Connect with us

China

မသန်စွမ်း တိရစ္ဆာန်လေးများအတွက် ဘီးတပ်ကုလားပြုလုပ်ပေးနေသော တရုတ်နိုင်ငံ လျောင်နင်ပြည်နယ်က အမျိုးသားတစ်ဦး

ဟူလူသောင်၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ)

“မသန်စွမ်း တိရစ္ဆာန်လေးတစ်ကောင်ကကျွန်တော်ဖန်တီးထားတဲ့ ဘီးတပ်ကုလားထိုင်ရဲ့အကူအညီနဲ့ လမ်းပြန်လျှောက်လာနိုင်တာကို တွေ့ရပြီး ဝမ်းသာမျက်ရည်ကျကြတဲ့ သူတို့ရဲ့သခင်တွေကို တွေ့တဲ့အခါ ကျွန်တော့်ရင်ထဲက ကြည်နူးမိပါတယ်”ဟု တရုတ်နိုင်ငံ လျောင်နင်ပြည်နယ်မှ ကောင်းရှောင်တုန်းက ဆိုသည်။ ကောင်းရှောင်တုန်းသည် တိရစ္ဆာန်လေးများအတွက် ဘီးတပ်ကုလားထိုင်ကို ၁၇ နှစ်ကြာပြုလုပ်ခဲ့သူဖြစ်ပြီး တိရစ္ဆာန်သုံးဘီးတပ်ကုလားထိုင်ပေါင်း ၈၀,၀၀၀ ကျော် ထုတ်လုပ်ကာ နိုင်ငံပေါင်း ၁၀ နိုင်ငံကျော်ထံ ရောင်းချခဲ့သည်။

ကောင်းရှောင်တုန်းသည် ၎င်း၏မိဘများ မွေးစားထားသော ခွေးကလေးအတွက် ပထမဆုံး အိမ်မွေးတိရစ္ဆာန်သုံး ဘီးတပ်ကုလားထိုင်ကို ဖန်တီးခဲ့သည်။ ထိုဘီးတပ်ကုလားထိုင်ကို အွန်းလိုင်းတင်ပြီးနောက် ချုံချင့်မြို့က ကြောင်လေးတစ်ကောင်အတွက် ဘီးတပ်ကုလားထိုင် ပထမဆုံးအမှာစာ ရရှိခဲ့ခြင်း ဖြစ်သည်။

ထို့နောက် ကောင်းရှောင်တုန်းသည် မသန်စွမ်း တိရစ္ဆာန်လေးများအတွက် ဘီးတပ်ကုလားထိုင်ပြုလုပ်ခြင်းကို တစ်စိုက်မတ်မတ်ပြုလုပ်ခဲ့သည်။
“၂၀၀၆ ခုနှစ်ကစပြီး ကျွန်တော်က ကြောင်လေးတွေ၊ ခွေးလေးတွေ၊ မြေခွေးလေးတွေ၊ ဟမ်းစတာလေးတွေစတဲ့ သွားလာဖို့အဆင်မပြေတော့တဲ့ မသန်စွမ်း တိရစ္ဆာလေးတွေအတွက် ဝယ်သူစိတ်ကြိုက်သီးသန့် ဘီးတပ်ကုလားထိုင်လေးတွေ ဖန်တီးပေးခဲ့ပါတယ်။ ဒီအလုပ်လုပ်လာတာ နှစ်ပေါင်း ၂၀ နီးပါး ရှိပါပြီ။ မတူကွဲပြားတဲ့တိရစ္ဆာန်လေးတွေအတွက် သင့်လျော်တဲ့ ဘီးတပ်ကုလားထိုင်လေးတွေရဲ့ ဒီဇိုင်းကို ပိုမြင့်လာအောင် ကျွန်တော် တောက်လျှောက်လုပ်လာခဲ့ပါတယ်။ ဒီအတွက်လည်း ကျွန်တော် နိုင်ငံအလိုက် မူပိုင်ခွင့်တွေ လျှောက်ထားပါတယ်”ဟု ကောင်းရှောင်တုန်းက ဆိုသည်။

တိရစ္ဆာန်လေးများနှင့်၎င်းတို့၏သခင်များကြားတွင် ရှိသော ရင်ကိုထိမိစေခဲ့သည့် အကြောင်းအရာများစွာကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခဲ့ရကြောင်း၊ ထို့ကြောင့်လည်း ဤအလုပ်ကို လက်မလျော့ဘဲ ကြိုးစားလုပ်ကိုင်နေရခြင်း ဖြစ်ကြောင်း ကောင်းရှောင်တုန်းက ပြောကြားခဲ့သည်။ (Xinhua)

………………………………..
(English Version)
Man tailors wheelchair to disabled animal in China’s Liaoning
“When I see a handicapped pet walk again with the help of my wheelchair, and their owner burst into tears, I feel happy from the bottom of my heart.” Gao Xiaodong in China’s Liaoning Province has been engaged in making pet wheelchairs for 17 years, producing more than 80,000 units and selling them to over 10 countries.

Gao made his first pet wheelchair for the dog adopted by his parents.
Soon after posting a picture of the wheelchair online, he received his first order from Chongqing for a cat.

Since then, Gao has been dedicated to making wheelchairs for these disabled animals.
SOUNDBITE (Chinese): GAO XIAODONG, Pet wheelchair maker
“I started making customized wheelchairs for disabled small animals such as cats, dogs, rabbits, foxes, and hamsters with mobility issues. It has been almost 20 years since I started in 2006. Over the years, I have been improving the design of the wheelchairs to make it suitable for different animals. I have also applied for several national patents.”
Gao said that he has witnessed many touching stories between pets and their owners, which is the main reason why he persists in this job.

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.