Connect with us

Media

ရုရှားနိုင်ငံက နော်ဝေသံတမန် ၁၀ ဦးကို မကြိုဆိုထိုက်သူများအဖြစ် ကြေညာ

မော်စကို ၊ ဧပြီ ၂၇ ရက်(ဆင်ဟွာ)

ရုရှားနိုင်ငံက မော်စကိုမြို့ရှိ နော်ဝေသံရုံး နှင့် စစ်သံရုံး၌ လုပ်ကိုင်နေသည့် သံတမန် ၁၀ ဦးကို မကြိုဆိုထိုက်သူများအဖြစ် ကြေညာခဲ့ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဧပြီ ၂၆ ရက်တွင် ပြောကြားခဲ့သည်။

နော်ဝေနိုင်ငံရှိ ရုရှားနိုင်ငံသံရုံး နှင့် စစ်သံရုံးတို့မှ ရုရှားသံတမန် ၁၅ ဦးကို နှင်ထုတ်ရန် နော်ဝေနိုင်ငံ၏ ဆုံးဖြတ်ချက်အား ကန့်ကွက်သည့်အနေဖြင့် နော်ဝေနိုင်ငံသံအမတ် Robert Kvile ကို ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနသို့ ဆင့်ခေါ်ခဲ့ကြောင်း သိရသည်။ (Xinhua)

…………………………….
(English Version)
Moscow declares 10 Norwegian diplomats personae non gratae
Russia has declared 10 diplomats working at the Norwegian embassy and military attache’s office in Moscow personae non gratae, the Russian Foreign Ministry said Wednesday.
Norwegian Ambassador Robert Kvile was summoned to the ministry in protest over Oslo’s decision to expel 15 Russian diplomats from the Russian Embassy in Norway and military attache’s office, the ministry said.
Xinhua News Agency correspondents reporting from Moscow. (XHTV)