Connect with us

Media

အမေရိကန်နိုင်ငံ Half Moon Bay မြို့၏ နှစ် ၅၀ ကြိမ်မြောက် ကမ္ဘာ့အလေးဆုံးရွှေဖရုံသီးပြိုင်ပွဲ၌ စံချိန်သစ်တင်

လော့စ်အိန်ဂျလိစ်၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် Half Moon Bay မြို့၌ အောက်တိုဘာ ၉ ရက်တွင် ပြုလုပ်သည့် ၅၀ ကြိမ်မြောက် ကမ္ဘာ့အလေးဆုံးရွှေဖရုံသီးပြိုင်ပွဲ၌ စံချိန်သစ်နှင့်အတူ မင်နီဆိုတာပြည်နယ်မှ ရွှေဖရုံသီး စိုက်တောင်သူတစ်ဦးက တတိယမြောက် ချန်ပီယံဆုနှင့် ဆုငွေ အမေရိကန်ဒေါ်လာ ၃၀,၀၀၀ အနိုင်ရရှိခဲ့ကြောင်း သိရသည်။

အလေးချိန် ၂,၇၄၉ ပေါင် (၁,၂၄၇ ကီလိုဂရမ်) ရှိသော အဆိုပါရွှေဖရုံသီးဖြင့် Travis Gienger သည် ၂၀၂၁ ခုနှစ်က အလေးချိန် ၂,၇၀၂ ပေါင် (၁,၂၂၆ ကီလိုဂရမ်) ရှိ ဖရုံသီးဖြင့် အီတလီနိုင်ငံမှ စိုက်ပျိုးသူတစ်ဦး၏ ယခင်ကမ္ဘာ့စံချိန်အား ကျော်ဖြတ်နိုင်ခဲ့ကြောင်း ဂင်းနစ်ကမ္ဘာ့စံချိန်အရ သိရသည်။ (Xinhua)

…………………………….
(English Version)
New world record set at Half Moon Bay’s 50th annual pumpkin weigh-off
A pumpkin farmer from Minnesota won his third champion and 30,000 U.S. dollars of prize money, with a new world record at the 50th Safeway World Championship Pumpkin Weigh-Off in Half Moon Bay on Monday.
With his pumpkin weighing 2,749 pounds (1,247 kilograms), Travis Gienger broke the previous world record set by a grower in Italy who produced a 2,702-pound (1,226-kilogram) squash in 2021, according to Guinness World Records.
Xinhua News Agency correspondents reporting from Los Angeles, the United States.(XHTV)