Connect with us

Videos

ပထမဆုံး “ဗီယက်နမ်-တရုတ်-ကာဇက်စတန်” ကုန်တင်ရထား စတင်ပြေးဆွဲ

ဖိန်ရှန်း၊ ဇန်နဝါရီ ၄ ရက် (ဆင်ဟွာ)

အီလက်ထရွန်းနစ် ကုန်ပစ္စည်းများနှင့် အခြားကုန်စည်များ တင်ဆောင်ထားသည့် အထူးရထားတစ်စင်းသည် တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီး (ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ဖိန်ရှန်း ရထားဘူတာမှ ဇန်နဝါရီ ၁ ရက်က ထွက်ခွာလာခဲ့သည်။ အဆိုပါရထားသည် တရုတ်-ဥရောပ အဝေးပြေးရထားလမ်းမှတစ်ဆင့် ဗီယက်နမ်နိုင်ငံမှ ကာဇက်စတန်နိုင်ငံသို့ ခရီးနှင်လျက်ရှိသည်။ထိုရထားလမ်းကြောင်းသစ် ဖွင့်လှစ်ခြင်းသည် သယ်ယူပို့ဆောင်ရေးကို ထိရောက်စွာ မြှင့်တင်ပေးမည်ဖြစ်သည်။

China Railway International Multimodal Transport ကုမ္ပဏီလီမိတက်၊ ဖိန်ရှန်း စီးပွားရေးဦးစီးဌာန၊ မန်နေဂျာ ကျန့်ရိဖိန်က “အရင်ကတော့ ဗီယက်နမ်က အီလက်ထရွန်းနစ်ပစ္စည်းတွေကို အလယ်အာရှနိုင်ငံတွေဆီ သင်္ဘောနဲ့ အများဆုံးတင်ပို့ခဲ့တယ်။ ရှိနှင့်ပြီးသား စီမံကိန်းရဲ့ကန့်သတ်မှုတွေကြောင့် ကုန်စည်တွေရောက်ရှိချိန်က သေချာမှုမရှိဘူး။ ရက်ပေါင်း ၅၀ လောက်ကြာလေ့ရှိတယ်။ အခုတော့ ဖိန်ရှန်းဘူတာမှ ရှီးအန်း နိုင်ငံတကာဆိပ်ကမ်း၊ ထိုမှတစ်ဆင့် တရုတ်-ဥရောပရထားဖြင့် ကာဇက်စတန်သို့ သယ်ယူပို့ဆောင်မှုက အချိန် ထက်ဝက်ကျော် သက်သာသွားနိုင်ပါတယ်။ ဒီရထားလမ်းက အာဆီယံနဲ့ အလယ်ပိုင်းနိုင်ငံတွေကြား သယ်ယူပို့ဆောင်ရေး ပြဿနာကို ထိထိရောက်ရောက် ဖြေရှင်းပေးပါတယ်” ဟု ပြောကြားခဲ့သည်။

China Railway Nanning Bureau Group ကုမ္ပဏီလီမိတက် နန်နင်းဘူတာ လက်ထောက်ညွှန်ကြားရေးမှူး Lao Zhengchang က “ဒီနှစ် (၂၀၂၂) မှာ ဖိန်ရှန်းဘူတာကတစ်ဆင့် နယ်စပ်ဖြတ်ကျော်ရထားအရေအတွက်က မနှစ်ကထက် ၁၃.၉ ရာခိုင်နှုန်း မြင့်တက်လာခဲ့တယ်။ ပြည်တွင်း၊ ပြည်ပ စုစုပေါင်း ကုန်စည် တန်ချိန် ၇၈၈,၀၀၀ ရှိခဲ့ပြီး မနှစ်ကထက် များပြားလာခဲ့ပါတယ်” ဟု ဆိုသည်။ (Xinhua)

……………………………………..

1st “Vietnam-China-Kazakhstan” freight train launched
A special freight train carrying electronic components and other goods departed from Pingxiang Railway Station in south China’s Guangxi Zhuang Autonomous Region on Saturday. It travels from Vietnam to Kazakhstan, via the China-Europe Railway Express route. #GLOBALink
-The opening of the new route will improve transport efficiency.

Jiang Yiping
Manager, Pingxiang Business Department,
China Railway International Multimodal Transport Co., Ltd.

In the past, most electronic components from Vietnam were shipped to Central Asian countries. Due to the restrictions of the exit plan, the arrival time of the goods is uncertain. It usually takes about 50 days. Now, the railway transport via Pingxiang Station to Xi’an International Port for transit to Kazakhstan via the China-Europe Railway Express route can save more than half of the time. The line effectively solves the transportation problem between ASEAN and Central countries.

Lao Zhengchang
Deputy Director of Nanning Depot of
China Railway Nanning Bureau Group Co., Ltd.
This year (2022), the number of cross-border trains via Pingxiang Station increased 13.9% year on year. Inbound and ouotbound goods totaled 788,000 tons, up 41 percent year-on-year.

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.