Connect with us

Media

ကုလသမဂ္ဂက ငလျင်ဒဏ်သင့် ဆီးရီးယားနိုင်ငံအတွက် အမေရိကန်ဒေါ်လာ ၃၉၇ သန်း အကူအညီပေးရေး မေတ္တာရပ်ခံ

ကုလသမဂ္ဂ ၊ ဖေဖော်ဝါရီ ၁၅ ရက် (ဆင်ဟွာ)
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ငလျင်ဒဏ်သင့်ဆီးရီးယားနိုင်ငံ၏ ပြည်သူများအတွက် အမေရိကန်ဒေါ်လာ ၃၉၇ သန်းရှိသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတောင်းခံချက်အား ကုလသမဂ္ဂ က စတင်လိုက်ကြောင်း ဖေဖော်ဝါရီ ၁၄ ရက်တွင် ကြေညာခဲ့သည်။

“ဆီးရီးယားကြိုးပမ်းမှုက ကုလသမဂ္ဂစနစ်တစ်ခုလုံး နဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မိတ်ဖက်တွေကို တစ်စိတ်တည်းတစ်ဝမ်းတည်း ဖြစ်လာစေပါတယ်။ အမိုးအကာ ၊ ကျန်းမာရေးစောင့်ရှောက်မှု ၊ အစားအစာ နဲ့ အကာအကွယ်တွေအပါအဝင် ဆီးရီးယားပြည်သူ ၅ သန်းနီးပါးအတွက် အသက်ရှင်သန်မှု ကယ်ဆယ်ရေး နဲ့ အရေးတကြီး လိုအပ်ချက်တွေ ရရှိဖို့ ကူညီပေးသွားပါမယ် ။ ပြည်သူတွေနဲ့ အတူ ရပ်တည်ဖို့ အထိရောက်ဆုံး နည်းလမ်းကတော့ အရေးပေါ်ရန်ပုံငွေ ထောက်ပံ့ပေးခြင်းပါပဲ”ဟု ၎င်းက ပြောကြားခဲ့သည်။

တူရကီ နိုင်ငံ နှင့် အိမ်နီးချင်း ဆီးရီးယားနိုင်ငံတို့၌ ဖေဖော်ဝါရီ ၆ ရက်တွင် အင်အားပြင်းငလျင်များ နှင့် နောက်ဆက်တွဲ မြေငလျင်များ လှုပ်ခတ်ခဲ့ပြီး ဖေဖော်ဝါရီ ၁၃ ရက်အထိ သေဆုံးသူအရေအတွက်မှာ ၃၅,၀၀၀ ကျော်အထိ မြင့်တက်လာခဲ့ကြောင်း သိရသည်။
မြေငလျင်များ လှုပ်ခတ်ပြီးနောက် ချက်ချင်း ကုလသမဂ္ဂက ဗဟိုအရေးပေါ်တုံ့ပြန်ရေးရန်ပုံငွေမှတစ်ဆင့် ဒေါ်လာသန်း ၅၀ ကို အမြန်ဆုံး ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က “အကြီးအကျယ် ပျက်စီးစေခဲ့တဲ့ မြေငလျင်တွေ လှုပ်ခတ်ပြီးတော့ တစ်ပတ်အကြာမှာ ဒေသတစ်ဝန်းက လူသန်းပေါင်းများစွာက အေးခဲတဲ့ ရာသီဥတုမှာ အိုးမဲ့အိမ်မဲ့နဲ့ ဆက်လက်ရှင်သန်နိုင်ဖို့ ရုန်းကန်လှုပ်ရှားနေကြရပါတယ်။ ဒါတွေကို ပြောင်းလဲနိုင်ဖို့အတွက် တတ်နိုင်သမျှအားလုံး လုပ်ဆောင်နေပါတယ်။ ဒါပေမဲ့ အများကြီး လိုအပ်နေပါသေးတယ်”ဟု ပြောကြားခဲ့သည်။
သဘာဝကပ်ဘေးကြောင့် ဖြစ်ပွားရသော ဒုက္ခများ ပို၍မဆိုးဝါးလာစေရန် ကူညီထောက်ပံ့မှုများ ဝင်ရောက်ခြင်း၊ ရန်ပုံငွေစုဆောင်းခြင်းနှင့် ပစ္စည်းထောက်ပံ့ပို့ဆောင်ခြင်းစသည်တို့တွင် အတားအဆီးများမပြုလုပ်ကြရန် ၎င်းက တိုက်တွန်းပြောကြားခဲ့သည်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က “ဘယ်လိုကန့်သတ်ချက်မျိုးမှ မရှိဘဲနဲ့ အကူအညီတွေက လမ်းကြောင်းအားလုံးကနေ ဘက်ပေါင်းစုံကနေ ဘက်ပေါင်းစုံဆီကို ရရှိရပါမယ် ။ ဒီဘေးအန္တရာယ်ကြောင့် ဒုက္ခရောက်နေကြတဲ့ အသက်ရှင်သန်ကြတဲ့ အမျိုးသား ၊ အမျိုးသမီး ၊ ကလေးငယ် သန်းပေါင်းများစွာကို ကူညီဖို့ ၊ ဒီကြိုးပမ်းအားထုတ်မှုတွေက နှောင့်နှေးခြင်းမရှိဘဲ ရန်ပုံငွေ အပြည့်အဝ ထည့်ဝင်ဖို့ အဖွဲ့ဝင်နိုင်ငံတွေနဲ့ တစ်ခြားနိုင်ငံတွေကို ကျွန်တော်အနေနဲ့ တိုက်တွန်းပါတယ်”ဟု ပြောကြားခဲ့သည်။

ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုရေးရာ ညှိနှိုင်းရေးရုံး(OCHA)၏ ပြောကြားချက်အရ ပြီးခဲ့သောသီတင်းပတ်က လှုပ်ခတ်ခဲ့သည့် အကြီးအကျယ် ပျက်စီးခဲ့သည့် မြေငလျင်များကြောင့် ဆီးရီးယားနိုင်ငံရှိ ပြည်သူ ၈.၈ သန်း ထိရောက်ခံစားရကြောင်း သိရသည်။

ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်းသည် ထိခိုက်ပျက်စီးမှု အများဆုံး ဖြစ်ပြီး အလက်ပိုမြို့၌ လူပေါင်း ၄.၂ သန်းကျော် ဘေးဒဏ်သင့်ခဲ့ကာ Idlib မြို့၌ လူပေါင်း ၃ သန်း ဘေးဒဏ်သင့်ခဲ့ကြောင်း ဖေဖော်ဝါရီ ၁၄ ရက်တွင် OCHA က သတင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။ အဆောက်အအုံ ၇,၄၀၀ ကျော်မှာ အလုံးစုံ သို့မဟုတ် တစ်စိတ်တစ်ပိုင်း ပြိုကျပျက်စီးခဲ့ကြောင်း ထည့်သွင်းဖော်ပြထားသည်။ (Xinhua)
…………………………………………………..

(English Version)

UN appeals for 397 mln USD for quake-hit Syria
UN Secretary-General Antonio Guterres announced on Tuesday the world body is launching a humanitarian appeal for 397 million U.S. dollars for the people of earthquake-hit Syria.
SOUNDBITE 1 (English): ANTONIO GUTERRES, UN Secretary-General
“The Syria effort brings together the entire UN system and humanitarian partners and will help secure desperately needed, life-saving relief for nearly 5 million Syrians, including shelter, healthcare, food and protection. The most effective way to stand with the people is by providing this emergency funding.”
Strong earthquakes and aftershocks hit Türkiye and neighboring Syria on Feb. 6, with the death toll climbing to over 35,000 people as of Monday.
In the immediate aftermath of the earthquakes, the United Nations rapidly provided 50 million dollars through the Central Emergency Response Fund.
SOUNDBITE 2 (English): ANTONIO GUTERRES, UN Secretary-General
“One week after the devastating earthquakes, millions of people across the region are struggling for survival, homeless and in freezing temperatures. We are doing all we can to change this. But much more is needed.”
The UN chief stressed that the human suffering from this epic natural disaster should not be made even worse by manmade obstacles in access, funding and supplies.
SOUNDBITE 3 (English): ANTONIO GUTERRES, UN Secretary-General
“Aid must get through from all sides, to all sides, through all routes — without any restrictions. I urge member states and others to fully fund this effort without delay and help the millions of children, women and men whose lives have been upended by this generational disaster.”
According to the UN Office for the Coordination of Humanitarian Affairs (OCHA), 8.8 million people in Syria were affected by last week’s devastating earthquakes.
The damage is worse in the northwest of the country, where more than 4.2 million people have been affected in Aleppo, and 3 million people have been affected in Idlib, OCHA said Tuesday in a press release, adding that more than 7,400 buildings have been completely or partially destroyed.
Xinhua News Agency correspondents reporting from UN headquarters.
(XHTV)