Connect with us

Media

G7 နိုင်ငံခြားရေးဝန်ကြီးများက ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် ပိုမိုနီးကပ်သောဆက်ဆံရေး စိတ်ဝင်စား

တိုကျို ၊ ဧပြီ ၁၈ ရက် (ဆင်ဟွာ)

G7 နိုင်ငံခြားရေးဝန်ကြီးများက ဂျပန်နိုင်ငံ အလယ်ပိုင်း Karuizawa အပန်းဖြေမြို့၌ ဧပြီ ၁၇ ရက်တွင် ဒုတိယမြောက်နေ့အဖြစ် ဆက်လက်ဆွေးနွေးခဲ့ကြပြီး ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် ဆက်ဆံရေး ခိုင်မာအားကောင်းစေရေး လိုအပ်ကြောင်း အလေးထားပြောကြားခဲ့ကြသည်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီး Yoshimasa Hayashi က ဖွံ့ဖြိုးဆဲနိုင်ငံများသည် ကိစ္စမျိုးစုံနှင့် ရင်ဆိုင်နေရပြီး G7 က ယင်းကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းရေးအတွက် ဖွံ့ဖြိုးဆဲနိုင်ငံများနှင့်အတူ လက်တွဲဆောင်ရွက်ရန် ရည်ရွယ်ထားကြောင်း တွေ့ဆုံမှုတွင် ပြောကြားခဲ့သည်။
ဂျပန်နိုင်ငံခြားရေးဝန်ကြီး နှင့် G7 နိုင်ငံခြားရေးဝန်ကြီးများသည် ၃ ရက်ကြာကျင်းပပြုလုပ်မည့် အစည်းအဝေးအတွက် ဧပြီ ၁၆ ရက် မွန်းလွဲပိုင်းတွင် Karuizawa အပန်းဖြေမြို့သို့ ရောက်ရှိလာခဲ့ရာ ပြည်သူများက G7 အား ကန့်ကွက်သည့် စာတန်းများ ကိုင်ဆွဲပြသခဲ့ကြောင်း သိရသည်။

G7 ထိပ်သီးအစည်းအဝေးအား မေလတွင် ဂျပန်နိုင်ငံ ဟီယိုရှီးမားမြို့၌ ကျင်းပသွားမည် ဖြစ်သည်။ (Xinhua)

……………………………
(English Version)
G7 foreign ministers eye closer ties with developing countries
Foreign ministers from the Group of Seven (G7) continued talks on Monday for a second day in Japan’s central resort town of Karuizawa, highlighting the need to strengthen ties with developing countries.

Japanese Foreign Minister Yoshimasa Hayashi told the gathering that with developing countries facing a variety of issues, the G7 intends to work together with them to tackle these issues.
Hayashi and his G7 counterparts arrived in Karuizawa on Sunday afternoon for a three-day meeting, where people held banners like Objection to G7.

The G7 summit will be held in the Japanese city of Hiroshima in May.

Xinhua News Agency correspondents reporting from Karuizawa, Japan.
(XHTV)

 

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.