Connect with us

Media

တရုတ်နိုင်ငံအစိုးရမှ မြန်မာနိုင်ငံသို့ ပံ့ပိုးကူညီသော COVID-19 ကာကွယ်ဆေးအကြိမ်ရေ (Doses) ၃သန်း မြန်မာနိုင်ငံသို့ ရောက်ရှိ

ရန်ကုန်၊ ဇွန် ၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ပံ့ပိုးကူညီသော COVID-19 ကာကွယ်ဆေးအကြိမ်ရေ (Doses) ၃ သန်း ရန်ကုန်မြို့သို့ ဇွန် ၇ ရက်တွင် ထပ်မံရောက်ရှိခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ဇွန် ၈ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

COVID-19 ရောဂါ စတင်ဖြစ်ပွားချိန်မှစ၍ တရုတ်နိုင်ငံအစိုးရသည် မြန်မာနိုင်ငံအတွက် COVID-19 ကာကွယ်ဆေး အကြိမ်ရေ ၆၄ သန်းနှင့် ကပ်ရောဂါကာကွယ်ရေးပစ္စည်းအများအပြားကို တိုက်ရိုက် သို့မဟုတ် တစ်ဆင့်ခံ ပံ့ပိုးပေးခဲ့ကြောင်း သိရသည်။

ထို့ပြင် တရုတ်နိုင်ငံအစိုးရက မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ကူးစက်နှုန်း၊ ပြင်းထန်သောရောဂါဖြစ်ပွားနှုန်းနှင့် သေဆုံးမှုနှုန်း လျှော့ချနိုင်ရန် အကူအညီပေးကာ တရုတ်-မြန်မာ အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်ရေးအတွက် တက်ကြွသည့်အခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
(Xinhua)