Connect with us

Media

ပုဂံရှိ စေတီပုထိုးများ၏ နံရံဆေးရေးပန်းချီများ ရှေးမူမပျက်ပြန်လည်ပြုပြင်မည်

ရန်ကုန်၊ ဧပြီ ၁၈ ရက် (ဆင်ဟွာ)

ကမ္ဘာ့အမွေအနှစ်နေရာဖြစ်သောပုဂံမြို့ရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ရှေးဟောင်းစေတီပုထိုးများ၏ နံရံဆေးရေးပန်းချီများကို ရှေးမူမပျက်ပြန်လည်ပြုပြင်မည် ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန မှ ညွှန်ကြားရေးမှူး ဦးအာကာကျော်က ဆင်ဟွာသို့ ဧပြီ အစောပိုင်းက ပြောကြားခဲ့သည်။ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတစ်နေရာတည်းမှာပင် နှစ်ပေါင်း ၁၀၀၀ ကျော်ခန့်က ရှေးဟောင်းစေတီ၊ပုထိုးပေါင်း ၃၀၀၀ ကျော် ရှိပြီး နိုင်ငံခြားသားအများအပြား လာရောက်သော ခရီးသွားဒေသတစ်ခုဖြစ်သည်။ ပုဂံယဉ်ကျေးမှုနယ်မြေကို ၂၀၁၉ ခုနှစ်တွင် ယူနက်စကိုက ကမ္ဘာ့အမွေအနှစ်နေရာအဖြစ် သတ်မှတ်ခဲ့သည်။ (Xinhua)