Connect with us

Videos

ရုရှားနိုင်ငံ စိန့်ပီတာဘာ့ခ်မြို့တွင် ခေတ်ဟောင်း ယာဉ်ပြပွဲနှင့်အတူ ၃၂၀ ပြည့်မြောက် နှစ်ပတ်လည်နေ့အား ကျင်းပ

စိန့်ပီတာဘာ့ခ် ၊ မေ ၂၁ ရက်(ဆင်ဟွာ)

ရုရှားနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သည့် စိန့်ပီတာဘာ့ခ်မြို့၌ မေ ၂၀ ရက်တွင် ခေတ်ဟောင်း ယာဉ်ပြပွဲကြီးအား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။စိန့်ပီတာဘာ့ခ်မြို့လယ်၌ ရှားပါး ရှေးကျသောကားများ ၊ ကုန်တင်ကားများ ၊ ဘတ်စ်ကားများ အစရှိသော ရှားပါးကား အစီးရေ ၃၂၀ သည် စုရုံးကာ လမ်းများတစ်လျှောက် မောင်းနှင်လှည့်လည်ခဲ့ပြီး ပရိသတ်များ၏ အာရုံကို ဖမ်းစားခဲ့ကြောင်း သိရသည်။

စိန့်ပီတာဘာ့ခ်မြို့သည် ယခုလတွင် မြို့တည်ထောင်သည့် ၃၂၀ ပြည့်မြောက် နှစ်ပတ်လည်နေ့အား ကျင်းပလျက် ရှိသည်။ ခေတ်ဟောင်းကားပြပွဲ နှင့် စီတန်းလှည့်လည်မှုများသည် တရားဝင်အခမ်းအနားပွဲများအနက် တစ်ခုဖြစ်ကြောင်း သိရသည်။ (Xinhua)

#Russia #Vintage #VehicleShow #ရုရှားနိုင်ငံ #ခေတ်ဟောင်း #ယာဉ်ပြပွဲ
————————–
St. Petersburg celebrates 320th anniversary with vintage vehicle show
St. Petersburg, the second largest city in Russia, held a grand vintage vehicles show on Saturday.
320 rare old-fashioned cars, trucks, buses, trolleybuses, etc. gathered in the center of St. Petersburg and marched along the streets, feasting the audience’s eyes.
St. Petersburg celebrates its 320th anniversary this month. The vintage vehicles show and parade is one of the official celebration events.
Xinhua News Agency correspondents reporting from St. Petersburg, Russia. (XHTV)