Connect with us

Media

ထိုင်းလွှတ်တော်အမတ်များက အောက်လွှတ်တော် ဥက္ကဋ္ဌ ရွေးချယ်

ဘန်ကောက်၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ၏ လွှတ်တော်နှစ်ရပ်ပါဝင်သော အမျိုးသားလွှတ်တော် ဥက္ကဋ္ဌဟောင်း ဝမ်မူဟာမက် နူအာမာသာ (Wan Muhamad Noor Matha) သည် လွှတ်တော်အတွင်း ပြိုင်ဘက်မရှိအမည်စာရင်းတင်သွင်းခံရပြီးနောက် ဇူလိုင် ၄ ရက်က အောက်လွှတ်တော်ဥက္ကဋ္ဌသစ်အဖြစ် ရွေးချယ်ခြင်းခံခဲ့ရကြောင်း သိရသည်။

Move Forward ပါတီ ခေါင်းဆောင် ပီတာ လင်ဂျာရိုအန်ရတ် (Pita Limjaroenrat) က ဝမ်နူအာကို အသစ်ရွေးကောက်ခံရသော အောက်လွှတ်တော်အစည်းအဝေး၌ လွှတ်တော်ဥက္ကဋ္ဌအဖြစ် အမည်စာရင်းတင်သွင်းခဲ့ခြင်းဖြစ်သည်။

ထိုင်းနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အောက်လွှတ်တော်ဥက္ကဋ္ဌသည် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌလည်း ဖြစ်သည်။ အဆိုပါရာထူးနေရာအတွက် ထိုင်းဘုရင်က အတည်ပြုပြီးနောက် အောက်လွှတ်တော်ဥက္ကဋ္ဌသစ်သည် ဝန်ကြီးချုပ်အသစ် ရွေးချယ်ရန် အောက်တော်လွှတ်တော်အမတ် ၅၀၀ ဦးနှင့် အထက်လွှတ်တော် ၂၅၀ ဦး စုစည်းထားသော လွှတ်တော်ပူးတွဲအစည်းအဝေး ခေါ်ယူမည်ဖြစ်သည်။

အသက် ၇၉ နှစ်အရွယ် ဝမ်မူဟာမက် နူအာမာသာသည် အောက်လွှတ်တော် ဥက္ကဋ္ဌအဖြစ် ၁၉၉၆ ခုနှစ်မှ ၂၀၀၀ ပြည့်နှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး ယခင်အစိုးရလက်ထက်က ပြည်ထဲရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးဝန်ကြီးဌာနနှင့် စိုက်ပျိုးရေးဝန်ကြီးဌာနများကို ဦးဆောင်ခဲ့သူဖြစ်သည်။ (Xinhua)

………………………………
(English Version)
Thailand MPs elect new House speaker
BANGKOK, July 4 (Xinhua) — Thailand’s former president of the bicameral National Assembly, Wan Muhamad Noor Matha, was elected as the new Speaker of the House of Representatives on Tuesday after his nomination for the position in the parliament was uncontested.
Pita Limjaroenrat, leader of the Move Forward Party, nominated Wan Noor in a parliamentary session where the newly elected 500-member lower house convened to elect its new speaker.
Under the Thai constitution, the House speaker will also be the president of the National Assembly. After the King has royally endorsed the position, the new House speaker will call a joint session of the parliament, comprising 500 MPs in the lower house and 250 senators in the upper house, to elect a new prime minister.
Wan Muhamad Noor Matha, 79, was previously Thailand’s House speaker from 1996 to 2000, and headed the interior ministry, transport ministry or agriculture ministry in previous governments.