Connect with us

Media

ပါလက်စတိုင်းတွင် ကျွဲနွားခြံမွေးတိရစ္ဆာန်ဈေးနှုန်းမြင့်မားမှုကြောင့် အိဒ်ပွဲတော်ပျော်ရွှင်မှု မှေးမှိန်

ရာမာလာ/ဂါဇာ၊ ဇွန် ၃၀ ရက် (ဆင်ဟွာ)

West Bank နှင့် ဂါဇာကမ်းမြောင်ဒေသတွင် ကျွဲနွားဈေးနှုန်းများ မြင့်တက်ပြီးနောက် ပါလက်စတိုင်းသားများ အနေဖြင့် အိဒ်ပွဲတော် (Eid al-Adha) ဆင်နွှဲရန် ကုန်ကျစရိတ်ကြီးမြင့်မှုဒဏ်ခံစားနေရကြောင်း သိရသည်။

West Bank ရှိ Nablus မြို့ရှိ လူထူထပ်သောကျွဲနွားဈေး၌ ဈေးရောင်းသူများက လပေးစနစ်ငွေပေးချေမှုကို လက်ခံလိုသည့်တိုင် မြင့်မားလှသော ဈေးနှုန်းများက ဝယ်သူအများကို တုံ့ဆိုင်းစေခဲ့သည်။

“ကျွန်တော်တို့ဒေသမှာ စီးပွားရေးအကျပ်အတည်းတွေ အမှန်တကယ်ခံစားနေရတာတော့ ကျွန်တော့် ကြိုးပမ်းအားထုတ်မှုတွေအားလုံးက မအောင်မြင်ဘူးဖြစ်နေတယ်” ဟု ယင်းဈေးရှိ ကုန်သည်တစ်ဦးဖြစ်သော ဟတ်ဆန်အာရာဖတ်က ဆင်ဟွာသို့ ပြောခဲ့သည်။ ၎င်းအနေဖြင့် ဆိတ် ၁၅ ကောင်သာရောင်းချနိုင်ခဲ့ကြောင်း ဖြည့်စွက်ပြောခဲ့သည်။

“ဒီနှစ်တော့ရှုံးပြီထင်တာပဲ” ဟု ၎င်းက စိတ်မကောင်းဖြစ်စွာ မြည်တမ်းခဲ့သည်။
ကျွဲနွားအစာစရိတ်များ ပိုမိုမြင့်မားလာ၍ တိရစ္ဆာန်ဈေးနှုန်းများမြင့်တက်လာခြင်းဖြစ်ကြောင်း၊ လွန်ခဲ့သောသုံးနှစ်အကြာက ကျွဲနွားအစာဈေးနှုန်းများမှာ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၀၀ ရှိရာမှ ယခုဆိုလျှင် ဒေါ်လာ ၇၀၀ ရှိကြောင်း ထိုဈေးရှိ နောက်ထပ်ကုန်သည်တစ်ဦးဖြစ်သော အီမတ်နိုဘန်နီက ပြောသည်။

“ဒီနှစ်မှာ ဝယ်ယူမှုတွေနည်းခဲ့တယ်။ ဒီဈေးကိုလာတဲ့သူတွေက ကြည့်သာကြည့်ပြီး မဝယ်ဘဲနဲ့ ဈေးနှုန်းကိုပဲ မေးကြတယ်” ဟု နိုဘန်နီက ဆိုသည်။ (Xinhua)

………………………………
(English Version)
Soaring livestock prices in Palestine dim joy of Eid
RAMALLAH/GAZA, June 28 (Xinhua) — The Palestinians have felt the pinch of a high cost of living as they celebrate the Muslim festival of Eid al-Adha, or the Feast of Sacrifice, after the prices of the livestock soared in the West Bank and Gaza Strip.
In a crowded livestock market in the West Bank city of Nablus, most of the visitors balked at the prohibitive prices even though vendors were willing to accept monthly installments.
“All my efforts have failed because the people are really suffering from economic crises in our territories,” Hassan Arafat, a merchant in the market, told Xinhua, adding that he had only sold five of his 15 sheep.
“It seems that I will incur losses this year,” he lamented.
Emad Nobani, another merchant in the market, attributed the soaring prices of sacrificial animals to the higher cost of fodder, noting that three years ago, the fodder price per ton was 400 U.S. dollars, now it stood at 700 dollars.
“The purchasing activities this year are weak. People come to the livestock market to watch and inquire about the prices without buying anything,” Nobani said.