Connect with us

Media

ပါကစ္စတန်နိုင်ငံ လာဟိုးမြို့တွင် မုတ်သုံမိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူသေဆုံးမှုနှင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပွား

လာဟိုး၊ ပါကစ္စတန်၊ ဇူလိုင် ၈ ရက် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ အရှေ့ပိုင်း လာဟိုးမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူသေဆုံးမှုများနှင့် အဆောက်အအုံပျက်စီးမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဇူလိုင် ၅ ရက်နှင့် ၆ ရက်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြို့ပေါ်၌ ရေကြီးရေလျှံမှုနှင့် နေရာများစွာရှိ အခြေခံအဆောက်အအုံများ ပျက်စီးမှုများ ဖြစ်ပွားခဲ့သည်။ ဇူလိုင် ၆ ရက်မတိုင်မီ ၂၄ နာရီအတွင်း လူ ၉ ဦးထက်မနည်းသေဆုံးကာ အခြားသူ ၁၀ ဦး ကျော်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသန္တရကယ်ဆယ်ရေးဌာနက သတင်းဖော်ပြထားသည်။

ပါကစ္စတန်နိုင်ငံ အရှေ့ပိုင်း ပန်ဂျပ်ပြည်နယ် မြို့တော် လာဟိုးတွင် ရွာသွန်းခဲ့သော မိုးရေချိန်မှာ ၂၉၁ မီလီမီတာရှိပြီး နှစ်ပေါင်း ၃၀ အတွင်း စံချိန်တင်မိုးရွာသွန်းခြင်းဖြစ်ခဲ့ကြောင်းနှင့် လူသေဆုံးရခြင်းအကြောင်းရင်းများမှာ ဓာတ်လိုက်ခြင်း၊ ရေနစ်သေဆုံးခြင်း သို့မဟုတ် အပျက်အစီးများကြား ပိမိခြင်းတို့ကြောင့်ဖြစ်ကြောင်း သိရသည်။

ပန်ဂျပ်ပြည်နယ်ရှိ အခြားဒေသများတွင်လည်း မိုးသည်းထန်စွာရွာမည်ဟု ခန့်မှန်းထားခဲ့သည်။ (Xinhua)

…………………………….
(English Version)
Heavy monsoon rain hits Pakistan’s Lahore
LAHORE, Pakistan, July 7 (Xinhua) — Torrential rains have hit Pakistan’s eastern city of Lahore, causing loss of human lives and properties.
The heavy rains on Wednesday and Thursday have caused urban flooding and damage to infrastructure in several areas. At least nine people were killed and over 10 others injured during the past 24 hours until July 6, local rescue department has reported, adding that the deceased persons died of electrocution, drowning or being buried in debris as the city witnessed 291 millimeters of rain, a 30-year record in the provincial capital of Pakistan’s eastern Punjab province.Pakistan’s weather agency has predicted heavy rainfall for other parts of the province.