Connect with us

Media

မွန်ဂိုလီးယားနိုင်ငံ တွင် National Book Festival ကျင်းပ

ဦလန်ဘာတာ၊ မေ ၂၇ ရက် (ဆင်ဟွာ)

စာပေဖတ်ရှုခြင်းနှင့် စာပေအပေါ် လူအများ၏ တန်ဖိုးထားမှုကို မြှင့်တင်ရန်ရည်ရွယ်ပြီး မွန်ဂိုလီးယားနိုင်ငံက ၃၃ ကြိမ်မြောက် National Book Festival ကို မေ ၂၆ ရက်တွင် စတင်ကျင်းပခဲ့သည်။

အဆိုပါပွဲတော်ကို ဦလန်ဘာတာမြို့ ရှိ ပြည်သူ့ရင်ပြင်တွင် သုံးရက်ကြာကျင်းပမည်ဖြစ်ပြီး မွန်ဂိုလီးယားနိုင်ငံတစ်ဝန်းလုံး၌ ကျင်းပမည်ဖြစ်သည်။ ပြပွဲ၌ ရှားပါးစာအုပ်များ ၊ ဓာတ်ပုံပြပွဲများနှင့် စာရေးဆရာများနှင့် စာဖတ်သူများ တွေ့ဆုံပွဲများ အပါအဝင် ယဉ်ကျေးမှုဆိုင်ရာ အခမ်းအနားများကို ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

စာအုပ်ထုတ်ဝေသူနှင့် စာရေးဆရာ ၅၀၀ ကျော်သည် ၎င်းတို့၏ လက်ရာများကို ပြည့်သူ့ရင်ပြင်တွင် ခင်းကျင်းပြသထားကြကြောင်း ပွဲစီစဉ်သူများထံမှ သိရသည်။
တစ်နှစ်လျှင် နှစ်ကြိမ်ကျင်းပသည့် အဆိုပါ စာအုပ် ပွဲတော်သည် နိုင်ငံ၏ အကြီးဆုံး စာအုပ်ပွဲတော်ဖြစ်ကြောင်း သိရသည်။ (Xinhua)

………………………………..
(English Version)
National Book Festival opens in Mongolia
Mongolia’s 33rd National Book Festival, with the theme “Let’s Read More,” kicked off on Friday to encourage reading and develop a public appreciation for literature.
The three-day festival is held at the central square in Ulan Bator, and will be celebrated throughout Mongolia. Cultural events will be organized, including exhibitions of rare books, photo exhibitions and meetings of writers and readers.
More than 500 book publishers and authors have set up pavilions in the square to display their works, according to the organizers.
The festival, which takes place twice a year, is the largest book event in the country.
Xinhua News Agency correspondents reporting from Ulan Bator. (XHTV)