Connect with us

Videos

လုံခြုံရေးကောင်စီက ဆီးရီးယား နယ်စပ်ဖြတ်ကျော်ကယ်ဆယ်ရေးလုပ်ငန်းများ သက်တမ်းတိုးရေး မအောင်မြင်မှုအပေါ် ကုလသမဂ္ဂအကြီးအကဲ စိတ်ပျက်

ကုလသမဂ္ဂ ၊ ဇူလိုင် ၁၃ ရက်(ဆင်ဟွာ)

ဆီးရီးယားနိုင်ငံ၌ ကုလသမဂ္ဂ နယ်စပ်ဖြတ်ကျော် ကယ်ဆယ်ရေးလုပ်ငန်းများ ခွင့်ပြုချက် သက်တမ်းတိုးပေးရေး နှင့် ပတ်သက်၍ လုံခြုံရေးကောင်စီက သဘောတူညီချက် မရရှိခဲ့ခြင်းအား ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က စိတ်ပျက်ကြောင်း ကုလသမဂ္ဂ ပြောခွင့်ရပုဂ္ဂိုလ် Stephane Dujarric က ဇူလိုင် ၁၁ ရက်တွင် ပြောကြားခဲ့သည်။ဆီးရီးယားနိုင်ငံအတွင်းသို့ နယ်စပ်ဖြတ်ကျော်အကူအညီ ပေးပို့မှုဆိုင်ရာ လက်ရှိခွင့်ပြုချက်သည် ဇူလိုင် ၁၀ ရက်တွင် သက်တမ်းကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။ လုံခြုံရေးကောင်စီက ယင်းလုပ်ငန်းစဉ်အား သက်တမ်းတိုးမည့် ဆုံးဖြတ်ချက်မူကြမ်းနှစ်ရပ်အနက်မှ မူကြမ်းတစ်ရပ်အား အတည်ပြုရန် ဇူလိုင် ၁၁ ရက်တွင် ပျက်ကွက်ခဲ့ကြောင်း သိရသည်။ (Xinhua)
—————————-
UN chief “disappointed” by Security Council failure to extend Syria cross-border relief operations
UN Secretary-General Antonio Guterres is disappointed that the Security Council was not able to reach an agreement on extending the authorization of UN cross-border relief operations in Syria, UN spokesman Stephane Dujarric said on Tuesday.
The current authorization of cross-border aid deliveries into Syria expired on Monday, July 10. The Security Council failed on Tuesday to adopt either of the two draft resolutions that would have renewed the mechanism.
Xinhua News Agency correspondents reporting from UN Headquarters. (XHTV)