Connect with us

Economy

တရုတ်နိုင်ငံ၏ နှစ်စဉ် မော်တော်ကားရောင်းချမှု အစီးရေ သန်း ၄၀ အထိ ရောက်ရှိမည်ဟု မျှော်မှန်းထား

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ် ကွမ်ကျိုးမြို့ဝန်းကျင်ရှိ အဝေးပြေးလမ်းမပေါ်၌ ယာဉ်ကြောပိတ်ဆို့မှုဖြစ်ပွားနေသည်ကို ၂၀၂၃ ခုနှစ် ဧပြီ ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရှန်ဟိုင်း၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ နှစ်စဉ်မော်တော်ကားရောင်းချမှုမှာ အစီးရေ သန်း ၄၀ ခန့်အထိ ရောက်ရှိမည်ဟု မျှော်မှန်းထားကြောင်း တရုတ်မော်တော်ကားထုတ်လုပ်သူများအသင်း ဒုတိယအမှုဆောင်ဥက္ကဋ္ဌနှင့် အထွေထွေအတွင်းရေးမှူး ဖူပင်းဖိန်က ပြောခဲ့သည်။အဆိုပါ ခန့်မှန်းချက်သည် တရုတ်နိုင်ငံ၏ များပြားလှသော လူဦးရေအခြေခံနှင့် အရင်းအမြစ်ကြွယ်ဝမှု စသည့် ကဏ္ဍများပေါ် အခြေခံထားခြင်းဖြစ်ကြောင်း ရှန်ဟိုင်းမြို့တွင်ပြုလုပ်သော ၂၀၂၃ ခုနှစ် တရုတ်မော်တော်ကားဖိုရမ်၌ ဖူက ပြောကြားခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံတွင် ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းအထိ လူဦးရေ ၁,၀၀၀ လျှင် မော်တော်ကား ၂၂၆ စီးရှိကြောင်း ဇူလိုင် ၅ ရက်မှစတင်၍ သုံးရက်ကြာပြုလုပ်သော အဆိုပါဖိုရမ်၌ ဖူက ပြောခဲ့သည်။

မော်တော်ကားလုပ်ငန်းတိုးတက်လာပြီး ၁၀ နှစ်ကျော်ကြာပြီးနောက် တရုတ်နိုင်ငံရှိ လူဦးရေ ၁,၀၀၀ လျှင် မော်တော်ကားပိုင်ဆိုင်မှုမှာ အစီးရေ ၄၀၀ အထိ ရောက်ရှိနိုင်ခြင်းကြောင့် ထိုသို့မျှော်မှန်းချက်မှာ ဖြစ်နိုင်ခြေမြင့်မားကြောင်း ဖူကဆိုသည်။ (Xinhua)

………………………………
China’s annual auto sales expected to peak at 40 mln units
SHANGHAI, July 6 (Xinhua) — China’s annual auto sales are expected to peak at around 40 million units, said Fu Bingfeng, executive vice-president and secretary general of the China Association of Automobile Manufacturers.
Fu said that the forecast was made at the 2023 China Auto Forum in Shanghai based on factors such as China’s large population basis and rich resources.
As of the end of 2022, there were 226 vehicles per 1,000 people in China, Fu said at the 3-day forum, which began on July 5.
Fu said it is highly possible that the country’s vehicle ownership per 1,000 people could reach 400 units after more than 10 years of industrial cultivation.
Photo: Heavy traffic is pictured on the expressway surrounding the city of Guangzhou, south China’s Guangdong Province, April 29, 2023. (Xinhua/Lu Hanxin)