပေးအပ်ရေးဆွဲဆောင်မှုကို ကမ္ဘာလုံးဆိုင်ရာရင်းနှီးမြှုပ်နှံသူများအား အထင်အရှားဖော်ပြထားသည်။

တရုတ်နိုင်ငံ တောင်ပိုင်းရှိ အမေရိကန်ကုန်သည်ကြီးများအသင်းဥက္ကဌ HARLEY SEYEDIN က“တရုတ်နိုင်ငံတောင်ပိုင်းစီးပွားရေးအခြေအနေနဲ့ပတ်သက်လို့ ကျွန်တော်တို့ရဲ့ ၂၀၂၂ ခုနှစ် အထူးအစီအရင်ခံစာနဲ့ တရုတ်နိုင်ငံရဲ့ စီးပွားရေးပတ်ဝန်းကျင်ဆိုင်ရာ ၂၀၂၂ ခုနှစ်စက္ကူဖြူစာတမ်းတွေကိုကြည့်လိုက်လို့ရှိရင် ကျွန်တော်တို့ ကုမ္ပဏီတွေအတွက် ဘဏ္ဍာရေးရာ၊ ကျွမ်းကျင်မှုဆိုင်ရာဝန်ဆောင်မှု ဧရိယာစသဖြင့် ဝန်ဆောင်မှု ဧရိယာပိုင်းအတွက် ဘယ်လောက်တောင် လျင်မြန်စွာတိုးတက်နေတဲ့ ရင်းနှီးမြှုပ်နှံမှု ဒေသဖြစ်နေသလဲဆိုတာကိုသတိထားမိမှာပါ ၊ ဒါဟာ နောက်ထပ်သယ်ယူပို့ဆောင်ရေးကဏ္ဍကိုပါ တိုးတက်ဖို့ အထောက်အကူလည်းဖြစ်စေတယ်လေ၊ ဒါ့အပြင် နိုင်ငံတကာ ငွေကြေးလဲလှယ်မှု၊ တရုတ်နိုင်ငံနဲ့ အမေရိကန်နိုင်ငံအပါအဝင် ကမ္ဘာ့အခြားနိုင်ငံတွေအကြား နိုင်ငံတကာ ကုန်စည်ရောင်းဝယ်ဖောက်ကားမှု ကိုလည်းပိုမိုတိုးတက်စေမှာပါ” ဟုဆိုသည်။

တရုတ်ပြည်တွင်း ယွမ်ငွေရင်းနှီးမြှုပ်နှံထားသော နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ၏ ပိုင်ဆိုင်မှုများသည် လွန်ခဲ့သည့် ၁၀ နှစ် နှင့်နှိုင်းယှဉ်ပါက ၂.၄ ဆ ခန်က တိုးတက်လာခဲ့ပြီး နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ ရှိ တရုတ်ယွမ်ငွေ၏ ရှယ်ယာမှာလည်း ၁၀.၉၂ ရာခိုင်နှုန်းမှ ၁၂.၂၈ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့သည်။

တရုတ် ပြည်တွင်း ယွမ်ငွေကြေးဆိုင်ရာဘဏ္ဍာရေး အရင်းအမြစ်ကို ကိုင်ဆောင်ထားသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများသည်လည်း လွန်ခဲ့သည့် ၁၀ နှစ် နှင့်နှိုင်းယှဉ်ပါက ၂.၄ ဆ ခန်က တိုးတက်လာခဲ့ပြီး နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့၏ SDR (Special Drawing Rights) basket ရှိ တရုတ်ယွမ်ငွေ၏ ရှယ်ယာမှာလည်း ၁၀.၉၂ ရာခိုင်နှုန်းမှ ၁၂.၂၈ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့သည်။

Mandiri ဘဏ် စီးပွားရေးပညာရှင် DENDI RAMDANI က

“တကယ်လို့ တရုတ်နိုင်ငံက သာ တစ်ကမ္ဘာလုံးက ပြည်သူတွေ အထူးသဖြင့် တရုတ်နိုင်ငံရဲ့ အဓိက စီးပွားဖက် တွေရဲ့ ယုံကြည်မှုတွေရလာမယ်ဆိုရင် အဲဒါဟာ သိပ်ကိုကောင်းမွန်လာနိုင်လို့ ကျွန်တော်ထင်တယ် ဒီတော့ ကျွန်တော်တို့ဟာ အမေရိကန်ဒေါ်လာအပေါ်ကို အလုံးစုံမှီခိုနေစရာမလိုတဲ့ အခြားငွေကြေးတစ်ရပ်ပေါ်ပေါက်လာနိုင်ပါတယ်၊ ဒါဆိုရင် ဖွံ့ဖြိုးဆဲနိုင်ငံတွေ အထူးသဖြင့် ကမ္ဘာပေါ်က တရုတ်နိုင်ငံရဲ့ အဓိက စီးပွားဖက်တွေရဲ့ ငွေကြေးဈေးကွက်မှာတည်ငြိမ်မှုတွေရရှိလာမှာဖြစ်ပါတယ်” ဟုဆိုသည်။ (Xinhua)

…………………….
(English Version)
GLOBALink | A decade of transformation turns China’s financial market into larger global presence
BEIJING, July 4 (Xinhua) — China’s financial market, young and fast-growing, is at a new outset to open up further to the global markets, building on the transformative steps it has taken in the past decade.
The country’s equity market and bond market have expanded 238.9 percent and 444.3 percent over the past 10 years, now both the second largest worldwide.
The financial market has sharpened its appeal to global investors through reforms to render a more market-oriented and rules-based environment.
SOUNDBITE 1 (English): HARLEY SEYEDIN, President of American Chamber of Commerce in South China
“When we look at our 2022 Special Report on State of Business South China and our 2022 White Paper on the Business Environment in China, you would notice that the fastest-growing investment areas for our companies are the services areas as well as the financial areas, and the professional services area. It helps further develop the logistics. It helps further develop the international exchange, international trade between China and the rest of the world, and of course the United States.”
Foreign entities’ holdings of domestic RMB financial assets have increased by 2.4 times compared with 10 years ago, while the share of the Chinese yuan in the International Monetary Fund’s Special Drawing Rights basket has risen from 10.92 percent to 12.28 percent.

SOUNDBITE 2 (English): DENDI RAMDANI, Bank Mandiri economist
“If China can develop the confidence to all people in the world and especially the main trading partners of China, I think that can be very good, so we have a currency alternative in the world without fully dependent on the U.S. dollar. It also could help the stability of the currencies in the developing countries, especially the main trading partners of China in the world.”

Produced by Xinhua Global Service

 

 

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.